စိတ်စိတ်ချင်းချစ်သူ အပိုင်း၂၂

စိတ်စိတ်ချင်းချစ်သူ အပိုင်း၂၂
ကိုကိုကသိပ်မပြုံးတော့ဘူးနော်။လှကေသွယ်ကအကျင့်အတိုင်းပျှော်ရွှင်စွာရယ်မောနေသည်။စိတ်တော့မကောင်းဘူး။လှကေသွယ်ပျှော်ပျှော်ရွှင်ရွှင်နေတာမကောင်းလို့လားကိုကို။လူတိုင်းကိုပျှော်ရွှင်စွာနူတ်ဆက်သည်။ကူညီစရာကူညီနေသည်။နောက်ပိုင်းအဖြစ်အပျက်တွေကိုကြိုသိနေလို့လားကိုကို။ဒီနောက်ပိုင်းကိုကိုသည်လုံးဝအပြုံးမရှိသလောက်နည်းလာသည်။လှကေသွယ်နှာခေါင်းခွဲစိတ်ဖို့ဆေးရုံတက်သည်။အဲဒီအချိန်ကဘွဲ့လွန်ကွန်ပျူတာဒီပလိုမာနှင့်ဘွဲ့လွန်ဂီတဒီပလိုမာတက်နေသည်။UKသံရုံး ကကျင်းပသောအင်ဂျင်နီယာစာမေးပွဲအတွက်ပြင်ဆင်နေချိန်ဖြစ်သည်။ရုတ်တရက်ဆေးရုံတက်သည်။ဆေးရုံတက်သည်နေ့မှာအံ့သြစွာသင်တန်းကြေး၃၃၀၀၀၀(၃သိန်း၃သောင်း)ရသည်။လှကေသွယ်ကိုအားလုံးအံ့သြသင့်ကြသည်။လှကေသွယ်သည်အခက်အခဲကြုံတိုင်းငွေကချက်ချင်းဝင်တတ်သည်။လှကေသွယ်ဆေးရုံတက်ရန်ပြင်ဆင်ချိန်ထိငွေလုံးဝမရှိသေးပေ။
အချိန်ကိုက်ပြီးငွေကဝင်လာတတ်သည်။မအံ့သြပါ။အဲဒီအတိုင်းခရီးသွားဖို့ပြင်တိုင်းငွေမရှိလည်းစိတ်ကိုမပူတတ်ပါ။အချိန်ကိုက်ပြီးငွေဝင်ကိုဝင်သည်။လမ်းမှာလှကေသွယ်ကိုဒုက္ခမရောက်စေလိုသောသူများ/လှကေသွယ်ကိုဝိုင်းကူညီတဲ့သူတွေရှိတာကိုအလိုလိုခံစားမိသည်။ကျေးဇူးတင်ပါတယ်။လှကေသွယ်လည်းပထမပိုင်းတော့မရိပ်မိသေးပါ။လှကေသွယ်ကသူတပါးကူညီလျှင်ထိုသူတို့ဘဝအောင်မြင်အောင်ငွေအားအကြံဥာဏ်ပညာတွေကိုပညာစားမချန်ပဲအိတ်သွန်ဖာမှောက်ပေးလေ့ရှိတယ်။လှကေသွယ်၏ဝန်ထမ်းအများစုကဆိုင်ပိုင်ရှင်ဖြစ်သွားသည်။သင်တန်းသူတော်တော်များများသည်လှကေသွယ်ထက်ပိုတော်အောင်ပညာသင်ပေးသည်။ဆိုင်ဖွင့်လျှင်အောင်မြင်သူများသည်။လှကေသွယ်သိသမျှအားလုံးကိုစာအုပ်ရေးသည်။စာမရေးတတ်သူတွေကြားရုံဖြင့်ပညာတတ်အောင်စာအုပ်ကိုအသံသွင်းဗီစီဒီဖန်းတီးသည်။နည်းပညာတွေစီပွားရေးလျှိုဝှက်ချက်အားလုံးကိုဖွင့်ထုတ်ရေးသားသည်။သိန်းပေါင်းများစွာဖြင့်ပညာသင်ကြားပြီးလျှင်ပြီးချင်းစာအုပ်ထဲ၌စီးပွားရေးရှာဖွေရာ၌အဓိကအချက်ကိုဦးစားပေးရေးသားသည်။လှကေသွယ်ရေးသားသောစာအုပ်သည်အလှအပဆိုင်ရာနည်းပညာကိုကိုယ်ပိုင်ဟန်တီထွင်ရေးသားသည်။အလွယ်တကူမှတ်နိုင်ရန်သီချင်းရေးပြီးကိုယ်တိုင်သီဆိုဇာတ်လမ်းဒါရိုက်တာလုပ်ပြီးကိုယ်တိုင်ထုတ်လုပ်သည်။ကူညီသူတိုင်းကိုမှတ်တမ်းတင်သည်။လှကေသွယ်ကတစ်ယောက်တည်းအတွက်ရှာဖွေရသည်။အခြားသူတွေကမိသားစုအများကြီးကိုရှာဖွေကျွေးရသည်။သူတို့ကိုယ်တိုင်ဘယ်ပိုက်ဆံဖြင့်ပညာသင်မလဲ။ပညာသင်ဖို့အချိန်ပေးရဦးမယ်။ဥာဏ်အားထည့်ရမည်။ပညာရပ်တစ်ခုကိုကျွမ်းကျင်သောသူနှင့်ပညာရပ်တော်တော်များများလေ့လာထားသူတို့၏ကြည့်သောရူထောင့်ခြင်းတောင်လုံးဝမတူပေ။လှကေသွယ်ကပညာရပ်သီးသန့်လေ့လာသူမို့ပညာရပ်တစ်ခုသင်လိုက်တာနှင့်မည်သည်အချက်ကအရေးကြီးဆုံးဆိုတာချက်ချင်းသိသည်။ပညာရပ်တွေကိုတစိုက်မတ်စွာလေ့လာပြီးလူတွေကိုအလွယ်ကူဆုံးသိရန်စေတနာထားပြီးစာရေးသားသည်။ပညာ၏အရေးကြီးဆုံးကိုသီချင်းထဲထည့်သွင်းဆိုသည်။ဤစေတနာတွေ၏အကျိုးဆက်လို့ထင်သည်။စိတ်ရောဂါသည်တွေထဲမှကံကောင်းသူဟုဆိုနိုင်သည်။အမျိုးတွေကလှကေသွယ်ကစံပြပုဂ္ဂိုလ်လို့ပြောလိုက်တာကြားလိုက်လို့အံ့သြသွားသည်။လှကေသွယ်ကဆက်တိုက်ပညာသင်ကြားတာတစ်ခုပဲရှိတယ်။ပညာသင်တော့ဘွဲ့၈ဘွဲ့ကအနည်းဆုံးရသည်။လှကေသွယ်ကံကောင်းတာဆိုပေမယ့်ကိုကိုဘာကြောင့်မပြုံးတာလဲ။လှကေသွယ်ကသေရတော့မှမို့လားကိုကို။
အပိုင်း ၂၃ မျှော်
ထာဝရစက္ကန့်တိုင်းပျှော်ရွှင်ပါစေ။
လှကေသွယ်(အလှပြုပြင်ရေး)

Comments

Popular Posts

Hla Kay thwe beauty school မည်သည့်ဆံပင်အတိုအရှည်မဆိုကျပ်၂သောင်းဖြင့်lazer ဖြင့်ဆံပင်‌ဖြောင့်‌ပေးသည်။ ညှပ်- ယောကျာ်,မိန်းမ ၊ ကောက် ၊‌ဖြောင့်၊ဆေးဆိုး၊ ဆံထုံး 150မျိုး၊နားဖောက်၊မျက်ေ‌တာင်‌ကောက်၊မျက်ခုံးတက်တူး၊မိတ်ကပ်၊နှုတ်ခမ်းလှိုင်ဖော်၊ဆံပင်ဆက်ပေးခြင်း၊ ဆေးဆိုးနည်းအမျိုးမျိုး၊digital စက်ဖြင့်‌ကောက်နည်းအမျိုးမျိုး၊အပူ‌ချောင်းဖြင့်‌ကောက်‌ပေးခြင်း၊highlight ဖောက်ပေးခြင်း၊လက်သည်းပန်းချီ၊ပန်းအိုးထိုးနည်း၊ ဆံပင်ကို ကျိတ်စက်ဖြင့်လှိုင်းအတွန့်တွန့်ပြုလုပ်ပေးခြင်း၊မျက်နှာဆေးနည်းအမျိးမျိုး၊ခေါင်းလျော်နည်းအမျိုးမျိုး ၊မျက်နှာပေါင်းတင်နည်း ပုလဲ ၊ကျေက်၊ရွေ ၊ ရေညှိ ။ ပညာဒါန သင်တန်း-1သိန်းခွဲ။ ဘာသာစုံ - 3သိန်း3‌ေသာင်း one by one 215, 1st floor, kyaikkasan road ,kyauk myaung, tamwe township, yangon.ph -09978836585. 09985224921

Hla Kay thwe beauty school မည်သည့်ဆံပင်အတိုအရှည်မဆိုကျပ်၂သောင်းဖြင့်lazer ဖြင့်ဆံပင်‌ဖြောင့်‌ပေးသည်။ ညှပ်- ယောကျာ်,မိန်းမ ၊ ကောက် ၊‌ဖြောင့်၊ဆေးဆိုး၊ ဆံထုံး 150မျိုး၊နားဖောက်၊မျက်ေ‌တာင်‌ကောက်၊မျက်ခုံးတက်တူး၊မိတ်ကပ်၊နှုတ်ခမ်းလှိုင်ဖော်၊ဆံပင်ဆက်ပေးခြင်း၊ ဆေးဆိုးနည်းအမျိုးမျိုး၊digital စက်ဖြင့်‌ကောက်နည်းအမျိုးမျိုး၊အပူ‌ချောင်းဖြင့်‌ကောက်‌ပေးခြင်း၊highlight ဖောက်ပေးခြင်း၊လက်သည်းပန်းချီ၊ပန်းအိုးထိုးနည်း၊ ဆံပင်ကို ကျိတ်စက်ဖြင့်လှိုင်းအတွန့်တွန့်ပြုလုပ်ပေးခြင်း၊မျက်နှာဆေးနည်းအမျိးမျိုး၊ခေါင်းလျော်နည်းအမျိုးမျိုး ၊မျက်နှာပေါင်းတင်နည်း ပုလဲ ၊ကျေက်၊ရွေ ၊ ရေညှိ ။ ပညာဒါန သင်တန်း-1သိန်းခွဲ။ ဘာသာစုံ - 3သိန်း3‌ေသာင်း ။one by one ။ 215, 1st floor, kyaikkasan road ,kyauk myaung, tamwe township, yangon.ph -09978836585. 09985224921