Posts

Showing posts from February, 2020

မည်​မျှပင်​​အောက်​​ခြေသိမ်းလုပ်​လုပ်​မြင့်​မား​သောဘဝ​ရောက်​ရခြင်း၏လျှိုဝှက်​ချက်​။ လှ​ကေသွယ်​(အလှပြုပြင်​​ရေး) စိတ်​ထား​ပါ။စေတနာ​ကောင်းဖြင့်​မည်​မျှ​အောက်​ကျ​သောအလုပ်​ဖြစ်​​စေတန်​ပြန်​အကျိုးသက်​​ရောက်​မူရှိသည်​။ပတ်​ဝန်းကျင်​ကအထင်​​သေး​စေကာမူအကူအညီရရှိ​သောသူက​မေတ္တာပို့သမူ​ကြောင့်​ထိုသူတို့၏ဘဝသည်​တဖြည်းဖြည်းပြည့်​စုံလာသည်​။အထူးသဖြင့်​သက်​ကြီးသူတို့အားရို​သေသူ၊မိဘလုပ်​​ကျွေးသူ၊သန့်​ရှင်း​ရေးဝန်​ထမ်း၊သူနာပြုစ​သောသူတို့အပြင်​မိမိအလုပ်​ကိုတန်းဖိုးထားပြီအခြားသူတို့အားအကျိုးပြုသူ၊အလှပြုပြင်​​ပေးသူ၊ဆရာဆရာမတို့လည်းပါဝင်​သည်​။မည်​သည်​လုပ်​ငန်းလုပ်​ကိုင်​ပါ​စေ။သူတပါးမျက်​ရည်​မကျ​သောလုပ်​ငန်းတိုင်းသည်​လူထုအကျိုးပြုလုပ်​ငန်းဖြစ်​သည်​။အဓိကက​စေတနာပါ။ဤစာ​ရေးရခြင်းအ​ကြောင်းမှာလှ​ကေသွယ်​၏ညီမ၏ကူညီတတ်​​သောစိတ်​ထားကို​တွေ့၍စိတ်​ကူး​ပေါ်၍​ရေးသားဖြစ်​သွားသည်​။လှ​ကေသွယ်​ကိုကူညီတိုင်းမိမိထက်​မြင့်​မား​သောဘဝရပါ​စေဟုကူညီသူတိုင်းကိုဆု​ပေး​လေ့ရှိသည်​။မေတ္တာပို့​ပေးသည်​။ထို​ကြောင့်​​မေတ္တာပို့သသူတိုင်းလည်းလှ​ကေသွယ်​ထက်​မြင့်​မား​သောဘဝရကြသည်​။ပျော်​ရွှင်​သည်​။လှ​ကေသွယ်​ကတကိုယ်​တည်းမိုဘာမှသိပ်​မလိုအပ်​ပါ။အေးချမ်းစွာ​နေပြီလူ​တွေကိုမိမိတတ်​​သောပညာအားလုံးကိုအသုံးချပြီကူညီနိုင်​လျှင်​လူ​လောကတွင်​​နေထိုင်​ရကျိုးနပ်​သည်​။ပျော်​ရွှင်​မူများရှိရာလှ​ကေသွယ်​ကမ္ဘာမှချစ်​ခြင်းဖြင့်​သီကုံသည်​။ Every moment have permanent happy and peace. HLA KAY THWE(BEAUTY SCHOOL) 28-2-2020 FRIDAY 3:59PM PHONE -09978836585,09964688474 215,1FL, KYAIKKASAN RD, TAMWE, YANGON ,MYANMAR.

ဘီ​အေဆံထုံတုပြုလုပ်​နည်း။ လှ​ကေသွယ်​(အလှပြုပြင်​​ရေး) လှ​ကေသွယ်​တို့​ပျော်​ရွှင်​စွာဆံပင်​စများကိုလှပ​သောဘီ​အေဆံထုံးတုပြုလုပ်​ကြမယ်​။ပထမဦးစွာဆံပင်​စများကိုအလျား၁၂လက်​မအနံ၅လက်​မဖြစ်​​အောင်​ဆံပင်​ကိုဖြန့်​ခင်းပါ။ထို​နောက်​အလယ်​တွင်​၆လက်​မဖြစ်​​အောင်​အလျားထားပါ။ဆံပင်​ကို​ခေါက်​ပါ။အနံက၅လက်​မ​ပေါ့။၎င်းပုံစံချထား​သောဆံပင်​ကို​ကော်​ရည်​တွင်​နှစ်​ပြီအ​ခြောက်​လှမ်းပါ။ကော်​ရည်​ဆိုသည်​မှာ​ရေနှင့်​​ကော်​ရည်​​ပျော်​ရည်​ထဲသို့​ရေ​နွေး​လောင်းပြီအ​အေးခံထား​သောအရည်​ဖြစ်​သည်​။အ​ခြောက်​ခံဘီ​အေဆံထုံ၌ဆံပင်​​ချောအုပ်​ပါ။ဆို​ဆေးမည်းဖြန့်​ပါ။လှပ​သောဘီ​အေဆံထုံးကိုရရှိပါမည်​။ ဥာဏ်​ပညာအနည်းငယ်​တိုး၍ဗဟုသုတလည်းဖြစ်​စီးပွား​ရေးလုပ်​သူများတိုးပွား​စေရန်​ရည်​ရွယ်​လျက်​လှ​ကေသွယ်​ချစ်​ခြင်းဖြင့်​​ရေးဖွဲ့သည်​။ လှ​ကေသွယ်​(အလှပြုပြင်​​ရေး) Every moment have permanent happy and peace. HLA KAY THWE(BEAUTY SCHOOL) 28-2-2020 FRIDAY 11:39AM PHONE -09978836585,09964688474 215,1FL, KYAIKKASAN RD, TAMWE, YANGON ,MYANMAR.

ကိတ်​မုန့်​သားကျစ်​လစ်​ပြီ​လေမခိုရန်​ပြုလုပ်​နည်း။ လှ​ကေသွယ်​(အလှပြုပြင်​​ရေး) ကိတ်​မှုန့်​မဖုတ်​ခင်​​လေမခိုရန်​ဝါးတူဖြင့်​​မွေ​ပေးပါ။နှံစပ်​သွားရန်​၅မိနစ်​​မွေ​ပေး​နေပါ။ထိုအခါ​လေခိုမူမရှိပဲovenတွင်​မှုန့်​ဖုတ်​ရာ၌မှုန့်​သားကျစ်​​စေသည်​။ပညာပြည့်​ဝနှလုံးလှ​စေရန်​လှ​ကေသွယ်​ချစ်​ခြင်းဖြင့်​သီကုံသည်​။ လှ​ကေသွယ်​(အလှပြုပြင်​​ရေး) Every moment have permanent happy and peace. HLA KAY THWE(BEAUTY SCHOOL) 28-2-2020 FRIDAY 7:20AM PHONE -09978836585,09964688474 215,1FL, KYAIKKASAN RD, TAMWE, YANGON ,MYANMAR.

အာဟာရပြည့်​ဝပြီးကျန်းမာ​ရေးညီညွှတ်​​သောက​လေးများအကြိုက်​ကိန့်​မုန့်​ပွလုပ်​နည်း။ လှ​ကေသွယ်​(အလှပြုပြင်​​ရေး) ၁ဂရမ်​=၁၆ကျပ်​သား ဆန်​မှုန့်​-၄၅ဂရမ်​ ​ကောက်​ညှင်းမှုန့်​-၂၀ဂရမ်​ သကြား-၇၀ဂရမ်​ ကြက်​ဥ-၄လုံး နို့မှုန့်​-၁၅ဂရမ်​ ဆီ-၂၀ဂရမ်​ ပြုလုပ်​နည်း-ကြက်​ဥကိုအနှစ်​နှင့်​အကာခွဲပါ။ခွဲပုံမှာကြက်​ဥ၏အလယ်​ကိုဇွန်းဖြင့်​ပိုင်းပြီအနှစ်​ကိုကြက်​ဥအခွံတွင်​ထားခြင်းဖြင့်​အကာများခွက်​ထဲသို့​ရောက်​မည်​။ကြက်​ဥအနှစ်​ထဲသို့သကြား၃ပုံ၁ပုံထည့်​ပါ။မွေပါ။ဆီ၊ဆန်​မှုန့်​၊နို့မှုန့်​၊​ကာက်ညှင်းမှုန့်​​​ထည့်​ပါ။နို့မှုန့်​မရှိလျှင်​နွားနို့ထည့်​၍ရသည်​။ကြက်​ဥအကာကိုကျန်​သကြားအားလုံးထည့်​ပါ။မွှေ​ပေးပါ။တတ်​နိုင်​လျှင်​hand mixer ဝယ်​ပြီ​မွှေပါ။၃သောင်းဖြင့်​လျှပ်​စစ်​ပစ္စည်းဆိုင်​တွင်​ဝယ်​ယူနိုင်​သည်​။သို့မဟုတ်​ပါက​​ဈေးချို​သောစပရိန်​​မွေတံအသုံးပြုနိုင်​သည်​။ကြက်​ဥသားပွလာလျှင်​ခရင်​ပုံစံဖြစ်​လာမည်​။ကြက်​ဥအနှစ်​​ရောပါ။ovenမုန့်​ဖုတ်​စက်​ကိုကြိုတင်​ဖွင့်​ထားပါ။လှပ​သောပုံစံခွက်​ထဲသို့ထည့်​ပါ။အပူချိန်​၁၇၀°cတွင်​ ၃၅မိနစ်​ခန့်​ဖုတ်​ပါ။၎င်းကိတ်​မှုန့်​ကို၃ရက်​အတွင်းစားပါ။မကုန်​နိုင်​ပါကကိန့်​မှုန့်​ကိုအပိုင်းများလှီးပြီကိန့်​​ခြောက်​လုပ်​ပါ။၁၂၀°cတွင်​မိနစ်​၂၀ထားပါကကိန့်​​ခြောက်​ကိုရရှိသည်​။ကျန်းမာ​ရေးညီညွှတ်​​သောမုန့်​များဖြင့်​​လောကအလှဆင်​ရန်​လှ​ကေသွယ်​၏ချစ်​ခြင်းသီ​သောလက်​ဖြင့်​သီကုံးသည်​။ဤပညာရပ်​များသည်းအ​သေးစားစက်​မှုလက်​မှုလုပ်​ငန်း​မြောက်​ဥက္ကလာသင်​တန်းမဲ​ခေါင်​လန်​ချန်​ရန်​ပုံ​ငွေဖြင့်​အခမဲ့သင်​ယူ​လေ့လာ​သောပညာရပ်​မှာထုတ်​ယူ​ရေးသားသည်​။ ချစ်​ခြင်း​မေတ္တာဖြင့်​လှ​ကေသွယ်​​လောကကြီးကိုအလှဆင်​​နေသည်​။ လှ​ကေသွယ်​(အလှပြုပြင်​​ရေး) Every moment have permanent happy and peace. HLA KAY THWE(BEAUTY SCHOOL) 27-2-2020 THURSDAY 11:00PM PHONE -09978836585,09964688474 215,1FL, KYAIKKASAN RD, TAMWE, YANGON ,MYANMAR

အချိုမှုန့်​အစားထိုးဟင်းခတ်​မှုန့်​ပြုလုပ်​ကြမယ်​။ လှ​ကေသွယ်​(အလှပြုပြင်​​ရေး) ပဲစဉ့်​ငုံမှုန့်​-၃၀ကျပ်​သား ကြက်​သွန်​ဖြူ-၁၀ကျပ်​သား ကြက်​သွန်​နီ-၈ကျပ်​သား သကြား-၈ကျပ်​သား ဆား-၅ကျပ်​သား ပြုလုပ်​နည်းမှာပဲစဉ့်​ငုံ၊ကြက်​သွန်​ဖြူ၊ကြက်​သွန်​နီများကိုပါးပါးလှီးပါ။အ​ခြောက်​လှမ်းပါ။စီးပွားဖြစ်​ထုတ်​လုပ်​မည်​ဆိုပါကအ​ခြောက်​ခံစက်​ဝယ်​"ပါ။ရန်​ကုန်​ဘုန်းကြီးလမ်းရှိperfectဆိုင်​နှင့်​၂၇လမ်း၊၂၈လမ်းတို့တွင်​ဝယ်​ယူနိုင်​သည်​။၂သိန်း၃သောင်းဝန်းကျင်​ရှိသည်​။အ​ခြောက်​ခံပြီ​သောပဲစဉ့်​ငုံ၊ကြက်​သွန်​ဖြူ၊ကြက်​သွန်​နီကိုအမှုန့်​ကြိတ်​ပါ။ထို​နောက်​သကြား၊ဆား​ရောထည့်​ပါ။စီးပွားဖြစ်​ထုတ်​လုပ်​မည်​ဆိုပါက​ဈေးကွက်​အ​ခြေအ​နေ​လေ့လာပါ။ဆန်းသစ်​တီထွင်​ပါ။ထုတ်​ပိုးမူကိုဆန်းသစ်​ပြီ​အောင်​မြင်​​သောစီးပွား​ရေးလုပ်​ငန်းများ​ပေါ်​ပေါက်​ပါ​စေဟုလှ​ကေသွယ်​၏ချစ်​ခြင်းသီ​သောစာသားဖြင့်​ရည်​ရွယ်​လျက်​ လှ​ကေသွယ်​(အလှပြုပြင်​​ရေး) Every moment have permanent happy and peace. HLA KAY THWE(BEAUTY SCHOOL) 27-2-2020 THURSDAY 9:51PM PHONE -09978836585,09964688474 215,1FL, Kyaikkasan RD, TAMWE, YANGON ,MYANMAR.

သီးစုံဂျယ်​လီလုပ်​စားမယ်​။ လှ​ကေသွယ်​(အလှပြုပြင်​​ရေး) ​ရေ-၂ပိဿာ သကြား-၂၀ကျပ်​သား ဂျယ်​ရီ-၁၈ကျပ်​သား အချဉ်​ခဲ-အနည်းငယ်​ ဆား-အနည်းငယ်​ သစ်​သီး-အနည်းငယ်​လှီးထားပါ။ ​ရေအစားမိမိနှစ်​သက်​​သောသစ်​သီး​ဖျော်​ရည်​သုံးနိုင်​သည်​။ ပြုလုပ်​နည်း-​ရေကိုဆူပွက်​သည်​အထိကျိုပါ။သကြားတဝက်​ကိုထည့်​ကျိုပါ။ကျန်​သကြားကိုဂျယ်​လီမှုန့်​နှင့်​​မွေပါ။သကြားရည်​ကို​မွေလျက်​သကြားဂျယ်​လီမှုန့်​ထည့်​​မွေပါ။အချဉ်​ခဲထည့်​ပါ။ဆားထည့်​ပါ။သစ်​သီးထည့်​​မွေပါ။ဆူပွက်​လျင်​ပုံစံခွက်​ထဲ​လောင်းထည့်​ပါ။အ​အေးခံပြီးဂျယ်​ရီကို​ရေခဲ​သေတ္တာတွင်​ထည့်​ပါ။ကြိုက်​နှစ်​သက်​​သောအချိန်​တွင်​စားသုံးနိုင်​သည်​။ဂျယ်​ရီချစ်​သူများအတွက်​လှ​ကေသွယ်​ချစ်​ခြင်းဖြင့်​သီကုံးသည်​။ လှ​ကေသွယ်​(အလှပြုပြင်​​ရေး) Every moment have permanent happy and peace. HLA KAY THWE(BEAUTY SCHOOL) 27-2-2020 THURSDAY 8:21PM PHONE -09978836585,09964688474 215,1FL, KYAIKKASAN RD, TAMWE, YANGON ,MYANMAR.

လှ​ကေသွယ်​၏​ထောပတ်​နံသင်း​ပေါက်​​ပေါက်​ဆုပ်​လုပ်​နည်း​လေးလာပြီ​နော်​။ လှ​ကေသွယ်​(အလှပြုပြင်​​ရေး) ​ပြောင်းဖူး​ခြောက်​-၁ဗူး(နို့ဆီဗူး) သကြား-နို့ဆီဘူးတဝက်​ ​ထောပတ်​-ထမင်းစားဇွန်း၁ဇွန်း ပြုလုပ်​နည်းမှာထမင်း​ပေါင်းအိုးထဲသို့​ထောပတ်​ထည့်​ပါ။ထောပတ်​အရည်​​ပျော်​လျင်​​ပြောင်းဖူး​ခြောက်​ထည့်​ပါ။သကြားထည့်​ပါ။အဖုံဖုံပါ။၂မိနစ်​ကြာလျှင်​​ပြောင်းဖူး​ခြောက်​များသည်​​ထောပတ်​နံသင်း​သော​ပေါက်​​ပေါက်​ဆုပ်​ဖြစ်​သွားမည်​။ထိုအခါမီးပတ်​ပါ။ချို​မွှေး​ထောပတ်​နံသင်း​ပေါက်​​ပေါက်​ဆုပ်​များကိုစားချင်​စဖွယ်​​တွေ့ရမယ်​။ပြောင်းဖူး​ခြောက်​များကိုသိမ်​ကြီး​ဈေးတွင်​ဝယ်​ယူနိုင်​သည်​။အေးမြ​ပျော်​ရွှင်​​စေလို​သောရည်​ရွယ်​ချက်​ဖြင့်​လှ​ကေသွယ်​ချစ်​ခြင်းဖြင့်​သီကုံသည်​။ လှ​ကေသွယ်​(အလှပြုပြင်​​ရေး) Every moment have permanent happy and peace. HLA KAY THWE(BEAUTY SCHOOL) 26-2-2020 WEDNESDAY 9:32PM PHONE -09978836585,09964688474 215,1FL, KYAIKKASAN RD, TAMWE, YANGON ,MYANMAR.

နှမ်း​ယိုပြုလုပ်​နည်း။ကြွတ်​ရွလန်းဆန်းလျှာ​ပေါ်ဝဲလှ​ကေသွယ်​၏​နှမ်း​ယို​လေးလာပြီ​နော်​။ လှ​ကေသွယ်​(အလှပြုပြင်​​ရေး) ​ နှမ်းနို့ဆီဗူး၂ဗူး သကြား၁၂ဇွန်း(ထမင်းစား​ဇွန်း) ဆီ၂ဇွန်း(ထမင်းစားဇွန်း) ပြုလုပ်​ပုံ-​ခြောက်​​သွေ့​နေ​သောဇလုံးထဲသို့နှမ်းထ​ည့်​ပါ။မီးဖို၌​ခြောက်​​သွေ့​သောအိုးတင်​ပါ။သကြားထည့်​ပါ။အရည်​​ပျော်​ပြီဆူသွားပါကဆီထည့်​ပါ။ပြီး​နောက်​​နှမ်း​​​ကိုထည့်​ပါ။လျင်​မြန်​စွာ​မွှေပါ။လေး​ထောင့်​ပုံစံပြားကိုဆီကိုစုတ်​တံဖြင့်​သုတ်​ပါ။၎င်းအ​ပေါ်သို့​နှမ်း​ယို​လောင်းပါ။၎င်းပုံစံပြားအတိုင်း​နှမ်း​ယိုကိုဒလိမ်းတုံးလိမ်းပါ။ဓားဖြင့်​အကွက်​​ဖော်​ပါ။ထူးခြားချက်​မှာ​ရေလုံးဝမစိုဘဲ​ခြောက်​​သွေ့​သောဇလုံနှင့်​ဒယ်​အိုးသုံးခြင်းဖြစ်​သည်​။သို့မဟုတ်​ပါက​ရေသည်​​နှမ်း​ယိုကိုမာ​စေသည်​။အားလုံးလှ​ကေသွယ်​၏​နှမ်း​ယိုကြွပ်​ရွချို​မွေးများကိုအဆင့်​သင်​သုံးစွဲနိုင်​ပါသည်​။အားလုံး​ပျော်​ရွှင်​လှ​ကေသွယ်​ဆန္ဒပင်​။ Every moment have permanent happy and peace. HLA KAY THWE(BEAUTY SCHOOL) 26-2-2020 WEDNESDAY 8:59PM PHONE -09978836585,09964688474 215,1FL, KYAIKKASAN RD, TAMWE, YANGON ,MYANMAR.

လေးစားစရာ​ကောင်း​သောယာဉ်​ထိန်းရဲ​လေး။ လှ​ကေသွယ်​(အလှပြုပြင်​​ရေး) ဒီ​နေ့၂၆ရက်​၂လပိုင်း၂၀၂၀ခုနစ်​မနက်​၉နာရီအချိန်​က​ပေါ့။သမိုင်းတက္ကသိုလ်​က​ကျောင်းပြီးလို့လမ်းဖြတ်​ကူးတဲ့အချိန်​။တွေ့မြင်​လိုက်​​သောမြင်​ကွင်း​ကြောင့်​ကြည်းနူးသွားသည်​။ကျောင်းသား​တစ်​​ယောက်​​ကျောင်းတက်​ချိန်​မမှီ၍အ​ဖေဖြစ်​သူက​မော်​​တော်​ဆိုက်​ကယ်​ယာဉ်​ထိန်းရဲကိုလှမ်းအကူအညီ​တောင်းသည်​။ဆိုင်​ကယ်​​ပေါ်​ကျောင်းသားကိုစီး​စေပြီအခြားယာဉ်​ထိန်းရဲကိုလှမ်းပြီဖုန်းဆက်​ပြီ​ကျောင်းအမှီလိုက်​ပို့​ပေးသည်​။ထိုပြင်​လှ​ကေသွယ်​လည်းယာဉ်​ထိန်းရဲကူညီ​ပေးခြင်းခံရဘူးတယ်​။မဟာမြိုင်​မှတ်​တိုင်​သည်​ယာဉ်​သွားလာအလွန်​ရှုပ်​၍အန္တာရာယ်​လည်းများသည်​။လှ​ကေသွယ်​က​ဒူး​ခေါင်းအရွတ်​ကွာ​နေ၍လမ်းသိပ်​များများ​လျောက်​၍မရသည်​အပြင်​​လှေကားတက်​ဆင်းရာအလွန်​ခက်​သည်​။ထိုအခါလမ်းဖြတ်​ကူးရာ၌ယာဉ်​ထိန်းရဲတစ်​​ယောက်​ကူညီ​ပေးတာကြုံဖူးတယ်​။မြေနီကုန်းလစ်​လမ်းမှတ်​တိုင်​၌ယာဉ်​ထိန်းရဲသည်​အလွန်​ကူညီတတ်​ပြီအလုပ်​လုပ်​ရာအလွန်​​တော်​သည်​။နိုင်​ငံ​တော်​၌အလွန်​တန်းဖိုးရှိ​သောလူသားအရင်းအမြစ်​ဖြစ်​​သောယာဉ်​ထိန်းရဲများကိုအလွန်​​လေးစားသည်​။တန်​ဖိုးထားသည်​။ယာဉ်​ထိန်းရဲ၊ရဲ​မေ၏အလုပ်​ကိုအလွန်​တန်းဖိုးထားပြီဂုဏ်​ယူမိသည်​။လှ​ကေသွယ်​လည်းဤအလုပ်​ကိုငယ်​စဉ်​ကတည်းကအားကျခဲ့သည်​။ကူညီ​တတ်​​သောမြင်​ကွင်းကိုအစဉ်​ထာဝရမြင်​ချင်​သည်​။မြင်​မားပြီးလူတကာအားကျ​သောယာဉ်​ထိန်းရဲ၊ရဲ​မေများ​ပေါများကြပါ​စေ။ချစ်​ခြင်းများစွာဖြင့်​ လှ​ကေသွယ်​(အလှပြုပြင်​​ရေး) Every moment have permanent happy and peace. HLA KAY THWE(BEAUTY SCHOOL) 26-2-2020 WEDNESDAY 7:02PM PHONE -09978836585,09964688474 215,1FL, KYAIKKASAN RD, TAMWE, YANGON ,MYANMAR.

မေပဲနှမ်း​ယိုပြုလုပ်​နည်း။ကြွတ်​ရွလန်းဆန်းလျှာ​ပေါ်ဝဲလှ​ကေသွယ်​၏​မြေပဲနှမ်း​ယို​လေးလာပြီ​နော်​။ လှ​ကေသွယ်​(အလှပြုပြင်​​ရေး) ​မြေပဲနို့ဆီဗူး၁ဗူး နှမ်းနို့ဆီဗူး၁ဗူး သကြား၁၂ဇွန်း(ထမင်းစား​ဇွန်း) ဆီ၂ဇွန်း(ထမင်းစားဇွန်း) ပြုလုပ်​ပုံ-​ခြောက်​​သွေ့​နေ​သောဇလုံးထဲသို့ဒလှိမ်းတုံးဖြင့်​ကြိတ်​ထား​သော​မြေပဲထည့်​ပါ။မီးဖို၌​ခြောက်​​သွေ့​သောအိုးတင်​ပါ။သကြားထည့်​ပါ။သကြားအရည်​​ပျော်​ပြီဆူသွားပါကဆီထည့်​ပါ။ပြီး​နောက်​​မြေပဲနှင့်နှမ်း​​​ကိုထည့်​ပါ။လျင်​မြန်​စွာ​မွှေပါ။လေး​ထောင့်​ပုံစံပြားကိုဆီကိုစုတ်​တံဖြင့်​သုတ်​ပါ။၎င်းအ​ပေါ်သို့​မြေပဲနှမ်း​ယို​လောင်းပါ။၎င်းပုံစံပြားအတိုင်း​မြေပဲနှမ်း​ယိုကိုဒလိမ်းတုံးလိမ်းပါ။ဓားဖြင့်​အကွက်​​ဖော်​ပါ။ထူးခြားချက်​မှာ​ရေလုံးဝမစိုဘဲ​ခြောက်​​သွေ့​သောဇလုံနှင့်​ဒယ်​အိုးသုံးခြင်းဖြစ်​သည်​။သို့မဟုတ်​ပါက​ရေသည်​​မြေပဲနှမ်း​ယိုကိုမာ​စေသည်​။အားလုံးလှ​ကေသွယ်​၏​မြေပဲနှမ်း​ယိုကြွပ်​ရွချို​မွေးများကိုအဆင့်​သင်​သုံးစွဲနိုင်​ပါသည်​။အားလုံး​ပျော်​ရွှင်​လှ​ကေသွယ်​ဆန္ဒပင်​။ Every moment have permanent happy and peace. HLA KAY THWE(BEAUTY SCHOOL) 25-2-2020 TUESDAY 5:57PM PHONE -09978836585,09964688474 215,1FL, KYAIKKASAN RD, TAMWE, YANGON ,MYANMAR.

မြေပဲယိုပြုလုပ်​နည်း။ကြွတ်​ရွလန်းဆန်းလျှာ​ပေါ်ဝဲလှ​ကေသွယ်​၏​မြေပဲယို​လေးလာပြီ​နော်​။ လှ​ကေသွယ်​(အလှပြုပြင်​​ရေး) ​မြေပဲနို့ဆီဗူး၂ဗူး သကြား၁၂ဇွန်း(ထမင်းစား​ဇွန်း) ဆီ၂ဇွန်း(ထမင်းစားဇွန်း) ပြုလုပ်​ပုံ-​ခြောက်​​သွေ့​နေ​သောဇလုံးထဲသို့ဒလှိမ်းတုံးဖြင့်​ကြိတ်​ထား​သော​မြေပဲထည့်​ပါ။မီးဖို၌​ခြောက်​​သွေ့​သောအိုးတင်​ပါ။သကြားထည့်​ပါ။သကြားအရည်​​ပျော်​ပြီဆူသွားပါကဆီထည့်​ပါ။ပြီး​နောက်​​မြေပဲကိုထည့်​ပါ။လျင်​မြန်​စွာ​မွှေပါ။လေး​ထောင့်​ပုံစံပြားကိုဆီကိုစုတ်​တံဖြင့်​သုတ်​ပါ။၎င်းအ​ပေါ်သို့​မြေပဲယို​လောင်းပါ။၎င်းပုံစံပြားအတိုင်း​မြေပဲယိုကိုဒလိမ်းတုံးလိမ်းပါ။ဓားဖြင့်​အကွက်​​ဖော်​ပါ။ထူးခြားချက်​မှာ​ရေလုံးဝမစိုဘဲ​ခြောက်​​သွေ့​သောဇလုံနှင့်​ဒယ်​အိုးသုံးခြင်းဖြစ်​သည်​။သို့မဟုတ်​ပါက​ရေသည်​​မြေပဲယိုကိုမာ​စေသည်​။အားလုံးလှ​ကေသွယ်​၏​မြေပဲယိုကြွပ်​ရွချို​မွေးများကိုအဆင့်​သင်​သုံးစွဲနိုင်​ပါသည်​။အားလုံး​ပျော်​ရွှင်​လှ​ကေသွယ်​ဆန္ဒပင်​။ Every moment have permanent happy and peace. HLA KAY THWE(BEAUTY SCHOOL) 25-2-2020 TUESDAY 5:10PM PHONE -09978836585,09964688474 215,1FL, KYAIKKASAN RD, TAMWE, YANGON ,MYANMAR.

နည်းပညာ​လေးများထည့်​​ပေါင်းကြပါ။ လှ​ကေသွယ်​(အလှပြုပြင်​​ရေး) သစ်​သီးဝလံများကိုတိုက်​ရိုက်​​ရောင်းချခြင်းသည်​​ဈေးချိုသည်​။ပညာ​ပေါင်းစပ်​ပါ။ယိုပြုလုပ်​ခြင်း၊အ​ခြောက်​ခံခြင်း၊စားချင်​စဖွယ်​တီထွင်​မူ​ပေါင်းစပ်​ပါ။ထိုအခါသစ်​သီဝလံလည်းမပုပ်​သိုးပါ။အေးချမ်းစွာမိမိ၏စိုက်​ပျိုးထား​သောသစ်​သီးဝလံကို​ဈေး​ကောင်း​ကောင်းဖြင့်​​ရောင်းဝယ်​နိုင်​သည်​။ဥပမာအားဖြင့်​ထန်းပင်​​ပေါ​သောအညာ​ဒေသတွင်​ထန်းတက်​သူရှားသွားသည်​။ထန်းရည်​နှင့်​ပတ်​သက်​​သောနည်းပညာ​ပေါင်းစပ်​ပါကထန်းရည်​ကိုတစ်​နှစ်​ပတ်​လုံးထုတ်​နိုင်​သည်​။အညာ၏သ​င်္ကေတဖြစ်​​သောထန်းပင်​လည်းမ​ပျောက်​ကွယ်​​တော့​ချေ။အခြားစိုက်​ပျိုး​သောသီနှံလည်းတွဲလျက်​​အောင်​မြင်​​စေသည်​။မြန်​မာနိုင်​ငံတွင်​သစ်​သီးဝလံ​ပေါများသည်​။၎င်းတို့မှတဆင့်​တန်းဖိုးမြင့်​ပစ္စည်းထွက်​ရန်​နည်းပညာများ​ပေါင်းစပ်​ရန်​လိုအပ်​သည်​။ဤနည်းပညာများကိုမဲ​ခေါင်​လန်​ချန်​အထူးရန်​ပုံ​ငွေဖြင့်​​နေပြည်​​တော်​နှင့်​ရန်​ကုန်​တို့တွင်​အခမဲ့သင်​တန်းပို့ချ​ပေး​နေသည်​။ရန်​ကုန်​တွင်​​မြောက်​ဥက္ကလာမယ်​လမုဘုရားအနီးအ​သေးစားစက်​မူလက်​မူတွင်​ပညာသင်​ကြား​ပေးပါသည်​။ဤပညာရပ်​ကိုအ​ခွေများထုတ်​ခြင်း၊တိုက်​ရိုက်​​တောင်​သူဆီနည်းပညာပံ့ပိုးခြင်း၊စာမတတ်​သူပြည်​သူများအတွက်​လက်​​တွေ့ပြသခြင်း၊ချစ်​ခြင်း​မေတ္တာအရင်းခံ၍မိမိတို့၏ပြည်​သူကိုမိခင်​သဖွယ်​ကူညီအား​ပေးကြရမည်​။ထိုအခါ​တောင်​သူများချမ်းသာပါမြန်​မာနိုင်​ငံသည်​​ပျော်​စရာအတိပြည့်​စုံ​သောနိုင်​ငံဖြစ်​လာမည်​။ထို​ကြောင့်​နည်းပညာ​လေးများထည့်​​ပေါင်း​ပေးပါ။ဆင်းရဲချမ်းသာတူညီပြီ​ပျော်​ရွှင်​​သောကမ္ဘာ​လေးဖြစ်​ရန်​လှ​ကေသွယ်​ချစ်​ခြင်းဖြင့်​​ရေးသားသည်​။ Every moment have permanent happy and peace. HLA KAY THWE(BEAUTY SCHOOL) 17-2-2020 MONDAY 6:06PM PHONE -09978836585,09964688474 215,1FL, KYAIKKASAN RD, TAMWE, YANGON ,MYANMAR.

သြော်​အချစ်​ အချစ်​ လှ​ကေသွယ်​(အလှပြုပြင်​​ရေး) အချစ်​သည်​အရမ်းအံ့သြစရာ​ကောင်းသည်​။ ​ညီအစ်​မအချစ်​ပါ။ မိခင်​၏​သွေးများစီဆင်း​နေ​သောညီမ​လေးကိုချစ်​ခင်​သည်​။ သူမသည်​လူအများမတူပဲအမှားတွင်​​နေမည်​ဆိုပါ က​လှ​ကေသွယ်​လည်းအမှားတွင်​​နေမည်​။ အသက်​အန္တာရာယ်​နှင့်​ရင်​ဆိုင်​ရပါကလှ​ကေသွယ်​အသက်​​ပေးချစ်​မည်​။ ဒုက္ခကြုံတိုင်းသူမ၏​ရှေ့တွင်​ရင်​ဆိုင်​ကာကွယ်​​ပေးမည်​။လှ​ကေသွယ်​၏အစ်​မလည်းလှ​ကေသွယ်​ကိုဤအချစ်​အတိုင်းချစ်​သည်​။ထို​ကြောင့်​လှ​ကေသွယ်​လည်းညီမများနှင့်​​မောင်​​လေးကိုဤအစ်​မချစ်​သကဲ့သို့ချစ်​သည်​။လှ​ကေသွယ်​၏​မောင်​နှမများသည်​အိမ်​​ထောင်​ကိုယ်​စီ​ပေါ့။လှ​ကေသွယ်​က​တော့အပျိုစင်​ဘဝဖြစ်​တကိုယ်​တည်းပါ။လှ​ကေသွယ်​ကိုညီမ​လေးကလာ၍​စောင့်​​ရှောက်​သည်​။လှ​ကေသွယ်​သည်​ညီမ​လေးကိုအသက်​​လောကအချစ်​သည်​။အံသြစရာ​ကောင်းသည်​မှာထိုအချစ်​ပင်​။လှ​ကေသွယ်​ကညီမ​လေးကိုအသက်​​လောက်​ချစ်​သည်​။လှ​ကေသွယ်​ကချစ်​ရုံသာချစ်​တတ်​သည်​။ဘာမှမလုပ်​ကိုင်​​ပေးတတ်​ပါ။ညီမ​လေးကလှ​ကေသွယ်​၏အသက်​ကျန်းမာ​ရေးစီးပွား​ရေးလူမူ​ရေးအားလုံးတွင်​ကူညီသွားသည်​။ဒါ​တောင်​လှ​ကေသွယ်​၏စိတ်​တိုမူ​ဒေါသစ​သောစကားများထွက်​တတ်​သည်​။လှ​ကေသွယ်​သည်​မိမိဘာသာအံသြသွားသည်​။လှ​ကေသွယ်​၏ညီမသည်​လှ​ကေသွယ်​အ​ပေါ်ချစ်​​သောအချစ်​ကို​ပေါ့။လှ​ကေသွယ်​သည်​မနက်​မျက်​လုံးစပွင့်​ပွင့်​ချင်းအချိန်​နှင့်​အိပ်​ရာဝင်​မျက်​လုံး​နောက်​ဆုံးပိတ်​ချိန်​တွင်​ဆု​တောင်းတစ်​ခုဆုပန်​သည်​။လှ​ကေသွယ်​၏​မောင်​နှမနှင့်​​ကျေးဇူးရှင်​ဦး​လေးအ​ဒေါ်ဆရာများစ​သော​ကျေးဇူးရှိသူတိုင်းကို​မေတ္တာပို့သည်​။ကျေးဇူးဆပ်​နိုင်​ပါ​စေ။ဘုရားဖူးတိုင်းထိုဆုကိုပန်​သည်​။အံ့သြစရာပင်​။ထိုဆုကိုမနက်​တစ်​ခါညတစ်​ခါဆု​တောင်း​ပေမယ်​တခါတ​လေရန်​ဖြစ်​စကားများသည်​။ဘဝကြီးသည်​ထူးဆန်းသည်​။သြော်​အချစ်​  အချစ်​။ လှ​ကေသွယ်​(အလှပြုပြင်​​ရေး) Every moment have permanent happy and peace. HLA KAY THWE(BEAUTY SCHOOL) 15-2-2020 SATURDAY 7:12PM PHONE -09978836585,09964688474 215,1FL, KYAIKKASAN RD, TAMWE, YANGON ,MYANMAR. ​သြော်​အချစ်​ အချစ်​ လှ​ကေသွယ်​(အလှပြုပြင်​​ရေး) အချစ်​သည်​အရမ်းအံ့သြစရာ​ကောင်းသည်​။ ​ညီအစ်​မအချစ်​ပါ။ မိခင်​၏​သွေးများစီဆင်း​နေ​သောညီမ​လေးကိုချစ်​ခင်​သည်​။ သူမသည်​လူအများမတူပဲအမှားတွင်​​နေမည်​ဆိုပါ က​လှ​ကေသွယ်​လည်းအမှားတွင်​​နေမည်​။ အသက်​အန္တာရာယ်​နှင့်​ရင်​ဆိုင်​ရပါကလှ​ကေသွယ်​အသက်​​ပေးချစ်​မည်​။ ဒုက္ခကြုံတိုင်းသူမ၏​ရှေ့တွင်​ရင်​ဆိုင်​ကာကွယ်​​ပေးမည်​။လှ​ကေသွယ်​၏အစ်​မလည်းလှ​ကေသွယ်​ကိုဤအချစ်​အတိုင်းချစ်​သည်​။ထို​ကြောင့်​လှ​ကေသွယ်​လည်းညီမများနှင့်​​မောင်​​လေးကိုဤအစ်​မချစ်​သကဲ့သို့ချစ်​သည်​။လှ​ကေသွယ်​၏​မောင်​နှမများသည်​အိမ်​​ထောင်​ကိုယ်​စီ​ပေါ့။လှ​ကေသွယ်​က​တော့အပျိုစင်​ဘဝဖြစ်​တကိုယ်​တည်းပါ။လှ​ကေသွယ်​ကိုညီမ​လေးကလာ၍​စောင့်​​ရှောက်​သည်​။လှ​ကေသွယ်​သည်​ညီမ​လေးကိုအသက်​​လောကအချစ်​သည်​။အံသြစရာ​ကောင်းသည်​မှာထိုအချစ်​ပင်​။လှ​ကေသွယ်​ကညီမ​လေးကိုအသက်​​လောက်​ချစ်​သည်​။လှ​ကေသွယ်​ကချစ်​ရုံသာချစ်​တတ်​သည်​။ဘာမှမလုပ်​ကိုင်​​ပေးတတ်​ပါ။ညီမ​လေးကလှ​ကေသွယ်​၏အသက်​ကျန်းမာ​ရေးစီးပွား​ရေးလူမူ​ရေးအားလုံးတွင်​ကူညီသွားသည်​။ဒါ​တောင်​လှ​ကေသွယ်​၏စိတ်​တိုမူ​ဒေါသစ​သောစကားများထွက်​တတ်​သည်​။လှ​ကေသွယ်​သည်​မိမိဘာသာအံသြသွားသည်​။လှ​ကေသွယ်​၏ညီမသည်​လှ​ကေသွယ်​အ​ပေါ်ချစ်​​သောအချစ်​ကို​ပေါ့။လှ​ကေသွယ်​သည်​မနက်​မျက်​လုံးစပွင့်​ပွင့်​ချင်းအချိန်​နှင့်​အိပ်​ရာဝင်​မျက်​လုံး​နောက်​ဆုံးပိတ်​ချိန်​တွင်​ဆု​တောင်းတစ်​ခုဆုပန်​သည်​။လှ​ကေသွယ်​၏​မောင်​နှမနှင့်​​ကျေးဇူးရှင်​ဦး​လေးအ​ဒေါ်ဆရာများစ​သော​ကျေးဇူးရှိသူတိုင်းကို​မေတ္တာပို့သည်​။ကျေးဇူးဆပ်​နိုင်​ပါ​စေ။ဘုရားဖူးတိုင်းထိုဆုကိုပန်​သည်​။အံ့သြစရာပင်​။ထိုဆုကိုမနက်​တစ်​ခါညတစ်​ခါဆု​တောင်း​ပေမယ်​တခါတ​လေရန်​ဖြစ်​စကားများသည်​။ဘဝကြီးသည်​ထူးဆန်းသည်​။သြော်​အချစ်​  အချစ်​။ လှ​ကေသွယ်​(အလှပြုပြင်​​ရေး) Every moment have permanent happy and peace. HLA KAY THWE(BEAUTY SCHOOL) 15-2-2020 SATURDAY 7:12PM PHONE -09978836585,09964688474 215,1FL, KYAIKKASAN RD, TAMWE, YANGON ,MYANMAR.

ဆံပင်​​ကောက်​တံမသုံးဘဲဆံပင်​များ​အောင်​​ကောက်​နည်း။ လှ​ကေသွယ်​(အလှပြုပြင်​​ရေး) ဆံပင်​ကိုကျစ်​ဆံမြီး​သေးများကျစ်​ပါ။စကျစ်​​သောဆံပင်​ကို​သေချာစွာကျစ်​ပါ။ဆံပင်​ကိုအရင်းပိုင်းကိုင်​ကြည့်​လျှင်​မာ​နေမည်​။ဆံသားမာလျှင်​နာရီဝက်​ထားပါ။ကျစ်​ဆံမြီးမကျစ်​ခင်​ဆံပင်​အားလုံးကို​ကောက်​​ဆေးစွပ်​ပါ။ဆံသား​ပျော့လျှင်​၁နာရီထားပါ။အချို့မည်​သို့ကျစ်​ဆံမြီး​ကောက်​​ဆေး​ကောင်း​ကောင်းသုံး​ပေမယ်​မ​ကောက်​သည်​ကို​တွေ့ရမည်​။မ​ကြောက်​ပါနဲ့။ဗမာ​ကောက်​​ဆေးအဖြူ​ရောင်​ကိုသုံးပါ။ဗမာ​ကောက်​​ဆေးသည်​လတ်​ဆတ်​သည်​။ကောက်​သားလှသည်​။အနံပြင်းသည်​။အနံပြင်းသည်​ကိုမကြိုက်​ပါကဗမာ​ကောက်​​ဆေးနှင့်​နိုင်​ငံခြား​ကောက်​​ဆေး​ရောသုံးပါ။အန္တာရာယ်​မရှိပါ။ရဲရဲသုံးပါ။ချုပ်​​ဆေးသုံးရန်​မလိုပါ။ခေါင်းရည်​ပါ။ဆံပင်​သားမပျက်​ဆီးရန်​​ပေါင်းတင်​ပါ။ပြီမှပြန်​​ခေါင်း​လျော်​ပါ။အ​ခြောက်​ခံပါ။မိမိအိမ်​၌လည်း​ကောက်​၍ရသည်​။လှပ​သောဆံပင်​​ကောက်​များကိုရရှိမည်​။ဆံပင်​ပါးသူများအတွက်​အထူးသင့်​​လျော်​သည်​။ချစ်​ခြင်းသီ​သောလက်​ဖြင့်​လှ​ကေသွယ်​​ပျော်​ရွှင်​စွာသီကုံသည်​။ Every moment have permanent happy and peace. HLA KAY THWE(BEAUTY SCHOOL) 12-2-2020 WEDNESDAY 3:57PM PHONE -09978836585,09964688474 215,1FL, KYAIKKASAN RD, TAMWE, YANGON ,MYANMAR.

နားအ​ပေါက်​​ဖောက်​နည်း။ လှ​ကေသွယ်​(အလှပြုပြင်​​ရေး) နားကို​ဖောက်​လို​သော​နေရာ၌အရက်​ပျံပါ​သောဂွမ်းဖြင့်​သုတ်​ပါ။အမှတ်​အသားမှတ်​ပါ။နား​ဖောက်​​သေနတ်​ဖြင့်​​ဖောက်​ပါ။တချို့နား​ပေါက်​ကိုအုန်းဆီထည့်​သည်​။septidineအနီ​ဆေးထည့်​သည်​။တချို့ကတိုက်​ရိုက်​နားကပ်​ဝတ်​ဆင်​သည်​။ဤနည်းအတိုင်းမျက်​ခုံ၊ပါးစပ်​၊နှုတ်​ခမ်း၊ချက်​စ​သောကိုယ်​ခန္ဓာ​နေရာအနှံအပြား၌အ​ပေါက်​​ဖောက်​သည်​။ဆံပင်​မိက်​ကပ်​စ​သောအလှပြုပြင်​​ရေးနှင့်​သင်​တန်း​ကျောင်းဖွင့်​လိုသူများကို"လှ​ကေသွယ်​အလှပြုပြင်​​ရေးသင်​တန်း​ကျောင်းက"ကူညီ သင်​ကြား​ပေးပါသည်​။အောင်​မြင်​​ပျော်​ရွှင်​​လှ​ကေသွယ်​ဆန္ဒပင်​။ တည်​​နေရာ-အမှတ်​၂၁၅၊ပထမထပ်​၊ကျိုက္ကဆံလမ်း၊​ကျောက်​​မြောင်း၊တာ​မွေ၊ရန်​ကုန်​၊မြန်​မာနိုင်​ငံ ဖုန်း-၀၉၉၇၈၈၃၆၅၈၅၊၀၉၉၆၄၆၈၈၄၇၄။ ထာဝရစက္ကန့်​တိုင်း​ပျော်​ရွှင်​ကြပါ​စေ။ လှ​ကေသွယ်​(အလှပြုပြင်​​ရေး)

မျက်​​တောင်​​ကောက်​ပြီးမူလမျက်​​တောင်​ပြန်​လုပ်​နည်း။ လှ​ကေသွယ်​(အလှပြုပြင်​​ရေး) မျက်​​တောင်​​ကောက်​ပြီး​နောက်​မူလနဂိုမျက်​​တောင်​ပြန်​ဖြစ်​ပါကမျက်​​တောင်​​ကောက်​​ဆေးလိမ်းပါ။မျက်​​တောင်​ဘီးဖြင့်​ပြန်​ဖီးပါ။မျက်​​တောင်​ဘီးသည်​ခပ်​စိပ်​စိပ်​ဘီးဖြစ်​သည်​။ကောက်​​ဆေး​ကြောင့်​​ကောက်​သား​ပြေ​လျော့​စေသည်​။ဤနည်းသည်​မူလမျက်​​တောင်​ကိုပြန်​ရ​စေသည်​။အလှပြုပြင်​​ရေးခန်းမနှင့်​သင်​တန်း​ကျောင်းဖွင့်​လိုသူတိုင်းကို"လှ​ကေသွယ်​အလှပြုပြင်​​ရေးသင်​တန်း​ကျောင်း"မှကူညီ​ပေးသည်​။ အမှတ်​၂၁၅၊ကျိုက္ကဆံလမ်း၊​ကျောက်​​မြောင်း၊တာ​မွေ၊ရန်​ကုန်​၊မြန်​မာနိုင်​ငံ။ (​ကျောက်​​မြောင်း​ဈေးမှတ်​တိုင်​​ရှေ့) ဖုန်း-၀၉၉၇၈၈၃၆၅၈၅၊၀၉၉၆၄၆၈၈၄၇၄။ ထာဝရစက္ကန့်​တိုင်း​ပျော်​ရွှင်​ပါ​စေ။အောင်​မြင်​​သောအလှပြုပြင်​​ရေးဆိုင်​များ​အောင်​မြင်​​သောသူများဖြစ်​ရန်​ချစ်​ခြင်းဖြင့်​​ရေးသားသီကုံသည်​။ လှ​ကေသွယ်​(အလှပြုပြင်​​ရေး)

ဆံပင်​ပျက်​ဆီး​နေသူများအတွက်​​ကောင်းမွန်​​သောဆံပင်​ကိုရရှိ​အောင်​လုပ်​နည်း။ လှ​ကေသွယ်​(အလှပြုပြင်​​ရေး) ဆံသား​ပြောင်း​ဆေးကိုဆံပင်အားလုံးတွင်​သုတ်​လိမ်းပါ။ထူးခြားသည်​မှာဆံပင်​ကိုဆက်​တိုက်​နှိပ်​နယ်​​ပေးရင်​ဆံသားတဖြည်းဖြည်း​ကောင်းမွန်​လာသည်​။ထိုနည်းပညာမျိုးစုံကိုသင်​ကြား​ပေးသည်​သင်​တန်း​ကျောင်းမှာလှ​ကေသွယ်​အလှပြုပြင်​​ရေးသင်​တန်း​ကျောင်းဖြစ်​ပါသည်​။ အမှတ်​၂၁၅၊ကျိုက္ကဆံလမ်း၊​ကျောက်​​မြောင်း၊တာ​မွေ၊ရန်​ကုန်​၊မြန်​မာနိုင်​ငံ။(​ကျောက်​​မြောင်း​ဈေးမှတ်​တိုင်​​ရှေ့) ဖုန်း-၀၉၉၇၈၈၃၆၅၈၅၊၀၉၉၆၄၆၈၈၄၇၄ ထာဝရစက္ကန့်​တိုင်း​ပျော်​ရွှင်​ကြပါ​စေ။

ကောက်​လိပ်​တစ်​ခု​ကောက်​နည်း၆၄မျိုးရှိရာဆံပင်​​ကောက်​ရာ၌အဓိကအ​ရေးကြီး​သောအချက်​သုံးချက်​။ လှ​ကေသွယ်​(အလှပြုပြင်​​ရေး) ဆံပင်​​ကောက်​ရာတွင်​ ဆံပင်​တင်းတင်းဖြင့်​​ကောက်​တံတွင်​ချည်​ခြင်း။ ဆံပင်​​ကောက်​တံဖြင့်​လိပ်​ပြီး​နောက်​ထပ်​မံ၍တင်း​စေရန်​မနာ​အောင်​ဆံပင်​ထပ်​မံဆွဲနည်း ဆံပင်​​လိပ်​စတွင်​ဆံပင်​ကိုသတိထားပြီး​ကောက်​တံအသွင်းသို့ထည့်​လိပ်​ပါ။ ဤအချက်​ကို​မည်​သည်​​ကောက်​နည်းသုံးသည်​ဖြစ်​​စေအသုံးပြုပါ။ဆံပင်​​ကောက်​နည်းရာနှင့်​ချီရှိရာ​ကောက်​နည်းသင်​ပါက"လှ​ကေသွယ်​အလှပြုပြင်​​ရေးသင်​တန်း​ကျောင်း"ရှိပါသည်​။လိပ်​စာကအမှတ်​၂၁၅၊ကျိုက္ကဆံလမ်း၊​ကျောက်​​မြောင်း၊တာ​မွေ၊ရန်​ကုန်​၊မြန်​မာနိုင်​ငံ(​ကျောက်​​မြောင်း​ဈေးမှတ်​တိုင်​​ရှေ့)ဖြစ်​သည်​။ဆက်​သွယ်​ရန်​ဖုန်းမှာ၀၉၉၇၈၈၃၆၅၈၅၊၀၉၉၆၄၆၈၈၄၇၄တို့ဖြစ်​သည်​။လစဉ်​ပညာဒါနသင်​တန်း၊ရက်​တိုနှင့်​လစဉ်​သင်​တန်းရှိသည်​။ထာဝရစက္ကန့်​တိုင်း​ပျော်​ရွှင်​ပါ​စေ။

လွယ်​ကူလျင်​မြန်​တစ်​ချက်​ညှပ်​ဆံပင်​စတက်​စတိုင်​။ လှ​ကေသွယ်​(အလှပြုပြင်​​ရေး) ဆံပင်​အားလုံးကိုဦး​ခေါင်းထိပ်​တည့်​တည့်​စုစည်းပါ။သား​ရေပင်​စည်းပါ။မိမိလိုချင်​​သောအတိုင်းအရှည်​တွင်​သား​ရေပင်​စည်းပါ။ကတ်​​ကြေးဖြင့်​တည့်​တည့်​ညှပ်​ပါ။သို့မဟုတ်​စက်​ကတ်​​ကြေးဖြင့်​တည့်​တည့်​ညှပ်​ပါ။ဤသို့ညှပ်​ခြင်းသည်​စတက်​ဆံပင်​ကိုဘာ​ကြောင့်​ရပါသနည်း။သ​ဘောတရားမှာဆံပင်​ထိပ်​၏နီး​သောဆံပင်​သည်​တိုသည်​။ဆံပင်​ထိပ်​နှင့်​​ဝေး​သောဆံပင်​သည်​ရှည်​သည်​။ဤနည်းသည်​တစ်​ချက်​ညှပ်​စတိုင်​ဖြစ်​သည်​။ဆံပင်​ညှပ်​နည်းမျိုးစုံကိုလွယ်​ကူလျင်​မြန်​စွာသင်​ကြား​ပေး​နေ​သော"လှ​ကေသွယ်​အလှပြုပြင်​​ရေးသင်​တန်း​ကျောင်း"ရှိသည်​။လိပ်​စာမှာအမှတ်​၂၁၅၊ပထမထပ်​၊ကျိုက္ကဆံလမ်း၊​ကျောက်​​မြောင်း၊တာ​မွေ၊ရန်​ကုန်​၊မြန်​မာနိုင်​ငံဖြစ်​သည်​။မှတ်​တိုင်​မှာ​"​ကျောက်​​မြောင်း​ဈေးမှတ်​တိုင်​"ဖြစ်​သည်​။ဆက်​သွယ်​ရန်​ဖုန်းမှာ၀၉၉၇၈၈၃၆၅၈၅၊၀၉၉၆၄၆၈၈၄၇၄ တို့ဖြစ်​ပါသည်​။အောင်​မြင်​​ပျော်​ရွှင်​​သောဘဝကိုပိုင်​ဆိုင်​ချင်​ပါကလှ​ကေသွယ်​အလှပြုပြင်​​ရေးသင်​တန်း​ကျောင်းတက်​ပါဟုအကြံပြုပါသည်​။ထာဝရစက္ကန့်​တိုင်း​ပျော်​ရွှင်​ပါ​စေ။

ပိုက်​ဆံ၁သောင်းငါး​ထောင်​ဖြင့်​ဆံထုံးထုံးဖွဲ့ကြပါစို့။ လှ​ကေသွယ်​(အလှပြုပြင်​​ရေး) ဂွ(၅,၈)-၁၅၀၀ကျပ်​ ကလစ်​-၁၅၀၀ကျပ်​ ဘီး-၁၀၀၀ကျပ်​ ကလစ်​ကြီး၈​ချောင်း-၁၅၀၀ကျပ်​ အပူ​ပေးစက်​(dryer)-၅၀၀၀ကျပ်​ ​ကော်​ရည်​-၂၀၀၀ကျပ်​ ပိုက်​​သေးတစ်​ဒါဇင်​-၁၀၀၀ကျပ်​ ပိုက်​ကြီးတစ်​ခု-၁၀၀၀ကျပ်​ နည်းပညာသည်​အ​ရေးကြီးသည်​။ ဆံထုံးထုံးဖွဲ့မူကိုအ​ခြေခံမှအဆင့်​မြင့်​သင်​တန်းရှိပါသည်​။ တည်​​နေရာ-လှ​ကေသွယ်​အလှပြုပြင်​​ရေးသင်​တန်း​ကျောင်း အမှတ်​၂၁၅/ပထမထပ်​/ကျိုက္ကဆံလမ်း/​ကျောက်​​မြောင်း/တာ​မွေ/ရန်​ကုန်​/မြန်​မာနိုင်​ငံ (​ကျောက်​​မြောင်း​ဈေးမှတ်​တိုင်​​ရှေ့) ဖုန်း-၀၉၉၇၈၈၃၆၅၈၅/၀၉၉၆၄၆၈၈၄၇၄ သင်​တန်း​ကြေး-၅သောင်း/၁သိန်း/၂သိန်းအထိသင်​တန်းထိရှိသည်​။

ပိုက်​ဆံငါး​သောင်းဖြင့်​​ရွေးလျားအလှပြင်​ဆိုင်​ဖွင့်​၍ဝန်​​ဆောင်​မူ​ပေးနိုင်​​သော​ခေတ်​​ရောက်​ရှိ​နေပါပြီ။ လှ​ကေသွယ်​(အလှပြုပြင်​​ရေး) ဆံပင်​ညှပ်​ဖို့ကလစ်​၊ခြုံထည်​၊ကတ်​​ကြေး၊ဂွကတ်​​ကြေး၊​ဖော့၊​ရေဗူး၊တို့လိုအပ်​သည်​။ ကလစ်​၁၀ခု-၁၅၀၀ကျပ်​ ခြုံထည်​-၁၅၀၀ကျပ်​ ကတ်​​ကြေး​ကောင်း-၅၀၀၀ကျပ်​ ဂွကတ်​​ကြေး​ကောင်း-၅၀၀၀ကျပ်​ ​ဖော့-၁၀၀ကျပ်​ ​ရေဗူး-၈၀၀ကျပ်​ဖြင့်​၁၃၉၀၀ကျပ်​သာကုန်​ကျသည်​။ ဆံပင်​​ကောက်​မည်​ဆိုပါက ​ကောက်​တံ(အ​သေး၎ဒါဇင်​၊အလတ်​၄ဒါဇင်​၊အကြီး၎ဒါဇင်​)-၆ထောင်ကျပ်​ တူ​ကောက်​တံတစ်​ထုပ်​-၁ထောင်ကျပ်​ စပလိန်​​ကောက်​တံ-၄ထုပ်​-၄ထောင်ကျပ်​ ​ကောက်​​ဆေး(မြန်​မာ)-၁ထောင်ကျပ်​ နိုင်​ငံခြား​ကောက်​​ဆေးဘူးလတ်​-၄ထောင်ကျပ်​ဖြင့်​စုစု​ပေါင်း၁သောင်း၆ထောင်ကျပ်သာကုန်​ကျမည်​။ ဆံပင်​​ဖြောင့်​မည်​ဆိုပါက ဆံပင်​​ဖြောင့်​​ဆေး၁ဗူး​ဆေး-၇ထောင်ကျပ်​ တုန်​​ဆေး-၈ထောင်ကျပ်​ ​ဆံပင်​​ပေါင်း​ဆေး-၅ထောင်ကျပ်​ အ​ရောင်​ပုလင်း(ခရမ်း၊မ​ဟော်​ဂနီ)၁ထောင်၎ရာကျပ်​ ဆံပင်​​ဖြောင့်​စက်​-၁သောင်း၅ထောင်ကျပ်​ အပူခံ​ဆေး-၂ထောင်ကျပ်​ဖြင့်​စုစု​ပေါင်း၃သောင်း၈ထောင်၎ရာကျပ်​ကုန်​ကျမည်​။ဤ​ငွေအားလုံးကိုတပြိုက်​တည်းဝယ်​စရာမလိုပါ။ဆံပင်​ညှပ်​လိုက်​​ငွေစုလိုက်​ဖြင့်​ပိုက်​ဆံများကိုဆံပင်​နှင့်​ဆိုင်​​သောပစ္စည်းများဝယ်​စုပါ။တဖြည်းဖြည်းပစ္စည်းများစုံလင်​သွားပါမည်​။ဆံပင်နှင့်ပတ်​သောအတတ်​ပညာ၊မိတ်​ကပ်​ဆံထုံးစ​သောအတတ်​ပညာများသင်​ကြား​ပေး​သောလှ​ကေသွယ်​အလှပြုပြင်​​ရေးသင်​တန်း​ကျောင်းရှိပါသည်​။ပညာဒါန​ကျောင်းဖြစ်​၍သင်​တန်း​ကြေး၁သိန်းကျပ်​ဖြစ်​သည်​။ငွေ​ကြေးအခက်​အခဲရှိပါက​ရွေးလျားအလှပြင်​ဆိုင်​ဖွင့်​ရန်​ပစ္စည်းများဌားရမ်း​ပေးပါသည်​။မျက်​နှာ​ပေါင်းတင်​၊ဆံပင်​​ပေါင်းတင်​၊ဆံပင်​ဆံသား​ပြောင်း၊အ​ရောင်​အမျိုးမျိုးခြယ်​သခြင်းဆံပင်​အ​ရောင်​အမျိုးမျိုးဆိုးခြင်း၊မျက်​ခုံးတက်​တူးနှုတ်​ခမ်းအ​ရောင်းသွင်းမှဲ့တပ်​၊လက်သည်းအလှဆင်​​​စသည်​အလှအပဆိုင်​ရာပညာရပ်​မျိုးစုံကိုထည့်​သွင်းသင်​ကြား​ပေးပါသည်​။ တည်​​နေရာ-လှ​ကေသွယ်​အလှပြုပြင်​​ရေးသင်​တန်း​ကျောင်း အမှတ်​၂၁၅/ပထမထပ်​/ကျိုက္ကဆံလမ်း/​ကျောက်​​မြောင်း/တာ​မွေ/ရန်​ကုန်​/မြန်​မာနိုင်​ငံ ဖုန်း၀၉၉၇၈၈၃၆၅၈၅/၀၉၉၆၄၆၈၈၄၇၄ အလှပြင်​ဆိုင်​ဖွင့်​လှစ်​ရန်​အိမ်​ခန်းတိုက်​ခန်းဌားရမ်းလို​သောသင်​တန်းသူများအတွက်​အကျိုး​ဆောင်​​ပေးသည်​။