ဂူ​ပေါက်​ဥပမာဖြင့်​နိဗ္ဗာန်​​ရောက်​​ကြောင်းဝိပဿနာရူကြစို့။ လှ​ကေသွယ်​(အလှပြုပြင်​​ရေး) ဤဝိပဿနာတရားသည်​လူမျိုးဘာသာမ​ရွေးအသက်​၃နှစ်​အထက်​လူတိုင်းကျင့်​ကြံနိုင်​​သောတရားဖြစ်​သည်​။ဂူ​ပေါက်​၆​ပေါက်​ဥပမာဖြင့်​တင်​စားပါရ​စေ။ဂူ​ပေါက်​​၆​ပေါက်​သည်​မြင်​စိတ်​၊ကြားစိတ်​၊နံစိတ်​၊အရသာစိတ်​၊ပူ​အေးယားယံစ​သောအထိအ​တွေ့စိတ်​၊မှတ်​သားတတ်​​သောစိတ်​နှင့်​အလားတူညီသည်​။ဂူ​ပေါက်​၅​ပေါက်​ကိုပိတ်​ပြီမှတ်​သားတတ်​​သောဂူ၁​ပေါက်​ကိုသာဖွင့်​ထားပါ။ထိုအခါဂူ​ပေါက်​အတွင်းရှိ​သောသတ္တဝါဖမ်းနိုင်​သကဲ့သို့နိဗ္ဗာန်​ကို​မျက်​​မှောက်​ပြုနိုင်​မည်​။မိမိ၏စိတ်​ကိုဝမ်းဗိုက်​​ပေါ်တွင်​အာရုံပြုလျက်​ဝမ်းဗိုက်​​ဖောင်းလျှင်​"​ဖောင်းတယ်​"မှတ်​ပါ။ဝမ်းဗိုက်​မှာ​လေထွက်​သွားကာပိန်​သွားလျှင်​"ပိန်​တယ်​"မှတ်​ပါ။ဤအမှတ်​၂ခုသည်​ဂူ​ပေါက်​၁ခုဖွင့်​သကဲ့သို့ပင်​တိုင်​မှတ်​ပါ။မြင်​လျှင်​"မြင်​တယ်​"မှတ်​ပါ။ကြားလျှင်​"ကြားတယ်​"မှတ်​ပါ။အနံ​မွေးခြင်းနံခြင်းများကို"နံတယ်​"မှတ်​ပါ။အရသာချိုချဉ်​ဖန်​ခါးအလိုက်​"ချိုတယ်​""ချဉ်​တယ်​"စသည်​ဖြင့်​အရသာအလိုက်​မှတ်​ပါ။အထိအ​တွေ့သ​ဘောယားယံခြင်း၊​ညောင်းကိုက်​ခြင်း၊အပူအ​အေးထုံကျင်​မူများအ​လျောက်​"ယားယံတယ်​""ကိုက်​တယ်​""ထုံသည်​"စသည်​ဖြင့်ေ​ဝဒနာအ​လျောက်​ရူပါ။ပြီးလျှင်​ပင်​တိုင်​သက်​​စောင့်​စိတ်​"​ဖောင်းတယ်​""ပိန်​တယ်​"မှတ်​သားပါ။ခန္ဓာကိုယ်​ကိုမိမိသက်​သာ​သောပုံစံဖြင့်​​နေထိုင်​ပြီးစိတ်​တစ်​ခုသာဖွင့်​၍အာရုံ၅ပါး၏ဖြစ်​ခြင်းပျက်​ခြင်းကိုမှတ်​သားပါ။အသစ်​​သောဖြစ်​ခြင်း​နောက်​တွင်​ပျက်​ခြင်းတို့သည်​ထပ်​ချပ်​မကွာလိုက်​သည်​။မမြဲ​သောအနိစ္စကိုပြသ​စေသည်​။ထိုပြင်​ကိုယ်​ခန္ဓာတွင်​မှတ်​သား​သော"စိတ်​"နှင့်​"ရုပ်​"သာရှိသည်​။ထိုအခါ"ငါ"ဟူ​သောအတ္တစွဲ​ပျောက်​​စေသည်​။ရုပ်​နာမ်​ဖြစ်​ပျက်​မူကို​စောင့်​ကြည့်​​သောပညာဟူ​သောမဂ်​စိတ်​​ကြောင့်​နိဗ္ဗာန်​တံခါးသည်​ပွင့်​သွားသည်​။ဂူ​ပေါက်​၆​ပေါက်​တွင်​၅​ပေါက်​ပိတ်​၍၁​ပေါက်​ကိုဇွဲသန်​စွာစူးစိတ်​ကြည့်​လျက်​ထွက်​လာ​သောသား​ကောင်​ကိုမလွတ်​​အောင်​ကြိုးပမ်းသကဲ့သို့နိဗ္ဗာန်​ရရန်​အစဉ်​ကြိုးစားပါ။မိုးကုတ်​ဆရာ​တော်​ဘုရားကြီးသည်​မနက်​ဝိပဿနာအားထုတ်​လျှင်​ညပိုင်းနိဗ္ဗာန်​​ရောက်​နိုင်​သည်​ဟုဆိုထားတယ်​။ဝိပဿနာတရားအားထုတ်​လျှင်​အဓိကအားဖြင့်​စိတ်​တည်​ငြိမ်​​အေချမ်း​စေသည်​။မိမိ၏​လောဘ၊​ဒေါသ၊​မောဟ၊​ပေးကမ်း​သောအ​လောဘ၊​မေတ္တာထား​သောအ​ဒေါသစ​သောစိတ်​ကိုနားလည်​ပြီ​လောကဓံတရားများကို​အေးချမ်းစွာဖြတ်​​ကျော်​နိုင်​မည်​ဟုလှ​ကေသွယ်​၏ကိုယ်​​တွေ့ကိုအ​ခြေခံပြီးချစ်​ခြင်းဖြင့်​သီကုံသည်​။ လှ​ကေသွယ်​(အလှပြုပြင်​​ရေး) Every moment have permanent happy and peace. HLA KAY THWE(BEAUTY SCHOOL) 1-8-2020 SATURDAY 10:46AM PHONE -09978836585,09964688474. 215,1FL, KYAIKKASAN RD, TAMWE, YANGON ,MYANMAR.








ဂူ​ပေါက်​ဥပမာဖြင့်​နိဗ္ဗာန်​​ရောက်​​ကြောင်းဝိပဿနာရူကြစို့။
လှ​ကေသွယ်​(အလှပြုပြင်​​ရေး)
ဤဝိပဿနာတရားသည်​လူမျိုးဘာသာမ​ရွေးအသက်​၃နှစ်​အထက်​လူတိုင်းကျင့်​ကြံနိုင်​​သောတရားဖြစ်​သည်​။ဂူ​ပေါက်​၆​ပေါက်​ဥပမာဖြင့်​တင်​စားပါရ​စေ။ဂူ​ပေါက်​​၆​ပေါက်​သည်​မြင်​စိတ်​၊ကြားစိတ်​၊နံစိတ်​၊အရသာစိတ်​၊ပူ​အေးယားယံစ​သောအထိအ​တွေ့စိတ်​၊မှတ်​သားတတ်​​သောစိတ်​နှင့်​အလားတူညီသည်​။ဂူ​ပေါက်​၅​ပေါက်​ကိုပိတ်​ပြီမှတ်​သားတတ်​​သောဂူ၁​ပေါက်​ကိုသာဖွင့်​ထားပါ။ထိုအခါဂူ​ပေါက်​အတွင်းရှိ​သောသတ္တဝါဖမ်းနိုင်​သကဲ့သို့နိဗ္ဗာန်​ကို​မျက်​​မှောက်​ပြုနိုင်​မည်​။မိမိ၏စိတ်​ကိုဝမ်းဗိုက်​​ပေါ်တွင်​အာရုံပြုလျက်​ဝမ်းဗိုက်​​ဖောင်းလျှင်​"​ဖောင်းတယ်​"မှတ်​ပါ။ဝမ်းဗိုက်​မှာ​လေထွက်​သွားကာပိန်​သွားလျှင်​"ပိန်​တယ်​"မှတ်​ပါ။ဤအမှတ်​၂ခုသည်​ဂူ​ပေါက်​၁ခုဖွင့်​သကဲ့သို့ပင်​တိုင်​မှတ်​ပါ။မြင်​လျှင်​"မြင်​တယ်​"မှတ်​ပါ။ကြားလျှင်​"ကြားတယ်​"မှတ်​ပါ။အနံ​မွေးခြင်းနံခြင်းများကို"နံတယ်​"မှတ်​ပါ။အရသာချိုချဉ်​ဖန်​ခါးအလိုက်​"ချိုတယ်​""ချဉ်​တယ်​"စသည်​ဖြင့်​အရသာအလိုက်​မှတ်​ပါ။အထိအ​တွေ့သ​ဘောယားယံခြင်း၊​ညောင်းကိုက်​ခြင်း၊အပူအ​အေးထုံကျင်​မူများအ​လျောက်​"ယားယံတယ်​""ကိုက်​တယ်​""ထုံသည်​"စသည်​ဖြင့်ေ​ဝဒနာအ​လျောက်​ရူပါ။ပြီးလျှင်​ပင်​တိုင်​သက်​​စောင့်​စိတ်​"​ဖောင်းတယ်​""ပိန်​တယ်​"မှတ်​သားပါ။ခန္ဓာကိုယ်​ကိုမိမိသက်​သာ​သောပုံစံဖြင့်​​နေထိုင်​ပြီးစိတ်​တစ်​ခုသာဖွင့်​၍အာရုံ၅ပါး၏ဖြစ်​ခြင်းပျက်​ခြင်းကိုမှတ်​သားပါ။အသစ်​​သောဖြစ်​ခြင်း​နောက်​တွင်​ပျက်​ခြင်းတို့သည်​ထပ်​ချပ်​မကွာလိုက်​သည်​။မမြဲ​သောအနိစ္စကိုပြသ​စေသည်​။ထိုပြင်​ကိုယ်​ခန္ဓာတွင်​မှတ်​သား​သော"စိတ်​"နှင့်​"ရုပ်​"သာရှိသည်​။ထိုအခါ"ငါ"ဟူ​သောအတ္တစွဲ​ပျောက်​​စေသည်​။ရုပ်​နာမ်​ဖြစ်​ပျက်​မူကို​စောင့်​ကြည့်​​သောပညာဟူ​သောမဂ်​စိတ်​​ကြောင့်​နိဗ္ဗာန်​တံခါးသည်​ပွင့်​သွားသည်​။ဂူ​ပေါက်​၆​ပေါက်​တွင်​၅​ပေါက်​ပိတ်​၍၁​ပေါက်​ကိုဇွဲသန်​စွာစူးစိတ်​ကြည့်​လျက်​ထွက်​လာ​သောသား​ကောင်​ကိုမလွတ်​​အောင်​ကြိုးပမ်းသကဲ့သို့နိဗ္ဗာန်​ရရန်​အစဉ်​ကြိုးစားပါ။မိုးကုတ်​ဆရာ​တော်​ဘုရားကြီးသည်​မနက်​ဝိပဿနာအားထုတ်​လျှင်​ညပိုင်းနိဗ္ဗာန်​​ရောက်​နိုင်​သည်​ဟုဆိုထားတယ်​။ဝိပဿနာတရားအားထုတ်​လျှင်​အဓိကအားဖြင့်​စိတ်​တည်​ငြိမ်​​အေချမ်း​စေသည်​။မိမိ၏​လောဘ၊​ဒေါသ၊​မောဟ၊​ပေးကမ်း​သောအ​လောဘ၊​မေတ္တာထား​သောအ​ဒေါသစ​သောစိတ်​ကိုနားလည်​ပြီ​လောကဓံတရားများကို​အေးချမ်းစွာဖြတ်​​ကျော်​နိုင်​မည်​ဟုလှ​ကေသွယ်​၏ကိုယ်​​တွေ့ကိုအ​ခြေခံပြီးချစ်​ခြင်းဖြင့်​သီကုံသည်​။
လှ​ကေသွယ်​(အလှပြုပြင်​​ရေး)
Every moment have permanent happy and peace.
HLA KAY THWE(BEAUTY SCHOOL)
1-8-2020
SATURDAY
10:46AM
PHONE -09978836585,09964688474.
215,1FL, KYAIKKASAN RD, TAMWE, YANGON ,MYANMAR.


Comments

Popular Posts

Hla Kay thwe beauty school မည်သည့်ဆံပင်အတိုအရှည်မဆိုကျပ်၂သောင်းဖြင့်lazer ဖြင့်ဆံပင်‌ဖြောင့်‌ပေးသည်။ ညှပ်- ယောကျာ်,မိန်းမ ၊ ကောက် ၊‌ဖြောင့်၊ဆေးဆိုး၊ ဆံထုံး 150မျိုး၊နားဖောက်၊မျက်ေ‌တာင်‌ကောက်၊မျက်ခုံးတက်တူး၊မိတ်ကပ်၊နှုတ်ခမ်းလှိုင်ဖော်၊ဆံပင်ဆက်ပေးခြင်း၊ ဆေးဆိုးနည်းအမျိုးမျိုး၊digital စက်ဖြင့်‌ကောက်နည်းအမျိုးမျိုး၊အပူ‌ချောင်းဖြင့်‌ကောက်‌ပေးခြင်း၊highlight ဖောက်ပေးခြင်း၊လက်သည်းပန်းချီ၊ပန်းအိုးထိုးနည်း၊ ဆံပင်ကို ကျိတ်စက်ဖြင့်လှိုင်းအတွန့်တွန့်ပြုလုပ်ပေးခြင်း၊မျက်နှာဆေးနည်းအမျိးမျိုး၊ခေါင်းလျော်နည်းအမျိုးမျိုး ၊မျက်နှာပေါင်းတင်နည်း ပုလဲ ၊ကျေက်၊ရွေ ၊ ရေညှိ ။ ပညာဒါန သင်တန်း-1သိန်းခွဲ။ ဘာသာစုံ - 3သိန်း3‌ေသာင်း one by one 215, 1st floor, kyaikkasan road ,kyauk myaung, tamwe township, yangon.ph -09978836585. 09985224921

Hla Kay thwe beauty school မည်သည့်ဆံပင်အတိုအရှည်မဆိုကျပ်၂သောင်းဖြင့်lazer ဖြင့်ဆံပင်‌ဖြောင့်‌ပေးသည်။ ညှပ်- ယောကျာ်,မိန်းမ ၊ ကောက် ၊‌ဖြောင့်၊ဆေးဆိုး၊ ဆံထုံး 150မျိုး၊နားဖောက်၊မျက်ေ‌တာင်‌ကောက်၊မျက်ခုံးတက်တူး၊မိတ်ကပ်၊နှုတ်ခမ်းလှိုင်ဖော်၊ဆံပင်ဆက်ပေးခြင်း၊ ဆေးဆိုးနည်းအမျိုးမျိုး၊digital စက်ဖြင့်‌ကောက်နည်းအမျိုးမျိုး၊အပူ‌ချောင်းဖြင့်‌ကောက်‌ပေးခြင်း၊highlight ဖောက်ပေးခြင်း၊လက်သည်းပန်းချီ၊ပန်းအိုးထိုးနည်း၊ ဆံပင်ကို ကျိတ်စက်ဖြင့်လှိုင်းအတွန့်တွန့်ပြုလုပ်ပေးခြင်း၊မျက်နှာဆေးနည်းအမျိးမျိုး၊ခေါင်းလျော်နည်းအမျိုးမျိုး ၊မျက်နှာပေါင်းတင်နည်း ပုလဲ ၊ကျေက်၊ရွေ ၊ ရေညှိ ။ ပညာဒါန သင်တန်း-1သိန်းခွဲ။ ဘာသာစုံ - 3သိန်း3‌ေသာင်း ။one by one ။ 215, 1st floor, kyaikkasan road ,kyauk myaung, tamwe township, yangon.ph -09978836585. 09985224921