Skip to main content
မင်္ဂလာ အခမ်းအနား တွင်လှကေသွယ်၏ကုန်ဘောင်ဆံထုံ ထုံဖွဲ့နည်း။ လှကေသွယ်(အလှပြုပြင်ရေး) ဆံပင်ရှေ့ခြမ်းနှင့်နောက်ခြမ်းကိုဘီးဖြင့်ခွဲပါ။နောက်ခြမ်းဆံပင်ကိုဦးခေါင်းအလယ်သို့ဆွဲယူပါ။ဆံပင်သေသပ်ရန်ကော်ရည်ဖြန်းပါ။ပြီးလျှင် သားရေကွင်းဖြင့်ဆံပင်ကိုချည်ပါ။ရှေ့ခြမ်းကိုသားရေကွင်းဆီသို့ဦးတည်ပါ။အကယ်၍ဆံပင်ဖောင်းချင်ပါက ဘီးဖြင့် ဆံပင်အတွင်းပိုင်းကိုခြစ်ပါ။အပေါ်ယံဆံပင်ကိုသေသပ်စွာဖီးရန်အရေးကြီးသည်။ရှေု့ခြမ်းဆံပင်ကိုသားရေကွင်းသို့ဦးတည်ပြီခိုင်မြဲရန်ကလစ်ပန် ပန်ပါ။ဆံပင်ရှေ့ခြမ်းနှင့်နောက် ခြမ်းပေါင်းသွားသည်။အခွေတစ်ခွေဖြစ်အောင်လုပ်ပါ။နောက်ဆုံးဦးခေါင်းနှင့်လိုက်ဖက်မည် "ကုန်ဘောင် ဆံထုံတု"ကိုကလစ်နှင့်ဂွသုံးပြီအလှဆင်ပါ။ပို၍လှပရန်ကျောက်တန်း၊ကျောက်ပွင့်၊ပန်းပွင့်၊အလှဆင်ပစ္စည်းအမျိုးမျိုးမိမိစိတ်ကြိုက်အလှဆင်နိုင်ပါသည်။ဤနည်းသည်မင်္ဂလာ အခမ်းအနား တွင်လှကေသွယ်၏ကုန်ဘောင်ဆံထုံ ထုံဖွဲ့နည်းဖြစ်ပါသည်။အားလုံးပျှော်ရွှင်လှကေသွယ်ဆန္ဒပင်။ လှကေသွယ်(အလှပြုပြင်ရေး)Every moment have permanent happy and peace. HLA KAY THWE(BEAUTY SCHOOL) 10-11-2019 SUNDAY 6:15PM PHONE -09978836585,09976858203 215,1FL, KYAIKKASAN RD, TAMWE, YANGON ,MYANMAR.
Comments
Post a Comment