Posts

Showing posts from June, 2019

လှကေသွယ်တို့အားလုံးရည်မှန်းချက်ကြီးကြီးထားကြစို့။ လှကေသွယ်(အလှပြု ပြင်ရေး) နေစဉ်ရည်မှန်းချက်ကိုဆုအဖြစ်ဆုတောင်းပါ။ ရည်မှန်းချက်ပြည့်ရန်နေစဉ်ရည်မှန်းချက်ခွဲများထားပြီလုပ်ပါ။ အေးချမ်း၍စိတ်တည်ငြိမ်စွာအလုပ်လုပ်နိုင်ရန်မေတ္တာပွားပါ။ လောက၏အခက်အခဲကိုအပြုံးဖြင့်ရင်ဆိုင်ပါ။ သင်ရည်မှန်းချက်ပိုင်ဆိုင်ပြီဟုသဘောထားပြီးအလုပ်လုပ်ပါ။ သင်ရည်မှန်းခက်ပြည့်ဝမည်မှာမလွဲပင်။ မေတ္တာပွားခြင်းကြောင့်ကုသိုလ်ရမည်မှာမလွဲပင်။ သံသရာစက်ဝန်းတွင်လူအဖြစ်ကျင်လည်ပါကအေးမြသောဘဝကိုပိုင်ဆိုင်စေသည်။ အရေးကြီးသည်မှာသေခြင်းတရားနှင့်ရင်ဆိုင်ပါကတည်ငြိမ်စွာရင်ဆိုင်နိုင်မည်။ အားလုံးအေးချမ်းလှကေသွယ်ဆန္ဒပင်။ ထာဝရစက္ကန့်တိုင်းပျှော်ရွှင်ပါစေ။ လှကေသွယ်(အလှပြုပြင်ရေး) 30/6/2019 6:16PM လှကေသွယ်အလှပြုပြင်ရေးသင်တန်းကျောင်း ဖုန်း၀၉၉၇၈၈၃၆၅၈၅/09978836585 ၀၉၉၇၆၈၅၈၂၀၃/09976858203 ကျောက်မြောင်း/တာမွေ/ရန်ကုန်/မြန်မာနိုင်ငံ

လှကေသွယ်တို့အားလုံးနေ့သစ်ကိုအပြုံးဖြင့်ဆီးကြိုစို့။ လှကေသွယ်(အလှပြုပြင်ရေး) သင်၏မနက်ဖန်တစ်ချိန်၌သေရမည်မှာမလွဲပေ။သေခြင်းတရားကိုမည်သို့မျှရှောင်၍မရပေ။ထို့ကြောင့်သေသည်ကိုရဲရဲရင်ဆိုင်ရန်မေတ္တာပွားကြလော့။မာနမထားနှင့်။မိမိပတ်ဝန်းကျင်ကိုမိမိကိုယ်တိုင်အပြုံးဖြင့်နေထိုင်လော့။မိမိဘဝကိုအများကောင်းကျိုးအတွက်အသုံးချပါ။နေ့စဉ်ပျှော်ရွှင်စွာနေပါ။အေးမြသောနှလုံးသားဖြင့်ရန်မေတ္တာပွားရင်သမာဓိတည်ဆောက်လော့။တတ်နိုင်လျှင်ဝိပဿာနာပွားပြီးစိတ်ကိုသတိဖြင့်ကပ်ကြလော့။ဒုက္ခကိုအပြုံးဖြင့်တည်ဆောက်လော့။စာရေးသူသည်စိတ်ဝေဒနာကိုဤနည်းဖြင့်ဖြေရှင်းသည်။ကူညီသောသူပေါများသည်။မိမိကိုယ်တိုင်မိတ်ဆွေစစ်အဖြစ်မိမိ၏ပတ်ဝန်းကျင်ရှိလူများကိုကူညီသည်။ဒုက္ခရောက်သူကိုအတတ်နိုင်ဆုံးကူညီသည်။ထို့ကြောင့်မိတ်ဆွေပေါများသည်။သို့ရာတွင်တစ်ယောက်နေတတ်သာများသည်။မိမိကိုယ်ပိုင်ဆုံဖြတ်ချက်ဖြင့်နေထိုင်သည်။ဤနည်းဖြင့်စိတ်ရောဂါကိုကုသသည်။အားလုံးပျော်ရွှင်လှကေသွယ်ဆန္ဒပင်။ ထာဝရစက္ကန့်တိုင်းပျှော်ရွှင်ပါစေ။ လှကေသွယ်(အလှပြုပြင်ရေး) 29/6/2019 8:26 AM လှကေသွယ်အလှပြုပြင်ရေးသင်တန်းကျောင်း အမှတ်၂၁၅/ကျိုက္ကဆံလမ်း/ကျောက်မြောင်း/တာမွေ/ရန်ကုန်/မြန်မာနိုင်ငံ ဖုန်း၀၉၉၇၈၈၃၆၅၈၅/09978836585 ၀၉၉၇၆၈၅၈၂၀၃/09976858203

လှကေသွယ်၏ချမ်းသာနည်း။အပိုင်း၂။ လှကေသွယ်(အလှပြု ပြင်ရေး) ဈေးကွက်စီးပွားရေးလုပ်ရာ၌ကိုယ်ပိုင်စီးပွားနှင့်အခြားစီးပွားရေးအချိတ်အဆက်မိမိလုပ်ဖို့အလွန်အရေးကြီးသည်။ဥပမာအားဖြင့်မိမိ၏လုပ်ငန်းသည်အလှပြုပြင်ရေးဆိုင်ဖြစ်သည်။၁၀တန်းပညာရေးမှအစပြု၍အသက်၁၂နှစ်အောက်ပညာအနည်းငယ်သာတတ်သည်လူများအားမည်သို့ချိတ်ဆက်ပြီအလုပ်လုပ်မလဲ။ကိုယ်ပိုင်အထက်ကျောင်းနှင့်မိမိရင်းနှီးသောဆရာ/ဆရာမနှင့်ပူးပေါင်းပြီးသင်တန်းကြေးလျော့ပေးခြင်း/ငွေကြေးမတတ်နိုင်သူအားအလုပ်ရှာပေး၍အရစ်ကျငွေပေးနိုင်အောင်စီမံခြင်းပြုလုပ်နိုင်သည်။မိမိလုပ်ငန်းလည်းတိုးတတ်သည်။ဆရာမ၏ကျောင်းလည်းနာမည်တတ်စေသည်။ကျောင်းသူလည်းငယ်ရွယ်ပေမယ်စီးပွားရေးလုပ်တတ်နိုင်သည်။ဤသို့မတူကွဲပြားသောလုပ်ငန်းဖြင့်လူလောကကိုလှပစေသည်။ အပိုင်း၃။ မျှော် လှကေသွယ်(အလှပြုပြင်ရေး) 25/6/2019 7:17PM လှကေသွယ်အလှပြုပြင်ရေးသင်တန်းကျောင်းသည်မတူညီသောလုပ်ငန်းများမှမိန်းကလေးသီးသန့်ဖြင့်ရွေးချယ်သင်ကြားပေးနေပါသည်။ အမှတ်၂၁၅/ပထမထပ်/ကျိုက္ကဆံလမ်း/ကျောက်မြောင်း/တာမွေ/ရန်ကုန်//မြန်မာနိုင်ငံ ဖုန်း၀၉၉၇၈၈၃၆၅၈၅/၀၉၉၇၆၈၅၈၂၀၃ phone-09978836585/09976858203

လှကေသွယ်၏ချမ်းသာနည်း။အပိုင်း၁ ဈေးကွက်စီးပွားရေးတွင်အရေးကြီးသောအချက်၃ချက်။လှကေသွယ်(အလှပြုပြင်ရေး) IMPORTANT OF SOCIETY လူမူအဖွဲ့အစည်းတွင်ဈေးကွက်စီးပွားရေးသည်အရေးကြီးသည်။လက်ဦးမူသည်အရေးကြီးသည်။မိမိသည်ONLING စီးပွားရေးကိုပညာရပ်အဖြစ်သင်ကြားကြသည်။အိမ်တွင်လုပ်စရာမလိုပါ။မိုးတွင်းဟိုတယ်တွင်အလုပ်ပါးချိန်ဖြစ်သည်။တစ်ချို့ဟိုတယ်ကစီးပွားရေးအမြင်ရှိသည်။ထိုအခါမိမိ၏လုပ်ငန်းကိုဟိုတယ်၌အချိန်ပိုင်းဌားရမ်းလုပ်ကိုင်သည်။ဝန်ဆောင်မူကောင်းသောဟိုတယ်တွင်လူပေါင်း၃၂၀ကိုတပြိုင်တည်းပညာသင်ကြားသည်။ဟိုတယ်လုပ်ငန်းနှင့်ပညာသင်ပေးသောဌားရမ်းသူကိုအကျိုးအမြတ်ရှိသည်။ထိုအပြင်သင်တန်းသူ/သားအချင်းချင်းမိတ်ဆွေဖြစ်ပြီလုပ်ငန်းပိုပြီတွယ်ကျယ်စေသည်။နိုင်ငံခြားသားအများစုနှင့်လုပ်ငန်းကိုအခန်းဌားခသက်သာစေသည်။ဌားရမ်းခကိုတစ်လချင်းမပေးရတော့ချေ။ရက်ပိုင်းနာရီပိုင်းပဲပေးရခြင်းကြောင့်စီးပွားရေးတွင်ကျယ်စေသည်။လုပ်ငန်းလည်းအချိန်နည်းနည်းပေးရုံဖြင့်ချမ်းသာမူမြန်စေသည်။အဓိကအရေးကြီးသည်လုပ်ငန်းတူချင်းဖေးမပါကမြန်မာနိုင်ငံသည်မြန်မြန်ဆန်ဆန်ချမ်းသာနိုင်သည်။ ထာဝရစက္ကန့်တိုင်းပျှော်ရွှင်ပါစေ။ လှကေသွယ်(အလှပြုပြင်ရေး) လှကေသွယ်အလှပြုပြင်ရေးသင်တန်းကျောင်း အမှတ်၂၁၅/ကျိုက္ကဆံလမ်း/ကျောက်မြောင်း/တာမွေ/ရန်ကုန်/မြန်မာနိုင်ငံ ဖုန်း၀၉၉၇၈၈၃၆၅၈၅/09978836585 25/6/2019 5;44PM

လှကေသွယ်၏ဖြစ်ချင်သောစီးပွားရေးပုံစံများ။ ယခုခေတ်မြန်မာနိုင်ငံသားအချင်းချင်းစည်းလုံးဖို့လိုသည်။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမူနှင့်အတူအတတ်ပညာကျွမ်းကျင်မူပါလာသည်။ဤပညာရပ်များကိုစီးပွားရေးလုပ်ငန်းများတူသောလုပ်ငန်းစုပါ။အကြံဥာဏ်ကောင်းတွေပေးရင်တစ်ဦးကိုတစ်ဦးကူညီပါ။စည်းလုံးခြင်းသည်အင်အားပါ။Viber. Facebookတို့တွင်အုပ်စုဖွဲ့ပါ။သတင်းများကိုအချိတ်အဆက်မိမိလုပ်ပါ။လက်ဦးမူကိုအရယူပါ။ပညာရပ်များကိုစေတနာအရင်းခံ၍ဖြန့်ဝေပါ။လုပ်ငန်းမတူလည်းမတူကွဲပြားမူကိုခွန်အားအဖြစ်ယူပါ။အားလုံးပျော်ရွှင်လှကေသွယ်၏စေတနာပင်။ ထာဝရစက္ကန့်တိုင်းပျော်ရွှင်ပါစေ။ လှကေသွယ်(အလှပြုပြင်ရေး) ဖုန်း၀၉၉၇၈၈၃၆၅၈၅/09978836585 Hla Kay Thwe carry on Happy. လှကေသွယ်အလှပြု ပြင်ရေးသင်တန်းကျောင်း အမှတ်၂၁၅/ပထမထပ်/ကျိုက္ကဆံလမ်း/ကျောက်မြောင်း/တာမွေ/ရန်ကုန်/မြန်မာနိုင်ငံ

လူတိုင်းကိုမိတ်ဆွေစစ်ဖြစ်လိုပါကမိမိကိုယ်တိုင်မိတ်ဆွေစစ်ဖြစ်ပါစေ။ လှကေသွယ်(အလှပြုပြင်ရေး) ဖုန်း၀၉၉၇၈၈၃၆၅၈၅/09978836585 HLA KAY THWE CARRY ON HAPPY. ပျော်ရွှင်မူများရှိရာလှကေသွယ်ကမ္ဘာ။ လှကေသွယ်အလှပြုပြင်ရေးသင်တန်းကျောင်း အမှတ်၂၁၅/ပထမထပ်/ကျိုက္ကဆံလမ်း/ကျောက်မြောင်း/တာမွေ/ရန်ကုန်/မြန်မာနိုင်ငံ

လှကေသွယ်၏မေတ္တာ။ ကိုယ်စိုက်ပျိုးသောအပင်ကိုကိုယ်တိုင်ရိတ်သိမ်းရသည်။တူသောအကျိုးပေးသည်။ထို့ကြောင့်လှကေသွယ်တို့အားလုံးကောင်းသောအတွေးမှတဆင့်ကောင်းသောအလုပ်လုပ်ကြစို့။ဘဝပေးအကျိုးကြောင့်မကောင်းသောအလုပ်လုပ်နေပါကမကြောက်ပါနဲ့။အားတိုင်းရဲရဲမေတ္တာပွားပါ။ကံကောင်းခြင်းများအားလပ်သောအချိန်တိုင်းဝင်ရောက်နေမည်။မကောင်းသောအလုပ်ကနေအေးချမ်းစိတ်ဖြင့်နေနိုင်မည်။ပြုံးနေပါ။နုပျိုပြီကုသိုလ်ရသည်။စိတ်ညစ်ပါကရယ်စရာအတွေးတွေးပါ။နောက်တချိန်စိတ်ညစ်စရာများသည်ရယ်စရာဘဝကိုဖန်းတီးပေးသည်ဟုတွေးပါ။'''အားလုံးအေးချမ်းပါစေ''''ရွှတ်ပါ။မိမိကိုယ်တိုင်အရင်အေးချမ်းပါမည်။လှကေသွယ်တို့ပျော်ရွှင်ရန်ယနေ့ပင်မေတ္တာပွားစို့။ပျော်ရွှင်မူများရှိရာလှကေသွယ်ကသင်၏ကောင်းခြင်းမကောင်းခြင်းကိုနားလည်ပြီမေတ္တာဖြင့်ဖေးမကူညီမည်။စာရေးခြင်းမေတ္တာပွားခြင်းတရားထိုင်ခြင်းပညာသင်ခြင်းအလှအပဆိုင်ရာသင်တန်းပေးခြင်းဖြင့်တစ်ဦးချင်းစီတိုင်းကိုမေတ္တာပို့နေမည်။ ထာဝရစက္ကန့်တိုင်းပျော်ရွှင်ပါစေ။ HLA KAY THWE CARRY ON HAPPY. လှကေသွယ်(အလှပြုပြင်ရေး) ဖုန်း၀၉၉၇၈၈၃၆၅၈၅ PHONE 09978836585 အမှတ်၂၁၅/ပထမထပ်/ကျိုက္ကဆံလမ်း/ကျောက်မြောင်း/တာမွေ/ရန်ကုန်/မြန်မာနိုင်ငံ

လှကေသွယ်သည်လက်ရှိ၅မိနစ်တိုင်းအားတန်ဖိုးထားသည်။အတိတ်ဖြစ်ရပ်များသည်ပြီးဆုံးသည်။ပြန်တမ်းတ၍မရပါ။မစဉ်းစားပါနဲ့။နောက်လာမည်အနာဂတ်ကိုမပူပါနဲ့။လက်ရှိ၅မိနစ်ကိုကြိုးစားပါ။ပျော်ရွှင်ပါ။သင်၏ဘဝမြင့်မားလာမည်။ကျေးဇူးသိတတ်သူသည်ဘယ်တော့မှဒုက္ခမရောက်ပါ။အခက်အခဲဖြစ်ပါကသင်ကိုရည်မှန်းချက်ရောက်ရန်တွန်းပို့သောအားဖြစ်သည်။မိမိအားနည်းချက်ကိုသိပါ။ခွန်အားအဖြစ်ပြောင်းလဲပါ။ထိုအခါဆန္ဒနှင့်ဘဝထပ်တူကြမည်။လှကေသွယ်သည်ဤနည်းလမ်းအတိုင်းဘဝကိုကျော်ဖြတ်ခဲ့သည်။ပေါ့ပါးပျော်ရွှင်ပြီးသေလျှင်ပျော်ရွှင်ပြီးသေမည်။မေတ္တာပွားဖို့မမေ့နဲ့လေ။စကားလုံးလေးလုံးပေါ့။''''အားလုံးအေးချမ်း'''ပေါ့။အခက်အခဲကြီးမားပါကရယ်စရာအဖြစ်ကြည့်ပါ။နည်းလမ်းရှာပါ။အောင်မြင်မူရမည်။သတိတရားထားပြီးအေးချမ်းစွာနေပါ။မကောင်းသောစကားလုံးဝမသုံးပါနဲ့။လူဘဝသည်တိုတောင်းသည်။အချိန်အားတိုင်းမေတ္တာပွားပါ။ကူညီပါ။အေးချမ်းစွာနေထိုင်သောလှကေသွယ်၏နည်းပါ။ ထာဝရစက္ကန့်တိုင်းပျော်ရွှင်ပါစေ။ လှကေသွယ်(အလှပြု ပြင်ရေး) ဖုန်း၀၉၉၇၈၈၃၆၅၈၅/09978836585 ကျောက်မြောင်း/တာမွေ/ရန်ကုန်

လှကေသွယ်၏ပျော်ရွှင်စရာနည်းလမ်း။ မနက်အိပ်ရာထလျှင်ကျေးဇူးရှင်တိုင်းကိုမေတ္တာပို့ပါ။ဆုတောင်းပေးပါ။ ဘုရားတရားသံဃောမိဘဆရာကျေးဇူးရှင်တိုင်းကိုရိုသေစွာကန်တော့ပါ။မိမိ၏ရုပ်နှင့်နာမ်ကိုမြတ်စွာဘုရားကိုလှူဒါန်းပါ။မိမိ၏ကောင်းခြင်းဆိုးခြင်းအားလုံးကိုလှူဒါန်းပါ။မိမိကိုယ်ကိုဖြူစင်သောစိတ်ထားဖြင့်မနက်ခင်းကိုစတင်ပါ။အပြုံလေးပြုံဖို့မမေ့နဲ့နော်။ကွယ်လွန်သူအားလုံးကိုအမျှဝေပါ။မေတ္တာလေးပွားရန်''''အားလုံးအေးချမ်းပါစေ''''ကိုမိမိ၏အားလပ်ချိန်တိုင်းပွားများနေပါ။နေ့သစ်တိုင်းကိုခွန်အားတိုးပွားစေသည်။ဤနည်းမှာလှကေသွယ်၏ပျော်ရွှင်နည်းပါ။အခြားသူအားအဆိုးမမြင်ပါနဲ့။ဆိုးလွန်းသူတွေ့ပါက၎င်း၏ပူလောင်မူကိုနမူနာယူ၍အေးချမ်းစွာနေထိုင်ပါ။သူတို့၏ဘဝပေးကိုသင်ခန်းစာယူတတ်ပါစေ။တတ်နိုင်လျင်အဝေးမှရှောင်ကွင်းပါ။ဘဝသည်တိုတောင်းသည်။၎င်းဆိုးလွန်းသူကိုကြည့်မည်အစားမေတ္တာပွား၍အေးချမ်းနေပါ။ဒုက္ခလာပေးပါကအတတ်နိုင်ဆုံး'''''ဗုဒ္ဓသရဏဂစ္ဆာမိ'''''ရွှတ်ပါ။အန္တာရာယ်လုံးဝနီးနီးကင်းစေသည်။အမြဲပျော်ရွှင်သောပျော်ရွှင်စရာကမ္ဘာကိုလက်ရှိအချိန်၅မိနစ်ကိုသာကြည့်၍ပျော်ရွှင်အောင်နေပါ။ ထာဝရစက္ကန့်တိုင်းပျော်ရွှင်ပါစေ။ လှကေသွယ်(အလှပြုပြင်ရေး) ဖုန်း၀၉၉၇၈၈၃၆၅၈၅/၀၉၉၇၆၈၅၈၂၀၃ လှကေသွယ်အလှပြုပြင်ရေးသင်တန်းကျောင်း အမှတ်၂၁၅/ပထမထပ်/ကျိုက္ကဆံလမ်း/ကျောက်မြောင်း/တာမွေ/ရန်ကုန်/မြန်မာနိုင်ငံ KBZ BANK INFRONT OF HLA KAY THWE CARRY ON HAPPY.ပျော်ရွှင်မူများရှိရာလှကေသွယ်ကမ္ဘာ

လှကေသွယ်၏ပျော်ရွှင်စရာနည်းလမ်း။ မနက်အိပ်ရာထလျှင်ကျေးဇူးရှင်တိုင်းကိုမေတ္တာပို့ပါ။ဆုတောင်းပေးပါ။ ဘုရားတရားသံဃောမိဘဆရာကျေးဇူးရှင်တိုင်းကိုရိုသေစွာကန်တော့ပါ။မိမိ၏ရုပ်နှင့်နာမ်ကိုမြတ်စွာဘုရားကိုလှူဒါန်းပါ။မိမိ၏ကောင်းခြင်းဆိုးခြင်းအားလုံးကိုလှူဒါန်းပါ။မိမိကိုယ်ကိုဖြူစင်သောစိတ်ထားဖြင့်မနက်ခင်းကိုစတင်ပါ။အပြုံလေးပြုံဖို့မမေ့နဲ့နော်။ကွယ်လွန်သူအားလုံးကိုအမျှဝေပါ။မေတ္တာလေးပွားရန်''''အားလုံးအေးချမ်းပါစေ''''ကိုမိမိ၏အားလပ်ချိန်တိုင်းပွားများနေပါ။နေ့သစ်တိုင်းကိုခွန်အားတိုးပွားစေသည်။ဤနည်းမှာလှကေသွယ်၏ပျော်ရွှင်နည်းပါ။အခြားသူအားအဆိုးမမြင်ပါနဲ့။ဆိုးလွန်းသူတွေ့ပါက၎င်း၏ပူလောင်မူကိုနမူနာယူ၍အေးချမ်းစွာနေထိုင်ပါ။သူတို့၏ဘဝပေးကိုသင်ခန်းစာယူတတ်ပါစေ။တတ်နိုင်လျင်အဝေးမှရှောင်ကွင်းပါ။ဘဝသည်တိုတောင်းသည်။၎င်းဆိုးလွန်းသူကိုကြည့်မည်အစားမေတ္တာပွား၍အေးချမ်းနေပါ။ဒုက္ခလာပေးပါကအတတ်နိုင်ဆုံး'''''ဗုဒ္ဓသရဏဂစ္ဆာမိ'''''ရွှတ်ပါ။အန္တာရာယ်လုံးဝနီးနီးကင်းစေသည်။အမြဲပျော်ရွှင်သောပျော်ရွှင်စရာကမ္ဘာကိုလက်ရှိအချိန်၅မိနစ်ကိုသာကြည့်၍ပျော်ရွှင်အောင်နေပါ။ ထာဝရစက္ကန့်တိုင်းပျော်ရွှင်ပါစေ။ လှကေသွယ်(အလှပြုပြင်ရေး) ဖုန်း၀၉၉၇၈၈၃၆၅၈၅/၀၉၉၇၆၈၅၈၂၀၃ လှကေသွယ်အလှပြုပြင်ရေးသင်တန်းကျောင်း အမှတ်၂၁၅/ပထမထပ်/ကျိုက္ကဆံလမ်း/ကျောက်မြောင်း/တာမွေ/ရန်ကုန်/မြန်မာနိုင်ငံ KBZ BANK INFRONT OF HLA KAY THWE CARRY ON HAPPY.ပျော်ရွှင်မူများရှိရာလှကေသွယ်ကမ္ဘာ

POST GRADUATE DIPLOMA OF MYANMAR HISTORY AND CULTURE မှအချစ်ဆုံးမစိုးစိုးနှင်းဖြူနှင့်နှင်းသက်မွန်တို့နှင့်အတူလှကေသွယ်ကိုပျော်ရွှင်စွာတွေ့ရမည်။ အားလုံးပျော်ရွှင်လှကေသွယ်စေတနာပင်။ လှကေသွယ်(အလှပြုပြင်ရေး) ဖုန်း၀၉၉၇၈၈၃၆၅၈၅

အချိန်တိုတိုနှင့်ဆံပင်ညှပ်ပညာသင်ချင်ပါသလား။လှကေသွယ်အလှပြုပြင်ရေးသင်တန်းကျောင်းရှိတယ်။တပတ်သင်တန်းတတ်ရုံဖြင့်ဆံပင်ညှပ်ပညာကျွမ်းကျင်စေမည်။ဆံပင်ညှပ်နည်းမျိုးစုံပေါ့။အချိန်ပိုင်း၂နာရီအချိန်ပေးရုံဖြင့်ဆံပင်ညှပ်နည်းအမျိုးမျိုးကိုကိုယ်ပိုင်ဆိုင်ဖွင့်နိုင်သည်အထိသင်ကြားပေးမည်။ သင်တန်းကြေးရက်တို-၁သိန်းကျပ်တိတိ လူကိုယ်တိုင်သာလာပါ။မည်သည်ပစ္စည်းမျှယူလာစရာမလိုပါ။ လှကေသွယ်အလှပြု ပြင်ရေးသင်တန်းကျောင်း အမှတ်၂၁၅/ကျိုက္ကဆံလမ်း/ကျောက်မြောင်း/တာမွေ/ရန်ကုန်/မြန်မာနိုင်ငံ အဆောင်ဌားရန်ရှိသည်။ အမျိုးသမီးသီသန့် ပညာပြည့်ဝဖို့လှကေသွယ်အလှပြုပြင်ရေးသင်တန်းတတ်ကြစို့။

အပြုံးချိုချိုစကားချိုချိုသုံးပြီလူလောကကိုအလှဆင်ပါ။ နှလုံးလှပရန်မေတ္တာပွားပါ။မျက်နှာလည်းအေးချမ်းသည်။မျက်နှာတစ်ခုလုံးသည်အကြည်ဓာတ်များထွက်နေသည်။ဒါသည်မေတ္တာပွားခြင်းအကျိုးပင်။မိမိကိုယ်တိုင်မှအစပြု၍လူတစ်ယောက်ချင်းမေတ္တာပွားပါကလှပသောအေးချမ်းသောကမ္ဘာမြေကိုရရှိမည်။ဒေါသသည်လည်းရှားပါးသွားသည်။လောဘကိုတော့အသိတရားဖြင့်ထိန်းပါ။မိမိ၏လူဘဝသက်တမ်းတိုသည်။လူဖြစ်စဉ်ခဏလေးမှပျော်ရွှင်စွာနေဖို့သတိကပ်ပါ။မောဟလည်းတဖြည်းဖြည်းပါးမည်။အရေးကြီးဆုံးမှာအေးချမ်းသောမေတ္တာပွားမူကိုပစ္စုပ္ပန်၅မိနစ်တိုင်းပွားများနေပါ။တနည်းဆိုသော''အားလုံးအေးချမ်းပါစေ'''ဟုစိတ်ထဲ၌ရွှတ်ရုံလေးပေါ့။ကျန်တာတွေမတွေးတောပါနဲ့။ခဲတလုံးနှင့်ဌက်၃ကောင်တစ်ခါတည်းထိသည်။မေတ္တာပွားရုံဖြင့်လောဘ/ဒေါသ/မောဟတဖြည်းဖြည်းနေသွားမည်။ အားလုံးပျော်ရွှင်လှကေသွယ်စေတနာပင်။ ထာဝရစက္ကန့်တိုင်းပျော်ရွှင်ပါစေ။ လှကေသွယ်(အလှပြု ပြင်ရေး) ဖုန်း၀၉၉၇၈၈၃၆၅၈၅ လှကေသွယ်အလှပြုပြင်ရေးသင်တန်းကျောင်း အမှတ်၂၁၅/ပထမထပ်/ကျိုက္ကဆံလမ်း/ကျောက်မြောင်း/တာမွေ/ရန်ကုန်/မြန်မာနိုင်ငံ အဆောင်ဌားရန်ရှိသည်။ အမျိုးသမီးသီသန့်

အခက်အခဲကိုအင်အားအဖြစ်ပြောင်းလဲပါ။ အားနည်ချက်ရှိပါကမိမိအားနည်းချက်ကိုသိပါ။ မိမိကိုယ်ကိုအားပေးပြီးခွန်အားအဖြစ်ပြောင်းလဲပါ။ အခက်အခဲတစ်ခုဖြေရှင်းပြီတိုင်းမိမိကိုယ်ကိုအားပေးပါ။။ လှကေသွယ်ကခြေမသန်ဘူးလေ။ လှည်းတန်းရှိသမိုင်းတက္ကသိုလ်တွင်ကျောင်းတတ်သည်။ခြေမသန်တာကိုခွန်အားအဖြစ်ပြောင်းလဲသည်။ ဘတ်စကားစီးဖို့လှည်းတန်းခုံကျော်တံတားအမြင့်လှေကားအများကြီးကိုလျောက်ရသည်။ လမ်းမလျောက်ခင်မိမိကိုယ်ကိုဂုဏ်ပြုတဲ့အနေဖြင့်မုန့်ဝယ်စားသည်။ အောင်မြင်စွာလှည်းတန်းခုံကျော်လှေကားကိုအောင်မြင်စွာဖြတ်ကျော်နိုင်ခဲ့သည်။ ဤသည်မှာလှကေသွယ်၏ယနေ့အဖြစ်အပျက်ပေါ့။ လူတိုင်းပျော်ရွှင်လှကေသွယ်၏စေတနာပင်။ထာဝရစက္ကန့်တိုင်းပျော်ရွှင်ပါစေ။ လှကေသွယ်(အလှပြု ပြင်ရေး) ဖုန်း၀၉၉၇၈၈၃၆၅၈၅ လှကေသွယ်အလှပြု ပြင်ရေးသင်တန်းကျောင်း အမှတ်၂၁၅/ပထမထပ်/ကျိုက္ကဆံလမ်း/ကျောက်မြောင်း/တာမွေ/ရန်ကုန်/မြန်မာနိုင်ငံ အဆောင်ဌားရန်ရှိသည်။ အမျိုးသမီးသီသန့်

သင်၏အပြုံးလေးဖြင့်ပျော်ရွှင်စရာကမ္ဘာကိုစတင်ဖန်တီးလိုက်ပါ။အပြုံးသည်လူလောကကိုလှပစေသည်။စိတ်အေးချမ်းအောင်တော့မေတ္တာလေးပွားပါ။'''အားလုံးအေးချမ်းပါစေ''''ဟုပွားပါ။လူလောကကိုအေးချမ်းစွာကြည့်ပါ။ရောဂါဝေဒနာကိုသတိလေးကပ်ပြီးတရားမှတ်နေလိုက်ပါ။ ထာဝရစက္ကန့်တိုင်းပျှော်ရွှင်ပါစေ။ လှကေသွယ်(အလှပြု ပြင်ရေး) ဖုန်း၀၉၉၇၈၈၃၆၅၈၅

သင်၏အပြုံးလေးဖြင့်ပျော်ရွှင်စရာကမ္ဘာကိုစတင်ဖန်တီးလိုက်ပါ။အပြုံးသည်လူလောကကိုလှပစေသည်။စိတ်အေးချမ်းအောင်တော့မေတ္တာလေးပွားပါ။'''အားလုံးအေးချမ်းပါစေ''''ဟုပွားပါ။လူလောကကိုအေးချမ်းစွာကြည့်ပါ။ရောဂါဝေဒနာကိုသတိလေးကပ်ပြီးတရားမှတ်နေလိုက်ပါ။ ထာဝရစက္ကန့်တိုင်းပျှော်ရွှင်ပါစေ။ လှကေသွယ်(အလှပြု ပြင်ရေး) ဖုန်း၀၉၉၇၈၈၃၆၅၈၅

လှကေသွယ်၏ဘဝတိုးတက်ရန်ကြိုးစားအားထုတ်ရတွင်အားနည်ချက်များရှိတတ်သည်။။ ၁။လောကီချမ်းသာမူပျှော်ရွှင်မူချမ်းသာမူကိုအမျိုးမျိုးနည်းလမ်းသုံး၍ပေးချင်သည်။အတတ်ပညာမျိစုံကိုသင်ကြားသည်။ဗဟုသုတမျိုးစုံကိုအဓိကအားဖြင့်စာရေးသားခြင်းဖြင့်ပေးသည်။အရင်ကတော့စာအုပ်ရေးသားသည်။နောက်ပိုင်းဝိုင်ဖိုင်ဖြင့်EBOOKအုပ်၄၀ထုတ်သည်။ပြန်ကြားရေးဌာနကိုလှူသည်။ငွေကုန်ကျေးကြများသည်။ယခုအချိန်တွင်GOOGLE တွင်BLOGGER ဘလော့တင်၍စာရေးသည်။မည်သူမဆိုလွယ်ကူစွာစာဖတ်နိုင်သည်။လှကေသွယ်သည်ဗီဒီယိုထုတ်လုပ်၍အလှအပဆိုင်ရာအတတ်ပညာကိုဗီစီဒီထုတ်သည်။ထိုထက်လွယ်ကူသည်မှာINTERNET တွင်ချက်ချင်းရိုက်၍ချက်ခြင်းတင်ခြင်းသည်ငွေကုန်ကျေးကျသက်သာသည်။ထူးခြားသည်မှာစာရေးခြင်းနှင့်ဗီစီဒီရိုက်ခြင်းမှငွေတော့မရတော့ပါ။အတတ်ပညာကိုငွေကုန်ကျေးကြခံပြီးသင်ကြား၍အခမဲ့ဝေဌာခြင်းကြောင့်အကြွေးတင်သည်။အမြတ်ရသည်မှာဘွဲ့လွန်ဒီပလိုမာများရရှိစေသည်။မည်သည်လုပ်ငန်းတွင်မဆိုအားနည်းချက်အားသာချက်ရှိသည်။အောင်မြင်ချိန်ရှိသကဲ့သို့ကျရှုံးချိန်ရှိသည်။မကြောက်ပါနဲ့။မိမိ၏စိုက်ပျိုးထားသောအသီးကိုမိမိကိုယ်တိုင်ရိတ်သိမ်းရမည်။ ထာဝရစက္ကန့်တိုင်းပျှော်ရွှင်ပါစေ။ လှကေသွယ်(အလှပြုပြင်ရေး) ဖုန်း၀၉၉၇၈၈၃၆၅၈၅/၀၉၉၇၆၈၅၈၂၀၃ လှကေသွယ်အလှပြုပြင်ရေးသင်တန်းကျောင်း အမှတ်၂၁၅/ပထမထပ်/ကျိုက္ကဆံလမ်း/ကျောက်မြောင်း/တာမွေ/ရန်ကုန်/မြန်မာနိုင်ငံ

လှကေသွယ်၏စိတ်ကူးသောပုံရိပ်ကလေး။ လှကေသွယ်ကျေးဇူးတင်သောအရာမှာသွေးစစ်ဆေးခြင်းကိုအခမဲ့ပြုလုပ်ပေးနိုင်အရာသည်ရန်ကုန်ဆေးရုံအရေးပေါ်းဌာနပါ။လှကေသွယ်၏တပည့်သည်၅ရက်၅လပိုင်းဆေးရုံစတတ်သည်။တတ်နိုင်သမျှဆေးရုံကသွေးကိုအခမဲ့ဆေးစစ်သည်။ဒါပေမယ်အချို့ကိုဆေးရုံပြင်ပတွင်စစ်ရသည်။အချို့လာရောက်ပြသရသောလူနာစောင့်များသည်မိုးတွင်း၌လမ်းကူးပြီးသွေးစစ်ခြင်းကအခါခါလုပ်ရသည်။ပြင်ပတွင်သွေးစစ်ခြင်းသည်ငွေကုန်ကျေးကြများသည်။လှကေသွယ်စိတ်ကူးရင်သောပုံရိပ်သည်သွေးစစ်ခြင်းအားလုံးကိုဆေးရုံ၌အခမဲ့ရရှိစေချင်သည်။လူဗမာတွေကိုအိမ်သာရေချိုးခန်းကိုသပ်ရပ်စွာပြုလုပ်ပေးထားခြင်းသည်ပျော်ရွှင်စရာတစ်ခုပင်။အိမ်သာကိုသက်ကြီးရွယ်အိုအတွက်ထည့်သွင်းစဉ်းစားပြီဘိုထိုင်အိမ်သာဆောက်ထားခြင်းသည်မင်္ဂလာတစ်ပါးပါ။အားလုံးပျော်ရွှင်အောင်အလှု ရှင်အားလုံးစုပေါင်းပြီးသွေးစစ်ခန်းများကိုဆေးရုံတစ်ခုတည်း၌ရအောင်လှုဒါန်းခြင်းသည်ပျော်ရွှင်စရာပေါ့။အားလုံးပျော်ရွှင်လှကေသွယ်စေတနာပင်။ ထာဝရစက္ကန့်တိုင်းပျော်ရွှင်ပါစေ။ လှကေသွယ်(အလှပြုပြင်ရေး) ဖုန်း၀၉၉၇၈၈၃၆၅၈၅

လှကေသွယ်၏စိတ်၏ဖြေရာ။ တခါတရံကျလျှင်ပျင်းရိခြောက်ကပ်နေတတ်သည်။သတိတရားကပ်ပြီးကြိုးစားနေရသည်။အပျိုကြီးမို့တရားမှတ်ခြင်းနှင့်စာဖတ်စာကျက်ခြင်းကိုအဓိကလုပ်သည်။အဓိကကတော့အနတ္တတရားပေါ့။သူသဘောဝနှင့်သူစီးမျောနေတယ်။ဤသဘောတရားကို၁၀တန်းနွေရာသီ၌မဟာစည်တရားရိပ်သာတွင်တရားမှတ်လျင်သိလာသောတရားဖြစ်သည်။ဒါကြောင့်ဘဝကိုအစဉ်လိုက်သဘောတရားကိုနားလည်ပြီးဖြစ်နေသောသဘောတရားကိုကောင်းသောအရာဘက်ဦးတည်စေသည်အဓိကတော့မကောင်းသောအရာကိုတတ်နိုင်သမျှရှောင်သည်။ကောင်းသောအရာထဲမှာဝါသနာပါတာကိုအဓိကရွေးလုပ်သည်။စိတ်ထဲဖြူစင်အောင်မေတ္တာပွားသည်။'''ဗုဒ္ဓ သရဏံ ဂစ္ဆမိ''''ကိုရွှတ်ပွားသည်။သတိကပ်သည်။မကောင်းသောအတွေးဝင်လာသည်။မကြောက်နဲ့။အဲဒါအနတ္တသဘောပါ။ဤသဘောကိုနားလည်းပြီးသီးချင်းဖွင့်ပြီးတရားမှတ်သည်။ပျော်ရွှင်စွာနေပါ။သင်ဘဝသည်ကံကောင်းလာမည်။မကောင်းသောအတွေးတိုင်းသည်မကောင်းသောသူမဖြစ်ပါ။ထို့ကြောင့်ကောင်းသောအလုပ်ကိုဦးတည်ပြီလုပ်ပါ။မကောင်းသောအတွေးတွေးပါကမိမိ၏စိတ်ကိုကလေး၏ဖြူစင်သောစိတ်ဖြင့်ချက်ချင်းအစားထိုးပါ။သင်သည်ဖြူစင်အေးချမ်းသောဘဝကိုရရှိမည်။ အားလုံးပျော်ရွှင်လှကေသွယ်၏စေတနာပါ။ထာဝရစက္ကန့်တိုင်းပျော်ရွှင်ပါစေ။ လှကေသွယ်(အလှပြု ပြင်ရေး) ဖုန်း၀၉၉၇၈၈၃၆၅၈၅/၀၉၉၇၆၈၅၈၂၀၃ လှကေသွယ်အလှပြုပြင်ရေးသင်တန်းကျောင်း အမှတ်၂၁၅/ပထမထပ်/ကျိုက္ကဆံလမ်း/ကျောက်မြောင်း/တာမွေ/ရန်ကုန်/မြန်မာနိုင်ငံ ပျော်ရွှင်မူများရှိရာလှကေသွယ်ကမ္ဘာ HLA KAY THWE CARRY ON HAPPY

ကဲပြုံးပြုံးအတိုင်းတကိုယ်လုံးကိုလင်းလက်တောက်ပအောင်လုပ်ကြစို့။အပျော်သဘောဆော့စရာအနေနဲ့နော်။လှကေသွယ်ကအားလုံးကိုပျော်ရွှင်စေသောစေတနာဖြင့်ရေးဖွဲ့ပါသည်။ ၁။ဆံပင်အရောင်လက်လိုပါကကော်ရည်ဖြန်းပါ။ပြီးနောက်ရွှေမှုန့်ငွေမှုန့်ဖြူးပါ။လင်းလက်တောက်ပနေသောဆံပင်ကိုရရှိမည်။ ၂။မျက်လုံးအရောက်တောက်ပလိုပါကမျက်တောက်ကပ်ကိုလိမ်းပါ။၎င်းအပေါ်၌ရွှေမှုန့်ငွေမှုန့်အရောင်မှုန့်များကပ်ပါ။တမူထူးခြားနေသောမျက်လုံးဒီဇိုင်ဆန်းဆန်းကိုရရှိမည်။ ၃။နှုတ်ခမ်းအရောင်လင်းလက်နည်း။နှုတ်ခမ်းကိုအဆီနှုတ်ခမ်းနီဆိုးပါ။၎င်းအပေါ်တွင်ရွှေမှုန့်ငွေမှုန့်အရောင်မှုန့်များကပ်ပါ။ထိုအခါလှပသောအလင်းဖြင့်တောက်ပသာနှုတ်ခမ်းကိုရရှိမည်။ ၄။မျက်နှာလင်းလက်လိုပါကလက်တွင်ကော်ရည်ဖြန်းပါ။မျက်နှာတွင်ပွတ်ပါ။ပြီးနောက်ရွှေမှုန့်ငွေမှုန့်အရောင်မှုန့်များကိုမိမိနှစ်သက်သောအရောင်ဖြင့်လိုက်၍ပွတ်ပေးပါ။ ၅။လက်/ခြေနှင့်တကိုယ်လုံးမိမိစိတ်ကြိုက်နေရာတွင်ကော်ရည်ကိုပထမဦးစွာလက်တွင်ဖြန်းပါ။အရောင်လင်းလက်လိုသောနေရာ၌လိမ်းပါ။ထိုနေရာအပေါ်၌မိမိစိတ်ကြိုက်အမှုန့်ကပ်ပါ။ပျော်ရွှင်စွာခံစားနိုင်သည်။ပျော်ရွှင်မူကိုတကယ်ခံစားရပါက like, share., subscribe လုပ်နိုင်ပါသည်။ ထာဝရစက္ကန့်တိုင်းပျှော်ရွှင်ပါစေ။ လှကေသွယ်(အလှပြုပြင်ရေး) ဖုန်း၀၉၉၇၈၈၃၆၅၈၅/၀၉၉၇၆၈၅၈၂၀၃ လှကေသွယ်အလှပြု ပြင်ရေးသင်တန်းကျေင်း အမှတ်၂၁၅/ပထမထပ်/ကျိုက္ကဆံလမ်း/ကျောက်မြောင်း/တာမွေ/ရန်ကုန်/မြန်မာနိုင်ငံ ပျော်ရွှင်မူများရှိရာလှကေသွယ်ကမ္ဘာ Hla Kay Thwe Carry On HAPPY.

လှကေသွယ်၏ချစ်စဖွယ်ပုံပြင်များ။ လှကေသွယ်၏အသက်ကိုကယ်လိုက်သောစကားလုံး။ လှကေသွယ်၏အသက်၂၄နှစ်ကပေါ့။ ဆရာဆရာမကျောင်းသားကျောင်းသူ၏အထင်လွဲမူကိုခံစားရသည်အချိန်ပေါ့။စိတ်ကလည်းအကြောက်တရားနှင့်အရှက်တရားလွန်ဆွဲနေချိန်လေ။မိခင်မကွယ်လွန်ခင်၂လအချိန်ကပေါ့။ဘုရား၌မိမိကိုအထင်လွဲတာပျောက်ကွယ်ပြီအမှန်တရားပေါ်စေရန်သစ္စာဆိုခဲ့သည်။ထိုနောက်တရားကိုနှလုံးသွင်းရင်မိမိ၏နှလုံးဆီသွားသောသွေးကြောကိုစိတ်ဖြင့်ဖြတ်တောက်ဖို့ကြိုးစားသည်။အကယ်၍သေခဲ့သောမိမိ၏ရုပ်အလောင်းကိုအမေကိုင်ပါကအမေရောဂါပျောက်ပါစေဟုသစ္စာဆိုသည်။မိမိကိုယ်ကိုစိတ်ဖြင့်တရားကျင့်ရင်သေဆုံးရန်ကြိုးစားသည်။ထိုနောက်''ဗုဒ္ဓ မြတ်စွာဘုးကို သရဏံ ကိုးကွယ်လှဲလောင်းပုန်းအောင်းမှီခိုရာဟူ၍ ဂစ္ဆာမိ ဆည်းကပ်ပါ၏အရှင်ဘုရား'''ဟုရွှတ်သည်။အခြားဂါထာရွှတ်လျှင်ဝေဒနာခံစားရသည်။ဤ''''ဗုဒ္ဓ သရဏံ ဂစ္ဆာမိ''''ရွှတ်တိုင်းအေးချမ်းမူလုံခြုံမူအကာအကွယ်ရရှိသကဲ့သို့ခံစားရသည်။ယခုအသက်၄၄နှစ်အချိန်အထိပွားများသည်။''''''အားလုံးအေးချမ်းပါစေ''''ကိုတစ်ယောက်တည်းရှိချိနအားလပ်သောအချိန်တိုင်းပွားများသည်။မိတ်ဆွေကောင်းကူညီမည်သူပေါများသည်။စိတ်ရောဂါသက်သာသောဆေးကိုတော့ယခုအထိသောက်ရသည်။မိမိ၏စိတ်နှလုံးသားကိုကယ်တင်ခြင်းလျှင်အမူအရာတိုင်းကိုသတိကပ်ပါ။မေတ္တာပွားပါ။လှကေသွယ်၏အသက်ကိုကယ်သောစကားမှာ '''''''ဗုဒ္ဓ သရဏံ ဂစ္ဆမိ''''''ပါ။ကိုယ်တိုင်ရွှတ်ပွားပါ။ကိုယ်တိုင်စမ်းကြည့်ပါ။ဤအဖြစ်အပျက်ကိုကိုယ်ချင်းစာပြီစိတ်ရောဂါဖြစ်သူကိုကူညီချင်ပါက Like...Share,..Subscribe လုပ်ပါ။အားလုံးပျော်ရွှင်လှကေသွယ်ဆန္ဒပင်။ ထာဝရစက္ကန့်တိုင်းပျှော်ရွှင်ပါစေ။ လှကေသွယ်(အလှပြု ပြင်ရေး) ဖုန်း၀၉၉၇၈၈၃၆၅၈၅/၀၉၉၇၆၈၅၈၂၀၃ လှကေသွယ်အလှပြု ပြင်ရေးသင်တန်းကျောင်း အမှတ်၂၁၅/ပထမထပ်/ကျိုက္ကဆံလမ်း/ကျောက်မြောင်း/တာမွေ/ရန်ကုန်/မြန်မာနိုင်ငံ(ကျောက်မြောင်းဈေးမှတ်တိုင်ရှေ့)်

လှကေသွယ်၏ချစ်စဖွယ်ပုံပြင်များ။ လှကေသွယ်၏ဆံပင်ကိုရှည်လိုက်တိုလိုက်ဆော့ကြမယ်။ ဆံပင်အရှည်ဆက်မယ်ဆိုရင် ၁။ဆံပင်ရှည်တစ်စု ၂။ကွင်းကလေး ၃။ဂွချိတ် ၄။ပလာယာ ၅။ဆံပင်ကပ်ကော် ပစ္စည်း၅မျိုးပဲလိုပဲလိုသည်။ ပထမဦးစွာဆံပင်စုသေးလေးကိုတစ်စုဖြင့်အောင်ဆံပင်ထိပ်တွင်ကပ်ပါ။ဆံပင်တစ်စုကိုရရှိသည်။ဆံပင်ရှည်တစ်စုသည်မိမိလိုချင်သောအရှည်ဖြစ်သည်။ထိုနောက်ဆံပင်အရင်းကိုဂွသုံးပြီးဆံပင်နည်းနည်းစုစည်းပါ။ကွင်းကလေးကိုဆံပင်းအရင်းတွင်ထားပါ။ထိုနောက်ဆံပင်စတစ်စုကိုကွင်း၌ဆံပင်အရင်းဆံပင်ကိုပေါင်းပါ။ထိုနောက်ပလာယာဖြင့်ကွင်းကိုဖိပါ။ထိုအခါခိုင်မြဲသောဆံပင်စုရှည်ရှည်ကိုရရှိစေသည်။ဆံပင်ကိုရှည်လိုက်တိုလိုက်အမြဲလုပ်နိုင်ပြီးပေါ့။နဂိုဆံပင်ကိုရလိုပါကကွင်းဖြင့်ပလာယာကိုကန့်လန့်ပြန်ဖြည်ပါ။ထိုအခါမိမိ၏ဆံပင်ကိုလိုသလိုရှည်တိုစိတ်ကြိုက်လုပ်ပါ။ပျော်ရွှင်ပါစေ။ပုံပြင်လေးကိုကြိုက်လျှင်like..,share..subscribe လုပ်နိုင်ပါသည်။ ထာဝရစက္ကန့်တိုင်းပျော်ရွှင်ပါစေ။ လှကေသွယ်(အလှပြု ပြင်ရေး) ဖုန်း၀၉၉၇၈၈၃၆၅၈၅./၀၉၉၇၆၈၅၈၂၀၃ လှကေသွယ်အလှပြုပြင်ရေးသင်တန်းကျောင်း အမှတ်၂၁၅/ပထမထပ်/ကျိုက္ကဆံလမ်း/ကျောက်မြောင်း/တာမွေ/ရန်ကုန်/မြန်မာနိုင်ငံ