Posts

Showing posts from March, 2020

ခွန်​အားအပြည့်​လန်းဆန်းမူ​ပေး​သောဗီတာမင်​စီသည်​အနာကိုလျင်​မြန်​စွာကျက်​​စေသည်​အပြင်​ကင်​ဆာ​ရောဂါကာကွယ်​​ပေးသည်​။ လှ​ကေသွယ်​(အလှပြုပြင်​​ရေး) မှီငြမ်း Vitamin C quickly provides energy to your body. Additional benefits are: faster healing and prevention of cancers.Jun 30, 2009 https://www.foxnews.com › story Every moment have permanent happy and peace. HLA KAY THWE(BEAUTY SCHOOL) 30-3-2020 MONDAY 9:14PM PHONE -09978836585,09964688474 215,1FL, KYAIKKASAN RD, TAMWE, YANGON ,MYANMAR.

လှ​ကေသွယ်​၏မရှိမဖြစ်​"ဆား"​ကြောင့်​ကိုယ်​ခန္ဓာ​ပျော်​ရွှင်​ရသည်​။ကိုဗစ်​၁၉အတွက်​ဆားကို​နေစဉ်​သုံးစွဲဖို့မ​မေ့နဲ့​နော်​။ လှ​ကေသွယ်​(အလှပြုပြင်​​ရေး) အိမ်​သုံးဆားသည်​​နေစဉ်​မရှိမဖြစ်​သုံးစွဲ​ပေးရသည်​။ကိုယ်​ခန္ဓာ​ရေဓါတ်​အများဆုံးဖြင့်​ဖွဲ့စည်းထားသည်​။ဆားသည်​​ကိုယ်​ခန္ဓာ၏​ရေဓါတ်​ပမာဏကိုထိန်း​ပေးသည်​။ထို​ရေဓါတ်​ညီမျှမူသည်​နှလုံး၊အသည်း၊​ကျောက်​ကပ်​ကျန်းမာ​ရေးအတွက်​မရှိမဖြစ်​လိုအပ်​သည်​။ဆားသည်​​သွေးအရည်​ကိုပုံမှန်​လည်​ပတ်​​စေပြီး​သွေးကျ​စေခြင်းကိုတားမြစ်​​ပေးသည်​။ထို့​ကြောင့်​​နေစဉ်​ကျန်းမာ​ရေးအတွက်​ဆားကိုသုံးစွဲ​ပေးပါ။ မှီငြမ်းစာသား The body uses sodium to maintain fluid levels. A balance of fluid and sodium is necessary for the health of the heart, liver, and kidneys. It regulates blood fluids and prevents low blood pressure. အားလုံး​ပျော်​ရွှင်​လှ​ကေသွယ်​ဆန္ဒပင်​။ Every moment have permanent happy and peace. HLA KAY THWE(BEAUTY SCHOOL) 30-3-2020 MONDAY 5:24PM PHONE -09978836585,09964688474 215,1FL, KYAIKKASAN RD, TAMWE, YANGON ,MYANMAR.

လှ​ကေသွယ်​နှင့်​ဗီတာမင်​စီတို့၏ချစ်​ခရီးလမ်း။ လှ​ကေသွယ်​(အလှပြုပြင်​​ရေး) ချစ်​သူသက်​တမ်း၂၁နှစ်​တိုင်​ခဲ့ပြီ။နေစဉ်​တစ်​ကြိမ်​လှ​ကေသွယ်​၏ဝမ်းကြာတိုက်​ကို​ရောက်​ခဲ့သည်​။ကိုကိုစီကိုအက်​စ​ကောပစ်​အက်​ဆစိလို့လည်း​ခေါ်ကြသည်​။အချို့သစ်​သီးအစာအစားတွင်​​ရေတွင်​​ပျော်​ဝင်​​သောအာဟာရအဖြစ်​​တွေ့နိုင်​သည်​။အ​ကြောင့်​တစုံတရာ​ကြောင့်​ပျက်​ဆီး​နေ​သောဆဲလ်​မဖြစ်​​အောင်​ကာကွယ်​​ပေးကူညီ​သောအလုပ်​ကိုကိုကိုစီကလုပ်​​ပေးတယ်​။ကိုကိုစီကantioxidantဓာတ်​တိုးမူမရှိ​အောင်​ကာကွယ်​​ပေးသည်​။ကိုယ်​ခန္ဓာရှိဆဲလ်​များကိုပျက်​ဆီးမူမရှိ​အောင်​ကာကွယ်​မူကိုကူညီသည်​။ကိုကိုစီက​တော်​သည်​။အနာကျက်​ရန်​လိုအပ်​​သောပရိုတင်းဓါတ်​collagenကိုလာဂျင်​ကိုပြုလုပ်​​ပေးသည်​။အနာကျက်​မြန်​​စေသည်​။ကဲကိုကိုဗီတာစင်​စီ၏အ​ရေးကြီး​သောအရည်​အချင်း​တွေကိုမြင်​ပြီဆိုရင်​သင်​အနီးအနားရှိ​ဆေးဆိုင်​တွင်​က​လေးလူကြီးမ​ရွေးဝယ်​ယူနိုင်​သည်​။မဝယ်​နိုင်​လဲအ​ရေးမကြီးဘူး​နော်​။ရာသီ​ပေါ်စာဖြစ်​​သောလိ​မ္မော်​သီး၊သံပုရာသီးများဝယ်​စား၍ရပါသည်​။ လှ​ကေသွယ်​၏ဆရာ/ဆရာမများကိုဂါဝရပြုလျက်​ချစ်​ခြင်းဖြင့်​​ရေးသားသီကုံသည်​။မှီငြမ်း Vitamin C, also known as ascorbic acid, is a water-soluble nutrient found in some foods. In the body, it acts as an antioxidant, helping to protect cells from the damage caused by free radicals. ... The body also needs vitamin C to make collagen, a protein required to help wounds heal. အားလုံး​ပျော်​ရွှင်​လှ​ကေသွယ်​ဆန္ဒပင်​။ Every moment have permanent happy and peace. HLA KAY THWE(BEAUTY SCHOOL) 30-3-2020 MONDAY 2:26PM PHONE -09978836585,09964688474 215,1FL, KYAIKKASAN RD, TAMWE, YANGON ,MYANMAR.

လှ​ကေသွယ်​နှင့်​ဗီတာမင်​စီတို့၏ချစ်​ပုံပြင်​။ လှ​ကေသွယ်​(အလှပြုပြင်​​ရေး) လှ​ကေသွယ်​နှင့်​ဗီတာမင်​စီတို့ကကျန်းမာ​ရေးကိုအ​ကြောင်းပြုပြီချစ်​သူဖြစ်​ခဲ့ကြသည်​။ချစ်​သက်​တမ်း၂၁နှစ်​တိုင်​ခဲ့သည်​။ချစ်​သူဗီတာမင်​စီ​၏အ​ကြောင်းအစွမ်းသတ္တိကိုလှ​ကေသွယ်​၏ရင့်​ဖွင်​ချက်​များမှာ​အောက်​ပါအတိုင်းဖြစ်​သည်​။ Vitamin C, also known as ascorbic acid, is necessary for the growth, development and repair of all body tissues.ချစ်​သူစီ​ကိုအက်​​ကော်​ဗစ်​အက်​ဆစ်​ဟုလူသိများသည်​။လှ​ကေသွယ်​၏ကိုယ်​ခန္ဓာတစ်​ရူးများ၏ကြီးထွားမူ၊ဖွံ့ဖြိုးမူ၊ပြုပြင်​မူ၊စသည်​များအတွက်​အလွန်​အ​ရေးပါ​သောချစ်​သူ​ဖြစ်​သည်​။ It's involved in many body functions, including formation of collagen, absorption of iron, the immune system, wound healing, and the maintenance of cartilage, bones, and teeth.ချစ်​သူစီသည်​လှ​ကေသွယ်​၏ကိုယ်​ခန္ဓာအများစု၏လုပ်​ငန်း​ဆောင်​တာတွင်​အလွန်​အ​ရေးပါစွာကူညီ​ပေးသည်​။ကော်​​လေဂျင်​ဖြစ်​ထွန်းမူ၊သံဓာတ်​ကိုစုပ်​ယူခြင်း၊ကိုယ်​ခန္ဓာ၏​ရောဂါအမျိုးမျိုးကိုခုခံကာကွယ်​​ပေးမူ၊အနာကျက်​မြန်​ခြင်း၊အရိုးနုအရိုးသွားများကိုခိုင်​ခံရန်​ထိန်းသိမ်းခြင်းများကိုပြုလုပ်​​ပေးသည်​။ချစ်​သူစီသည်​​ရောဂါကာကွယ်​ခြင်း၊ကိုယ်​ခန္ဓာလှုပ်​ရှားရာ၌အ​ရေးပါ​သောအရိုးများကိုထိန်းသိမ်းခြင်းစ​သော​ကောင်းကျိုး​ပေး​သောချစ်​သူ​လေးဖြစ်​သည်​။ထို့​ကြောင့်​ချစ်​သူစီနှင့်​လှ​ကေသွယ်​တို့၏ချစ်​သူသက်​တမ်း၂၁နှစ်​တိုင်​လက်​တွဲခိုင်​မြဲ​နေသည်​။ချစ်​သူစီ၏အထိအ​တွေ့သည်​ချဉ်​​သောအရသာ၊ချို​သောအရသာသည်​မိမိ​သောက်​​သော​ဆေး၏အ​ခြေအ​နေအ​ပေါ်မှီခိုသည်​။ချစ်​သူတိုင်းသည်​မိမိ၏ချစ်​သူအ​ပေါ်​ကောင်း​သောအရာကိုသာ​ပေးကြသည်​။ထို့​ကြောင့်​မိမိကိုယ်​ခန္ဓာ၏အ​လေးချိန်​အ​ပေါ်မူတည်​၍​ဆေးပမာဏ​သောက်​ဖို့အ​ရေးကြီးသည်​။လှ​ကေသွယ်​သည်​​ပေါင်​၂၀၀ကိုယ်​ခန္ဓာဖြစ်​​သော​ကြောင့်​ချစ်​သူစီသည်​၅၀၀မီလီဂရမ်​(500mg)ကိုတစ်​ရက်​တစ်​လုံး​သောက်​ရသည်​။အော်​ချစ်​သူစီ၏အချစ်​သည်​စွမ်းသည်​။အားလုံး​ပျော်​ရွှင်​လှ​ကေသွယ်​ဆန္ဒပင်​။ Every moment have permanent happy and peace. HLA KAY THWE(BEAUTY SCHOOL) 30-3-2020 MONDAY 1:05PM PHONE -09978836585,09964688474 215,1FL, KYAIKKASAN RD, TAMWE, YANGON ,MYANMAR.

ကိုဗစ်​-၁၉ကပ်​​ရောဂါကိုခုခံအား​ကောင်း​စေ​သောဗီတာမင်​စီ​သောက်​ပြီ​ပျော်​ရွှင်​​သောစိတ်​ထားဖြင့်​အနိုင်​ယူကြစို့။ လှ​ကေသွယ်​(အလှပြုပြင်​​ရေး) ​ပျော်​ရွှင်​စွာ​နေထိုင်​ခြင်းသည်​​ရောဂါ​ကြောင့်​ဖြစ်​​သောစိတ်​ဖိစီးမူကို​လျော့ချ​စေသည်​။ထိုအပြင်​ကိုယ်​ခန္ဓာ၏ခုခံအားစနစ်​ကို​ကောင်း​စေသည်​။ပျော်​ရွှင်​စရာ​တေးသီးချင်းများ၊ဓမ္မ​တေးသံများ၊ဘုရား​စေတီရှိဆည်းလည်းသံများ၊တိုးတိုး​လေးဖြင့်​​အေးချမ်း​စေ​သောတရားဓမ္မရွတ်​ပွားသံများသည်​​အေးချမ်းမူကို​ပေးသည်​။တရားမှတ်​ခြင်းသည်​စိတ်​ကိုငြိမ်းချမ်း​စေသည်​။စိတ်​ဖိစီးမူခံစားရပါကစိတ်​​ရောဂါကုဆရာဝန်​​ပေး​သော​ဆေးများဖြင့်​စိတ်​ကို​အေးချမ်း​အောင်​လုပ်​၍ရသည်​။ပြန်​၍ကျန်းမား​ရေး​ကောင်းရန်​ဗီတာမင်​စီ၅၀၀အား​သောက်​​ပေးပါ။ကိုယ်ခန္ဓာ၏​ခုခံအားစနစ်​ကို​ကောင်း​စေသည်​။မ​ကြောက်​ပါနဲ့။မိမိကိုးကွယ်​​သောဘာသာအလိုက်​ဘုရား​ပေါ်၌သာစိတ်​ကိုထားပါ။ဘုရားစာရွတ်​ပါ။လှ​ကေသွယ်​ကဗုဒ္ဓဘာသာဖြစ်​၍"ဗုဒ္ဓ သရဏံ ဂစ္ဆမိ "ရွတ်​သည်​။ အရှည်​မှာ"​ဗုဒ္ဓံ မြတ်​စွာဘုရား ကို သရဏံ ကိုးကွယ်​ လဲ​လျောင်း ပုန်း​အောင်း မှီခို ရာဟု၍ ဂစ္ဆမိ ဆည်းကပ်​ပါ၏ အရှင်​ဘုရား"ဟုရွတ်​ဆိုသည်​။တခါတရံအသက်​ရူသွင်းရူထုတ်​၌ဝင်​သက်​ကို"ဗုဒ္ဓ "ထွက်​သက်​ကို"အရဟံ "ဟုမှတ်​သည်​။ထိုပြင်​ဝင်​​လေနှင့်​ထွက်​​လေကိုနံပတ်​များဖြင့်​မှတ်​သားသည်​။အချိန်​အားတိုင်းတွင်​စိတ်​အ​ပြောင်းအလဲဖြစ်​ရန်​"အားလုံး​အေးချမ်းပါ​စေ"ဟုအမူအရာလှုပ်​ရှားမူတိုင်းကိုမှတ်​သားသည်​။ထိုပြင်​ဗီတာမင်​ဖွဲ့စည်းမူတွင်​အ​ရေးပါ​သောfolic acid ​ဖောလစ်​အက်​ဆစ်​ သံဓာတ်​အား​ဆေး​သောက်​ပါ။ထို​ဖော့လစ်​အက်​ဆစ်​သည်​၂နှစ်​က​လေး​သောက်​ပါကဝမ်းသွားမှန်​​စေသည်​။ထိုပြင်​ဗီတာမင်​ဘီvitaminBအုပ်​စုတွင်​ပါ​သောB6,B12သည်​ဦး​နှောက်​ကျုံခြင်းသက်​သာ​စေသည်​။ကျန်းမာ​ရေးချို့တဲ့​သောလူနာများကိုဂလူးကို့စ်​၊ဗီတာမင်​စီ၊ဗီတာမင်​ဘီ၆၊ဘီ၁၂များ​စ​သော​ဆေး​ပေးပါကလူနာများနလံပြန်​ထ​စေသည်​။ဆီချို​ရောဂါရှိသူကို​တော့ဂလူးကို့စ်​မ​ပေးရပါ။လူနာကို​သေ​စေသည်​။ထို့​ကြောင့်​​ပျော်​ရွှင်​​သော​တေးသံများဖြင့်​တရားအားထုတ်​ခြင်းသည်​စိတ်​ငြိမ်းချမ်း​စေသည်​။စိတ်​ပူပန်​ပါကစိတ်​​ရောဂါကုဆရာဝန်​ပြသပါ။ဆေးအကူအညီယူပါ။မရှက်​ပါနဲ့။ကြောက်​လန့်​စိတ်​သည်​လူကို​သေ​စေသည်​။လှ​ကေသွယ်​သည်​စိတ်​​ဝေဒနာခံစား​နေပြီး​ဆေးအကူအညီဖြင့်​ဘဝခရီးကို​ပျော်​ရွှင်​စွာ​လျောက်​လှမ်း​နေသည်​မှာ၂၁နှစ်​ရှိသည်​။ကြောက်​လန့်​ရသည်​​နေ့များစွာရှိသည်​။စိတ်​​ဖောက်​ပြန်​၍စိတ်​​ရောဂါ​ဆေးရုံ၌တိုက်​ပိတ်​ခံထားရသည်​။တ​ယောက်​တည်းထားသည်​။တော်​ရုံဆိုရူးနိုင်​သည်​။လှ​ကေသွယ်​တရားမှတ်​သည်​။ဘုရားကိုသာအာရုံပြုသည်​။မိမိ၏စိတ်​​ဖောက်​​နေ​သောဖြစ်​စဉ်​ကိုအခြားသူတစ်​​ယောက်​​ဘေး၌ကြည့်​သကဲ့သို့ဖြစ်​စဉ်​အားလုံးမြင်​​နေရသည်​။လှ​ကေသွယ်​၏မူရင်းစိတ်​သည်​အရမ်း​ကြောက်​လန့်​တတ်​သည်​။သို့ရာတွင်​ဘုရားကိုပဲအာရုံပြုခြင်း​ကြောင့်​​ကြောက်​ခြင်းမခံစားရပါ။ကိုဗစ်​၁၉ဖြစ်​ပါကအ​ကြောက်​လွန်​​သောအခါအ​ခြေအ​နေမဆိုး​စေလို​သော​စေတနာအရင်းခံ၍​ရေးသားခြင်းဖြစ်​သည်​။အဓိကမှာ​ရောဂါသည်​အသက်​ရူလမ်း​ကြောင်းမှစတင်​ဖြစ်​ပွားသည်​။ထို့​ကြောင့်​သင်​သည်​ဝင်​​လေထွက်​​လေအာရုံပြုသူဖြစ်​ပါက​ရောဂါပိုးဝင်​ပါကချက်​ချင်းဆိုသလိုသတိထားနိုင်​မည်​။ရောဂါပိုးကိုအာရုံထားပြီ​မေတ္တာပို့ပါ။တဖြည်းဖြည်းချင်း​အသက်​ရူခက်​ခဲပါကဆား​ရေ​နွေး​လေးဖြင့်​ပလုတ်​ကျင်းပါ။ကြက်​သွန်​ဖြူဝါးပါ။သံပုရာရည်​​သောက်​ပါ။ပျော်​ရွှင်​စိတ်​ထားဖြင့်​မိမိစိတ်​ကိုပြင်​ပါ။မိမိသည်​ဤ​ရောဂါဖြစ်​ဖို့အ​ကြောင်းပါပါကမ​ကြောက်​နှင့်​။ဘုရားကိုစိတ်​၌ထားပြီအားတိုင်း​မေတ္တာပို့​နေပါ။ဆရာဝန်​ညွှန်​ကြားချက်​အတိုင်း​နေထိုင်​ပါ။ပျော်​ရွှင်​​သောစိတ်​ထားသည်​​ရောဂါအတွက်​​ဖြေ​ဆေး​လေးပါ​နော်​။ အားလုံး​ပျော်​ရွှင်​လှ​ကေသွယ်​ဆန္ဒပင်​။ Every moment have permanent happy and peace. HLA KAY THWE(BEAUTY SCHOOL) 30-3-2020 MONDAY 9:39PM PHONE -09978836585,09964688474 215,1FL, KYAIKKASAN RD, TAMWE, YANGON ,MYANMAR.

ဘွဲ့အတွက်​အသက်​သည်အ​ရေးမကြီး​တော့ဘူးလား။ လှ​ကေသွယ်​(အလှပြုပြင်​​ရေး) ပုံပြင်​တစ်​ပုဒ်​​ပြောပြမယ်​။ သမိုင်းတက္ကသိုလ်​၌ကျင်းပမယ်​စာ​မေးပွဲနီး​နေပြီ။ ဝူဟန်​ကိုရိုနာကပ်​​ရောဂါလည်းအရမ်းကူးစပ်​မြန်​​နေတယ်​။သမိုင်းတက္ကသိုလ်​​ကျောင်းသား​ကျောင်းသူအများစုကတိုးရစ်​ဂိုက်​များတယ်​။နိုင်​ငံခြားသားများနှင့်​ထိစပ်​မူများသည်​။အဲဒီ​တက္ကသိုလ်​တွင်​အသက်​၇၀​ကျော်အဘိုးနှင့်​အတူသက်​လတ်​ပိုင်းအရွယ်​များ​ကျောင်းတက်​သည်​။အဘိုးသည်​​ကျောင်းတက်​မှန်​သည်​။စာကြိုးစားသည်​။ဆရာဝန်​​ပြောစကားအရကိုရိုနာကပ်​​ရောဂါသည်​အသက်​ကြီးသူအတွက်​စိန်​​ခေါ်မူပြင်းထန်​သည်​။စာ​မေးပွဲကိုမ​ဖြေပဲ​ကျောင်းတတ်​သူတိုင်းကို​အောင်​​စေချင်​သည်​။အဘယ်​​ကြောင့်​ဆို​သော်​ကိုရိုနာကပ်​​ရောဂါကူးမှာမ​ကြောက်​ပဲ​ကျောင်းတတ်​မှန်​သည်​။စာကိုသာဦးစား​ပေးတတ်​​သောဘိုးဘိုးကိုကျန်းမာ​ရေးထိခိုက်​မှာဆိုးသည်​။သက်​လတ်​ပိုင်းအများစုကိုကျန်းမာ​စေချင်​သည်​။စာ​မေးပွဲတွင်​​ကျောင်းသား​ကျောင်းသူ၇၄​ယောက်​​ဖြေမည်​။ဝူဟန်​​ကိုရိုနာဖြစ်​​နေချိန်​တွင်​မျက်​နှာဖုံ တပ်​သူရှားသည်​။အဓိကမှာသက်​ကြီးပိုင်း​တွေအထိနာမှာစိုးသည်​။ကျောင်းသား​ကျောင်းသူများကကပ်​​ရောဂါထက်​စာ​မေးပွဲမ​ဖြေရမည်​ကိုစိုးရိပ်​သည်​။နိုင်​ငံခြားခရီးသွားမရှိချိန်​စာ​မေးပွဲ​ဖြေချင်​ကြသည်​။ဘွဲ့လက်​မှတ်​ယူချင်​ကြသည်​။ခရီးသွားပါးတုန်းမို့စာကိုပို၍ကျက်​မှတ်​သည်​။လှ​ကေသွယ်​လည်းအသက်​ထက်​ဘွဲ့လက်​မှတ်​သွားယူရန်​စာကျက်​သည်​။အော်​ဘွဲ့အတွက်​အသက်​ကအ​ရေးပို၍အ​ရေးကြီးသည်​။ဤဘွဲ့ရရန်​မနက်​၅နာရီ၄၅မိနစ်​ကို၈လအပင်​ပန်းခံအိပ်​ရာထပြီ​ကျောင်းတက်​ခဲ့ရသည်​။လွယ်​လွယ်​နှင့်​အဆုံးအရှုံးမခံနိုင်​ကြပါ။သင်​တန်း​ကြေး၂သိန်းသွင်းထားရသည်​။စာလည်းကျက်​ရသည်​။သြော်​ဘွဲ့။အားလုံး​ပျော်​ရွှင်​လှ​ကေသွယ်​ဆန္ဒပင်​။မြန်​မာနိုင်​ငံတွင်​ဝူဟန်​ကပ်​​ရောဂါမရှိ​ပေမယ်​သက်​ကြီးသူများအတွက်​ကျန်းမာ​ရေးအတွက်​အ​လေးထားဦးစား​ပေးပြီစိတ်​ချမ်းသာသူများ​ပေါများပါ​စေ။မိဘနှင့်​ထပ်​တူတန်းဖိုးထား​သောသက်​ကြီးပိုင်းများရွှင်​လန်း​ပျော်​ရွှင်​ကြပါ​စေ။ လှ​ကေသွယ်​(အလှပြုပြင်​​ရေး) 19-3-2020(Thursday) 11:59pm

လှပ​သောမျက်​နှာထက်​စိတ်​ထားဖြူပြီမျက်​နှာအဖုရှိသူကသာ၍လှသည်​။ လှ​ကေသွယ်​(အလှပြုပြင်​​ရေး) ​လောကကြီးကအံ့သြစရာ​ကောင်းသည်​။ယောကျာ်းဖြစ်​သူကအသက်​၈နှစ်​ပိုကြီးသည်​။လုပ်​ကိုင်​​ကျွေး​မွေးမူမရှိ​ပေ။ရိုက်​နှက်​တတ်​သည်​။မိမိဝင်​​ငွေဖြင့်​ပြန်​ပြီလုပ်​​ကျွေးသည်​။ရွှေ​ငွေရသည်​များကို​ယောကျာ်းအိမ်​တွင်​စုသည်​။ထို​ယောကျာ်းသည်​မိန်းမထက်​ပိုငယ်​သူများကိုကြိုက်​သည်​ဟုဆိုသည်​။ထိုအခါအလွန်​လှပ​ချစ်​စရာ​ကောင်း​သောမျက်​နှာ​ကို​ရေခဲဖြင့်​မနက်​တစ်​ကြိမ်​​နေစဉ်​ပွတ်​​တော့သည်​။စိတ်​ထဲတွင်​တခါတရံပိုလှပလိုပါက​ရေခဲကိုညပိုင်းမျက်​နှာပွတ်​သည်​။သံပုရာသီးများဖြင့်​ပွတ်​သည်​။မျက်​နှာ​ဆေးရမှန်းမသိ​ချေ။အစ်​မဖြစ်​သူက​ပြောလျင်​နား​ထောင်​​လေ့မရှိ​ပေ။ရုပ်​ဆင်းတို့တွင်​အဖု​လေးများ​ပေါက်​​တော့သည်​။အစ်​မဖြစ်​သူကစိတ်​ညစ်​စွာညီမဖြစ်​သူကိုကြည့်​သည်​။မည်​သို့လုပ်​​ပေးရမှန်းမသိ​ချေ။ယောကျာ်းစကားတစ်​ခွန်း​ကြောင့်​​လော။ဝဋ်​​ကြွေး​ကြောင့်​​လော့။ညီမ​ယောကျာ်းကိုအပြစ်​မတင်​ပါ။ညီမ​လေး၏ဝဋ်​​ကျွေးရှိလျင်​​ကြေ​စေချင်​သည်​။လုပ်​​သောအလုပ်​သည်​အလှပြုပြင်​​ရေးသင်​တန်း​ကျောင်းဖြစ်​​နေသည်​။သင်​တန်းသည်​အဓိကမျက်​နှာလှပစွာထားရှိမှာသင်​တန်းသူလာတတ်​မည်​။လှ​ကေသွယ်​ပြုံးလိုက်​သည်​။ညီမ​လေးဘာလုပ်​လုပ်​စိတ်​ရင်းကိုသာကြည့်​​တော့သည်​။လှ​ကေသွယ်​နှာ​ခေါင်းခွဲစိတ်​စဉ်​ညီမ​​လေးမရှိပါက​သေခဲ့မည်​မှာအမှန်​ပင်​။ညီမ​လေးဘာလုပ်​လုပ်​ညီမ​လေးသည်​အမှန်​။ညီမ​လေးမှားခဲ့မည်​ဆိုပါကလှ​ကေသွယ်​သည်​အမှား​ဘေးတွင်​ညီမ​လေးနှင့်​တူညီစွာရှိမည်​။ရုပ်​ရည်​ထက်​စိတ်​ထားသည်​အ​ရေးကြီးသည်​။လှ​ကေသွယ်​သည်​အသက်​၄၅နှစ်​အရွယ်​အဘွားအရွယ်​မို့ညီမ​လေးကဲ့သို့ရုပ်​ရည်​အိုမင်းလာမည်​။ရုပ်​ရည်​လှပမူသည်​ခဏတာပင်​ရှိမည်​။မမြဲ​ချေ။ကဲညီမ​လေးကြိုက်​သလို​ရေခဲစိမ်​​ပေါင်းတင်​သံပုရာပွတ်​ချင်​သမျှလုပ်​​တော့ပါ။ရင်​ထဲမှာ​တော့ညီမ​လေးအားသနား​နေသည်​။အော်​ဝဋ်​​ကြွေရှိလျှင်​​ကျေပါ​စေ။ညီမ​လေးသည်​​ပျော်​ရွှင်​​သောမိသားစုဘဝပိုင်​ဆိုင်​ပါ​စေ။ညီမ​​ယောကျာ်းနှင့်​သား​တို့လည်း​ပျော်​ရွှင်​ပါ​စေ။လှ​ကေသွယ်​၏အသက်​ကယ်​စဉ်​ညီမ​ယောကျာ်းကညီမကိုလှ​ကေသွယ်​​ဘေးတွင်​​နေသည်​ကိုမကန့်​ကွက်​ခဲ့ပါ။ဤသည်​မှာညီမ​ယောကျာ်းသည်​သွယ်​ဝှက်​ပြီလှ​ကေသွယ်​အသက်​ရှင်​​အောင်​ကူညီမူပြု​ပေးသူပင်​။ညီမမိသားစု​ပျော်​ရွှင်​ပါ​စေ။အိမ်​​ထောင်​တစ်​ခုတွင်​​ယောကျာ်းတိုင်းချိုသာပြီနားလည်​မူဖြင့်​​ဖေးမသူများဖြစ်​ကြပါ​စေ။ လှ​ကေသွယ်​(အလှပြုပြင်​​ရေး) Every moment have permanent happy and peace. HLA KAY THWE(BEAUTY SCHOOL) 16-3-2020 MONDAY 7:19PM PHONE -09978836585,09964688474 215,1FL, KYAIKKASAN RD, TAMWE, YANGON ,MYANMAR.

လှ​ကေသွယ်​၏ဆံပင်​ဂုတ်​ဝဲဆံထုံ ထုံနည်း။ လှ​ကေသွယ်​(အလှပြုပြင်​​ရေး) ဆံပင်​​နောက်​ခြမ်းကိုသ​ရေပင်​စည်းပါ။ဆံပင်​​ရှေ့ခြမ်းသည်​ဆံပင်​​နောက်​ခြမ်းသို့လာကပ်​ပါ။ဆံပင်​​ရှေ့ခြမ်းကိုကျစ်​ဆံမြီးပုံစံယူ၍ရသည်​။အမျိုးမျိုးဆန်းသစ်​တီထွင်​ပါ။စုစည်းထား​သောဆံပင်​အားလုံးကိုခြစ်​ပါ။ပိုက်​အုပ်​ပါ။ကော်​ရည်​ဖြန်းပြီဆံပင်​အားလုံးကို​သေသပ်​​စေသည်​။လှပ​သောလှ​ကေသွယ်​၏ဆံပင်​ဂုတ်​ဝဲဆံထုံ ထုံနည်းကိုချစ်​ခြင်းဖြင့်​သီကုံသည်​။ လှ​ကေသွယ်(အလှပြုပြင်​​ရေး) Every moment have permanent happy and peace. HLA KAY THWE(BEAUTY SCHOOL) 6-3-2020 FRIDAY 11:18PM PHONE -09978836585,09964688474 215,1FL, KYAIKKASAN RD, TAMWE, YANGON ,MYANMAR.

လှ​ကေသွယ်​၏ဆံပင်​ဂုတ်​ဝဲစတိုင်​ဆံပင်​ညှပ်​နည်း။ Hla Kay Thwe of Bob hair cut method. လှ​ကေသွယ်​(အလှပြုပြင်​​ရေး) ဆံပင်​​နောက်​ခြမ်းနှင့်​​ရှေ့ခြမ်းကိုကလစ်​ဖြင့်​ခွဲပါ။ဆံပင်​​နောက်​ခြမ်းအားလုံးကို"ဂ"ပုံစံအ​ကွေးညှပ်​ပါ။ထို​နောက်​​​နောက်​ခြမ်းအ​ပေါ်တဝက်​ကိုတစ်​လက်​မအ​စောင်းညှပ်​ပါ။ဆံပင်​၏​နောက်​ခြမ်းအရှည်​သည်​ဂုတ်​ဝဲအ​နေအထားရှိရမည်​။ဆံပင်​​ရှေ့ခြမ်းကိုအချွန်​အရှည်​ပုံစံညှပ်​ပါ။ဆံပင်​​ရှေ့ခြမ်း၂ခုသည်​တစ်​ခုနှင့်​တစ်​ခုတူညီရမည်​။ထို​နောက်​တစ်​​ခေါင်းလုံးကို​ဒေါင်​လိုက်​အချွန်​လိုက်​ညှပ်​သည်​။ဆံပင်​ကိုလှုပ်​ရမ်း​သောအခါဆံပင်​များဝဲပျံ​ပေါ့ပါးသကဲ့သို့ခံစား​စေသည်​။လှပ​ပျော်​ရွှင်​​နေ​သောဆံပင်​ဂုတ်​ဝဲစတိုင်​ဖြင့်​လှ​ကေသွယ်​ချစ်​ခြင်းဖြင့်​​ရေးသားသီကုံသည်​။ လှ​ကေသွယ်​(အလှပြုပြင်​​ရေး) Every moment have permanent happy and peace. HLA KAY THWE(BEAUTY SCHOOL) 6-3-2020 FRIDAY 10:44PM PHONE -09978836585,09964688474 215,1FL, KYAIKKASAN RD, TAMWE, YANGON ,MYANMAR.

အသင်းဝင်​​ကြေး၁သိန်းသွင်းရုံဖြင့်​ဆံပင်​ပညာလည်းရမည်​။လှ​ကေသွယ်​အလှပြုပြင်​​ရေးသင်​တန်း​ကျောင်း၌လာ​သော​customer​ဖောက်​သည်​ထံမှရ​သောဝင်​​ငွေတဝက်​(၅၀%)ရာခိုင်​နှုန်း ခံစားခွင့်​​ပေးမည်​။ လှ​ကေသွယ်​အလှပြုပြင်​​ရေးသင်​တန်း​ကျောင်း။ တည်​​နေရာ-အမှတ်​၂၁၅၊ပထမထပ်​၊ကျိုက္ကဆံလမ်း၊​ကျောက်​​မြောင်း၊တာ​မွေ၊ရန်​ကုန်​၊မြန်​မာနိုင်​ငံ။ ဖုန်း-၀၉၉၇၈၈၃၆၅၈၅၊၀၉၉၆၄၆၈၈၄၇၄။ သင်​တန်းသား​ဟောင်းများအသင်းဝင်​​ကြေး​ပေးရန်​မလိုပါ။customer ​ခေါ်လာပါကကိုယ်​တိုင်​လုပ်​ပြီဝင်​​ငွေ၏၅၀%ကိုခံစားခွင့်​​ပေးမည်​။ အသက်​၄၀နှင့်​အထက်​လည်းအသင်းဝင်​​ကြေး၅သောင်း(၅၀%​လျော့​ဈေးဖြင့်​)ဖြင့်​ပညာလည်းရဝင်​​ငွေတိုး​စေသည်​။အိမ်​ခန်းဌားခမရှိဘူး။အိမ်​အ​ရောက်​ဝန်​​ဆောင်​မူများကိုသင်​တန်းသူချင်းအခမဲ့ချိတ်​ဆက်​​ပေးမည်​။ပစ္စည်းများဌားရမ်းမည်​။

လက်​ရှိအချိန်​ထက်​မည်​သည်​အရာမျှအ​ရေးမကြီးပါ။ လှ​ကေသွယ်​(အလှပြုပြင်​​ရေး) အတိတ်​ကိုမလွမ်းနှင့်​။အနာဂတ်​ကိုမစဉ်းစားနဲ့။မိမိ၏​အောင်​မြင်​လို​သောစိတ်​ကိုလက်​ရှိအချိန်​၅မိနစ်​အတိုင်းကိုအ​ကောင်းဆုံးဖန်​တီးပါ။လက်​ရှိ၅မိနစ်​တိုင်းသည်​အနာဂတ်​ကိုပုံ​ဖော်​​စေသည်​။ထို​ကြောင့်​မ​တွေ​ဝေနှင့်​။မ​ငေးငိုင်​နဲ့။အားလပ်​ချိန်​များစုစည်းပြီ​မေတ္တာပွားပါ။စိတ်​စူးစိုက်​မူအား​ကောင်း​စေသည်​။အခွင့်​အလမ်းကိုထိုး​ဖောက်​မြင်​တတ်​သည်​။အောင်​မြင်​လို​သောဆန္ဒကိုပုံ​ဖော်​​စေသည်​။ထို့​ကြောင့်​လက်​ရှိ၅မိနစ်​ကိုအာရုံပြုလျက်​တန်​ဖိုးရှိ​သောဘဝများပိုင်​ဆိုင်​​စေရန်​ဆန္ဒပြုလျက်​ချစ်​ခြင်းဖြင့်​လှ​ကေသွယ်​သီကုံသည်​။ လှ​ကေသွယ်​(အလှပြုပြင်​​ရေး) Every moment have permanent happy and peace. HLA KAY THWE(BEAUTY SCHOOL) 5-3-2020 THURSDAY 10:16PM PHONE -09978836585,09964688474 215,1FL, KYAIKKASAN RD, TAMWE, YANGON ,MYANMAR.

ချစ်​ခြင်းသည်​ခွန်​အားကြီး​စေသည်​။ လှ​ကေသွယ်​(အလှပြုပြင်​​ရေး) လှ​ကေသွယ်​သည်​အဝလွန်​​သော​ကြောင့်​ဒူး​ခေါင်းနှင့်​​ခြေချင်းဝတ်​သည်​လမ်း​လျောက်​တိုင်းနာကျင်​သည်​။ညီမ​လေး​ပေါ်အစစအရာရာမှီခိုရသည်​။ညီမ​သည်​လှ​ကေသွယ်​၏ကျန်းမာ​ရေးလူမူ​ရေးအစစအရာရာကူညီသည်​။လှ​ကေသွယ်​၏ကိုယ်​ပိုင်​ဥစ္စာမှာ​မေတ္တာပွားခြင်းနှင့်​သစ္စာဆိုခြင်းနှစ်​ခုသာပိုင်​ဆိုင်​သည်​။ညီမ​လေးအပြင်​သွားတိုင်းညီမ​လေးကို​မေတ္တာပို့သည်​။ညီမ​လေးအန္တာရာယ်​ကင်း​စေရန်​သစ္စာဆိုသည်​။ထိုသစ္စာစကားသည်​"လှ​ကေသွယ်​သည်​အ​မေအားအသက်​ထက်​ချစ်​သည်​။ဤသစ္စာမှန်​ကန်​ပါကညီမ​လေး​ဘေးရန်​ရှင်းပါ​စေ။ပျော်​ရွှင်​စွာအိမ်​​ရောက်​ပါ​စေ"ဟုဆိုသည်​။ညီမကိုချစ်​​သောစိုရိမ်​မူကိုကြည့်​ပြီမိဘ​မေတ္တာ၏ကြီးမာ​သောချစ်​ခြင်းကိုအသိအမှတ်​ပြု​လေးစားမိသည်​။သြော်​ဒါ​တောင်​ညီမအရင်း၏ချစ်​ခြင်းပင်​။မိဘ၏​မေတ္တာကြီးမားပုံကိုလည်းလက်​​တွေ့သိသည်​။အဘယ်​​ကြောင့်​ဆို​သော်​မိခင်​သည်​သူမ၏​ရောဂါထက်​လှ​ကေသွယ်​ကိုအရာရာဦးစား​ပေးသည်​။ဖခင်​သည်​လှ​ကေသွယ်​ကိုလိမ္မာယဉ်​​ကျေးမူနှင့်​သူပိုင်​​ငွေ​ကြေးအများစုကိုအခြားသားသမီးထက်​ပို​ပေးသည်​။သူကိုယ်​တိုင်​​ငွေ​ကြေး​ချွေတာ​ပေမယ်​လှ​ကေသွယ်​အတွက်​ဆိုရင်​လိုအပ်​သမျှနှ​မြောမူမရှိဘဲဝယ်​ခြမ်း​ပေးသည်​။မိဘ​မေတ္တာကြီးမားသည်​။လှ​ကေသွယ်​ကိုယ်​တိုင်​ကအပျိုစင်​ချစ်​သူတစ်​ခါမျှမထားဘူး၍ချစ်​သူသံ​ဃောဇဉ်​၊မိဘကသားသမီးကိုထား​သော​မေတ္တာမျိုးများကိုမကြုံဖူး​ပေ။ဒါ​တောင်​၅၂၈ညီမအ​ပေါ်အစ်​မတစ်​​ယောက်​​တောင်​အရာရာစိုးရိမ်​ပူပန်​လျှင်​မိဘ​မေတ္တာကပို၍ဆန်းကြယ်​​နေမိသည်​။ချစ်​ခြင်းပြည့်​ဝကမ္ဘာကြီးဖြစ်​ရန်​ရည်​သန်​၍လှ​ကေသွယ်​ချစ်​ခြင်းဖြင့်​သီကုံသည်​။ လှ​ကေသွယ်​(အလှပြုပြင်​​ရေး) Every moment have permanent happy and peace. HLA KAY THWE(BEAUTY SCHOOL) 5-3-2020 THURSDAY 7:28PM PHONE -09978836585,09964688474 215,1FL, KYAIKKASAN RD, TAMWE, YANGON ,MYANMAR.

စိတ်​​ဝေဒနာမုန်​တိုင်း။ လှ​ကေသွယ်​(အလှပြုပြင်​​ရေး) လွန်​ခဲ့​သော၂၀၁၈ခုနစ်​က"ပါ့။ုပြင်းထန်​​သောစိတ်​မုန်​တိုင်းကြီးရိုတ်​ခတ်​ခဲ့သည်​။ ဆရာဝန်​​ပေး​သော​ဆေးလည်းမ​သောက်​ပဲတစ်​​ယောက်​တည်းစိတ်​တို့သည်​​ယောက်​ယက်​ခတ်​ခဲ့သည်​။ကြောက်​တလှည်းကြမ်းတလှည်းလူးလွန့်​လှုပ်​ရှားသည်​။မိနစ်​နာရီကိုတွက်​ချက်​လိုက်​ဖုန်းကိုအမျိုးမျိုးစမ်းသပ်​ခြင်းစိတ်​ခံစားချက်​ကိုဖုန်းတွင်​မှတ်​တမ်းသည်​။စိတ်​ကြီးများဝင်​လာလိုက်​ဖြစ်​သည်​။ကွယ်​လွန်​​သောမိဘမချန်​ပါ။မိဘကို​စော်​ကား​သောပုံစံတုများဖြင့်​စမ်းသပ်​သည်​။အသက်​ခဏခဏကယ်​တယ်​​ပေး​သော​မောင်​နှမများကိုအဆိုးမြင်​ရန်​ရန်​တိုက်​​ပေးသည်​။ကူညီ​ပေး​သော​ယောက်​မမကျန်​​စေရ။စော်​ကား​သောစကားကိုထွက်​​စေသည်​။အမျိုးမျိုးစိတ်​မုန်းတိုင်​တိုက်​ခတ်​သည်​။စိတ်​၏မာနတ်​လှုပ်​ရှားမူ၊စိတ်​ကိုအ​သေးဆုံးအဆင့်​မှအဆင့်​မြင့်​ဆုံးအဆင့်​နာကျင်​မူပြုမူအမျိုးမျိုးကိုခံစားလာရသည်​။သင်​​ကောလှ​ကေသွယ်​ကဲ့သို့စိတ်​မုန်​တိုင်းတိုက်​ခတ်​ခဲ့ပါသလား။မ​ကြောက်​ပါနဲ့။ဤစာ​ရေးသားခြင်း၏ရည်​ရွယ်​ချက်​မှာစိတ်​​ဝေဒနာသက်​သာ​ပျောက်​ကင်း​ဆေး​ပေါ်​နေသည်​။ပ​ယောဂနှင့်​မကုသပါ​နဲ့။စိတ်​ကျန်းမာ​ရေး​ဆေးရုံ၏ပြင်​ပလူနာဌာနတွင်​​ဆေးခန်းပြပါ။မရှက်​ပါနဲ့။ဤစီပွား​ရေးခက်​ခဲပြီစစ်​ဒဏ်​​ကြောင့်​ရာသီဥတုဒဏ်​​ကြောင့်​စသဖြင့်​အဖက်​ဖက်​အတွက်​စိတ်​​ဝေဒနာသယ်​များတ​နေ့တခြား​ပေါများ​နေသည်​။စိတ်​​ဝေဒနာ​ဆေးမှာတစ်​လုံးမှတစ်​ရာသာရှိသည်​။တချို​ဆေးများသည်​ပို၍​ဈေးချိုသည်​။မိမိ​သေ​လောက်​​အောင်​စိတ်​ဓါတ်​ကျပါကzosert25mg တစ်​လုံး​သောက်​ပါ။လူ​တွေအ​ပေါ်သံသယဝင်​ပါကsizoden1mg​သောက်​ပါ။အရာရာမ​ကြောက်​ပါနဲ့။ခေတ်​မှီ​ဆေးများ​ပေါ်​နေသည်​။စိတ်​မုန်​တိုင်းများကို​​ဆေးအပြင်​တရားထိုင်​ခြင်းဖြင့်​စိတ်​ကိုသက်​သာ​အေးချမ်း​စေသည်​။စိတ်​မုန်​တိုင်းများကင်း​ပျောက်​၍​ပျော်​ရွှင်​ကမ္ဘာတည်​တံ​သောလှ​ကေသွယ်​ကမ္ဘာဖြစ်​ထွန်းပါ​စေ။ လှ​ကေသွယ်​(အလှပြုပြင်​​ရေး) Every moment have permanent happy and peace. HLA KAY THWE(BEAUTY SCHOOL) 4-3-2020 WEDNESDAY 10:02PM PHONE -09978836585,09964688474 215,1FL, KYAIKKASAN RD, TAMWE, YANGON ,MYANMAR.

ပျော်​​ပျော်​ရွှင်​ရွှင်​ဤ​ပျော်​စရာ​လောကတွင်​လှ​ကေသွယ်​ပြုံး​ပျော်​​နေသည်​။သင်​အတွက်​​အေးမြ​ပျော်​ရွှင်​နည်း။ လှ​ကေသွယ်​(အလှပြုပြင်​​ရေး) ဘာသာတရားတိုင်းသည်​ခွန်​အားကိုဖြစ်​​စေသည်​။အာနည်းသူအား အင်​အားဖြစ်​သည်​။စိုးရိမ်​သူအား ​ပျော်​ရွှင်​​စေသည်​။ဘဝအခက်​အခဲ​ကြောက်​လန့်​မူ​ကြုံတိုင်း စိတ်​သက်​သာ​စေသည်​။ ဘာသာတရားတိုင်းတွင်​တူညီ​သောအချက်​တစ်​ခုရှိသည်​။စိတ်​ချမ်းသာမူကိုဦးတည်​​စေသည်​။ဤအရာကိုအာရုံပြုလျက်​ "အားလုံး​အေးချမ်းပါ​စေ"ရွတ်​ပြီလူတိုင်းအ​ပေါ်အ​ကောင်းမြင်​စိတ်​ထားပါ။တတ်​နိုင်​သမျှကူညီပါ။အမြဲ​ပျော်​ရွှင်​စိတ်​ထားပါ။သင်​​မွေးစဉ်​မည်​သည်​အရာမျှပါမလာပါ။သင်​​သေလျင်​​တောင်​သင်​ကိုယ်​ခန္ဓာကိုယ်​​တောင်​သင်​မပိုင်​​တော့ပါ။ဘာမျှပိုင်​ဆိုင်​မူမရှိ​သောဘဝ၌သင်​ရရှိ​နေ​သောဘဝကို​ရောင်းရဲတင်းတိမ်​ပြီ​ပျော်​ရွှင်​စွာ​နေပါ။အောင်​မြင်​ချင်​လျင်​စိတ်​ကို​အေး​အေးထားပြီမိမိဝါသနာပါရာကိုတစိုက်​မတ်​မတ်​စွဲမြဲစွာလုပ်​ပါ။အစဉ်​​ပျော်​ရွှင်​ပါ။သင်​မ​ပျော်​သည်​ဖြစ်​​စေ​ပျော်​သည်​ဖြစ်​​စေအချိန်​ကုန်​ခြင်းသည်​တူညီသည်​။ထို့​ကြောင့်​​ပျော်​ရွှင်​စိတ်​ထားထားပါ။ပျော်​ရွှင်​မူယူ​ဆောင်​လာ​သောလှ​ကေသွယ်​ကမ္ဘာမှသင်​ကိုအစဉ်​အား​ပေးပြုံးဖြင့်​ကြိုဆို​နေမည်​။ လှ​ကေသွယ်​(အလှပြုပြင်​​ရေး) Every moment have permanent happy and peace. HLA KAY THWE(BEAUTY SCHOOL) 4-3-2020 WEDNESDAY 9:19PM PHONE -09978836585,09964688474 215,1FL, KYAIKKASAN RD, TAMWE, YANGON ,MYANMAR.

ဘဝအခက်​အခဲကြုံခိုက်​​အေးချမ်းစွာစိတ်​ကိုထားပါ။ လှ​ကေသွယ်​(အလှပြုပြင်​​ရေး) ဘဝအ​မောကိုစာဖတ်​ခြင်းဖြင့်​​ဖြေသိမ့်​ပါ။ လှ​ကေသွယ်​(အလှပြုပြင်​​ရေး) မိမိသည်​သာမိမိအရှင်​သခင်​ပါ။လဲ​နေလျှင်​ထပါ။ခြေ​ထောက်​နာလျှင်​အနားယူရင်​​မေတ္တာပွားပါ။သီချင်းဆိုပါ။ခြေ​ထောက်​မှလွဲ၍မိမိလုပ်​နိုင်​သမျှအလုပ်​ကိုလုပ်​​နေပါ။မေတ္တာသည်​​အေးချမ်းသည်​။မိမိကိုယ်​ခန္ဓာအား​အေးချမ်းစွာထားခြင်းသည်​ပတ်​ဝန်းကျင်​ကို​အေးချမ်းမူဖြစ်​ထွန်း​စေသည်​။ လှ​ကေသွယ်​(အလှပြုပြင်​​ရေး) သင်​တန်းတည်​​နေရာ-အမှတ်​၂၁၅၊ပထမထပ်​၊ကျိုက္ကဆံလမ်း၊​ကျောက်​​မြောင်း၊တာ​မွေ၊ရန်​ကုန်​၊မြန်​မာနိုင်​ငံ ဖုန်း၀၉၉၇၈၈၃၆၅၈၅၊၀၉၉၆၄၆၈၈၄၇၄

အတိတ်​ဘဝကချစ်​သူ။ လှ​ကေသွယ်​(အလှပြုပြင်​​ရေး) သူနှင့်​လှ​ကေသွယ်​တို့​ပျော်​ရွှင်​စွာ​ကောင်းကင်​ဘုံတွင်​ကစား​နေသည်​။အမြဲ​ပျော်​ရွှင်​ရယ်​​မော​နေသည်​။တစ်​ဦးနှင့်​တစ်​ဦးအ​ပျောက်​မခံနိုင်​ပါ။အရမ်းချစ်​သည်​။ တစ်​​နေ့​ပေါ့။လှ​ကေသွယ်​တို့နှစ်​​ယောက်​သည်​လူ​လောကကိုဆင်းသက်​ကြရမည်​။အဲဒီအချိန်​မှာထူးဆန်းသည်​မှာလှ​ကေသွယ်​တို့နှစ်​​ယောက်​တွင်​ချစ်​တတ်​သည်​နှလုံးသားတစ်​စုံရှိသည်​။ကျန်​​သောအချိန်​တွင်​မ​ကောင်း​သောအရာကိုကြည့်​ပါကမမြင်​​သောမျက်​မမြင်​နှင့်​တူသည်​။မ​ကောင်းတာကိုမကြားရ​သောအကြားချို့ယွင်း​သောသူဖြစ်​သည်​။မှတ်​ဥာဏ်​တွင်​မည်​သည်​အရာမျှမမှတ်​မိ​ချေ။ထူးဆန်းသည်​မှာချစ်​တတ်​​သောလှ​ကေသွယ်​တို့၏နှလုံးသားတို့​တွေ့ဆုံခိုက်​အချင်းချင်းသိသည်​။အံ့သြသွားသည်​။စိတ်​အချင်းချင်းသာဆက်​သွယ်​နိုင်​သည်​။သူသည်​အင်္ဂလိပ်​စကားသာ​ပြောတတ်​သည်​။လှ​ကေသွယ်​သင်​ကြား​နေ​သောဘာသာရပ်​ကိုသူကအ​ဝေးကလှမ်းယူပြီအသုံးချသည်​။လှ​ကေသွယ်​တတ်​သည်​ပညာကိုသူအလွယ်​တကူ​လေ့လာနိုင်​သည်​။လှ​ကေသွယ်​၏ဦး​နှောက်​ကိုချက်​ချင်းအသုံးချနိုင်​​သောအစွမ်းရှိသည်​။သူတတ်​​သောစစ်​​ရေးကိုလှ​ကေသွယ်​အလိုလိုသိနိုင်​သည်​။သူတတ်​​သောပညာကိုလှ​ကေသွယ်​ကအလိုလိုနားလည်​သည်​။သူ​ပြော​သောစကားများသည်​ကြားခံပစ္စည်းများသုံး၍​ပြောပြတတ်​သည်​။သူနှင့်​လှ​ကေသွယ်​တို့သုံး​သောစကားအများစုသည်​အင်္ဂလိပ်​ဘာသာစကားကိုသာသုံးသည်​။သူ​ကြောင့်​လည်းလှ​ကေသွယ်​အင်္ဂလိပ်​စာကို​ပြောရဲသည်​။သူသည်​ယခုအချိန်​တွင်​မလာ​တော့​ချေ။လှ​ကေသွယ်​၏​သောက်​​နေ​သော​ဆေး​ကြောင့်​​လော။ဆေးတို့၏အစွမ်းသည်​အံ့သြစရာပါ။သူနှင့်​မ​တွေ့တာ၂နှစ်​ရှိပြီ။သြော်​အတိတ်​ဘဝကချစ်​သူတစ်​​ယောက်​​အေးချမ်းပါ​စေ။ ထူးဆန်း​သောဘဝတွင်​လှ​​ကေသွယ်​ အပျိုစင်​ဘဝ၏ချစ်​ခြင်းပင်​။ ချစ်​ခြင်းသည်​ထူးဆန်းသည်​။အချစ်​တို့သည်​စိတ်​​ဝေဒနာ​ရောဂါနှင့်​အတူ​ပေါက်​ဖွားလာသည်​။ ချစ်​ခြင်းသံစဉ်​ဖြင့်​သူကိုသတိရလျက်​။ လှ​ကေသွယ်​(အလှပြုပြင်​​ရေး) Every moment have permanent happy and peace. HLA KAY THWE(BEAUTY SCHOOL) 2-3-2020 MONDAY 10:44PM PHONE -09978836585,09964688474 215,1FL, KYAIKKASAN RD, TAMWE, YANGON ,MYANMAR.

မိမိချစ်​ခင်​​သောသူကိုစကားဖြင့်​မချိုးနှိမ့်​ပါနဲ့။ လှ​ကေသွယ်​(အလှပြုပြင်​​ရေး) စကားသည်​အ​ရေးကြီးသည်​။စီးပွား​ရေးကျဆင်းမူသည်​တဖက်​သား၏ဖိနှင်းစရာနိုင်​ကွက်​မဟုတ်​ပါ။ကိုယ်​တိုင်​ဘက်​​ပေါင်းစုံကကြိုးစား​နေသည်​။အောင်​မြင်​​သော​ခြေလှမ်းကိုစိတ်​​ဝေဒနာခံစားရင်​ကြိုးစား​နေသည်​။ဒါကိုပိုက်​ဆံဖြင့်​အရာရာ​တိုင်း​နေသည်​။ပိုက်​ဆံရှိမှလူရာဝင်​မည်​။ပိုက်​ဆံမဝင်​ချင်​သည်​မိမိ၏​နေထိုင်​စား​သောက်​မူသည်​အပြစ်​ရှာစရာနိုင်​ကွက်​​ပေါ့။ကြားရသူတစ်​ဖက်​သားသည်​စိတ်​ဓာတ်​ချက်​ချင်းကျကာအိပ်​ရာထဲချက်​ချင်းလဲသွားသည်​။ကြိုးစား​နေ​သောစာ​မေးပွဲ​ဖြေဖို့​တောင်​အားမရှိ​တော့။မိမိစာကြိုးစားမူသည်​အပိုအလုပ်​ဟုထင်​မြင်​ယူဆ​နေသည်​။မိမိဘဝကို​ရေစုန်​​မျော​စေ​ချင်​သည်​။ပေါ့​ပေါ့​နေ​ပေါ့​ပေါ့စား​စေချင်​သည်​။အရာရာတိုင်းပိုက်​ဆံရ​နေမှသာလူ​လောကတွင်​လူရာဝင်​မည်​။လူလတ်​တန်းစားအရွယ်​သည်​​ငွေရှာရမည်​။ပညာမရှာရ။စသည်​​ဘောင်​ခတ်​ပြီမိမိအ​ပေါ်စွပ်​စွဲသည်​။ပထမဦးစွာအထက်​ပါစကားကြား​တော့ချက်​ချင်းအလုပ်​မလုပ်​နိုင်​​တော့​အောင်​စိတ်​ဖိစီးသွားသည်​။ချက်​ချင်းအိပ်​သည်​။မေတ္တာပွားသည်​။"ဗုဒ္ဓ သရဏံ ဂစ္ဆမိ "ပွားသည်​။စာကိုပြန်​လည်​ကြိုးစားသည်​။မိမိ၏ပန်​တိုင်​သည်​မိမိအတွက်​အဓိပ္ပါယ်​ရှိသည်​။မိမိ၏ဘဝသည်​မိမိသာအရှင်​သခင်​ပါ။ပြုံးလိုက်​သည်​။အောင်​မြင်​ရန်​လက်​ရှိ၅မိနစ်​ကိုသာအာရုံပြုသည်​။အ​ကောင်းဆုံး​နေထိုင်​သည်​။အလှပြင်​သူလာလျှင်​လှပ​အောင်​ပြင်​ဆင်​​ပေးမည်​။အလှပြင်​သင်​တန်းလာတက်​လျှင်​ပညာအကုန်​သင်​​ပေးမည်​။ဗေဒင်​​မေးသူလာလျှင်​အ​ကောင်းဆုံးလမ်းပြ​ပေးမည်​။အိမ်​ခြံ​မြေအကျိုး​ဆောင်​ကိုမိမိတတ်​နိုင်​သမျှဝန်​​ဆောင်​မူ​ပေးမည်​။အထူးသဖြင့်​အလှပြင်​သင်​တန်းတတ်​သူများအတွက်​အိမ်​ဌား​သောအလုပ်​ဖြင့်​ကူညီရန်​ရည်​ရွယ်​သည်​။ကျန်​​သောအချိန်​သည်​စာဖတ်​ချိန်​နှင့်​တရားထိုင်​​သောအချိန်​​ပေါ့။မိမိကိုယ်​စကားဖြင့်​သတ်​​သောသူသည်​အ​ကောင်းမြင်​စိတ်​ဖြင့်​ကြိုးစား​စေလို​သော​စေတနာဖြင့်​​ပြောသည်​။ပြုံးလိုက်​သည်​။ဤစကားသည်​လှ​ကေသွယ်​၏​အောင်​မြင်​ရန်​လုပ်​ရန်​တွန်းအားပါ။သင်​​ကောမည်​သို့လုပ်​မည်​နည်း။အမြဲပြုံးပါ။အောင်​မြင်​ခြင်းသည်​နှလုံးသားထဲ၌ရှိသည်​။ လှ​ကေသွယ်​(အလှပြုပြင်​​ရေး) Every moment have permanent happy and peace. HLA KAY THWE(BEAUTY SCHOOL) 2-3-2020 MONDAY 1:02PM PHONE -09978836585,09964688474 215,1FL, KYAIKKASAN RD, TAMWE, YANGON ,MYANMAR.