လှကေသွယ်၏အနာကျက်လျှာကျွမ်းပြန်ကြက်သားပြုတ်

ဟင်းချက်ပညာကိုတဖက်ကမ်းခတ်ကျွမ်းကျင်သောလှကေသွယ်ဆီတပည့်အပေါင်းက''လှကေသွယ်၏အနာကျက်လျှာကျွမ်းပြန်ကြက်သားပြုတ်''နည်းပညာကိုသင်ကြားရန်ရောက်ရှိလာသည်။
လှကေသွယ်သည်သူမ၏ပုံစံအတိုင်းလဲလှောင်း၍တရားမှတ်နေသည်။တပည့်အပေါင်းကဤပညာရပ်သင်ပေးရန်တောင်းပန်ကြသည်။ကမ္ဘာအတော်ဆုံးဟင်းချက်အကောင်းဆုံးပုဂ္ဂိုလ်ဖြစ်သောလှကေသွယ်ကပြုံလိုက်သည်။မျက်လုံးကိုတပည့်အပေါင်းဆီပို့ကာမေတ္တာပို့လိုက်သည်။လက်တွေ့သင်ကြားပြသရန်စတင်၍''သန့်ရှင်းပြီးသန့်စင်ခုတ်ထစ်ထားသောကြက်သား''ကိုယူစေသည်။လှကေသွယ်ကတော့သူမပုံစံအတိုင်းလှဲလှောင်းပြီးတရားမှတ်မပြတ်ချေ။ဒါကသူမ၏နှုတ်ဖျားမှကျလာသောစကားတစ်ခွန်းပါ။''ကြက်သား''ဆိုတာပဲပါသည်နော်။တပည့်အားလုံးသဘောပေါက်သည်မှာမိမိတို့ဝယ်ချင်သည့်ကြက်သား၏အလေးချိန်ကိုဝယ်နိုင်သည်ဟုသဘောပေါက်သွားသည်။လှကေသွယ်၏တိုသောစကားကိုတပည့်အားလုံးကအကျယ်နားလည်သွားခြင်းသည်လှကေသွယ်၏မေတ္တာတန်ခိုးကြောင့်ဖြစ်သည်။တပည့်အားလုံးကဆရာမ၏ဒုတိယစကားကိုနားထောင်ဖို့စောင့်မျှော်နေကြသည်။
''ယူလာပါပြီ  ဆရာမ''
တပည့်အပေါင်းကအလွန်ရိုသေကိုင်းရှိုင်းစွာဆရာမကိုကြည့်လိုက်သည်။ဆရာမ၏မျက်လုံးတစ်ချက်ပြန်ပွင့်လာသည်။
''ရေ''
တပည့်အားလုံးကပြိုင်တူလှုပ်ရှားလာသည်။''ရေ''ကိုထည့်စရာပစ္စည်းနှင့်မှယူလာ၍ရသည်။ထို့ကြောင့်မီးဖြင့်ချက်ပြုတ်လျှင်မပျက်ဆီးနိုင်ပစ္စည်းအမျိုးမျိုးယူဆောင်လာကြသည်။ဆရာမက''ရေ''ကိုယူခိုင်းသည်မှာကြက်သားပြုတ်ဖို့အတွက်ဖြစ်သည်။ဥာဏ်အလွန်ကောင်းသောတပည့်များပီပီရေထဲကိုကြက်သားထည့်သည်။ကြက်သားအသားအရိုးများနူးစေရန်မီးကိုသုံးရသည်။မီးသည်ကြက်သားနူးရန်မည်သည်မီးမဆိုသုံး၍ရသည်။လှကေသွယ်၏တပည့်အားလုံးသည်''ချက်ဆိုရင်နားခွက်ကမီးတောက်''ကြသူများဖြစ်သည်။သင်ကြားလျှင်အလွန်တက်လွယ်ကြသည်။အလွန်ပါးနပ်သူများဖြစ်သည်။ဆရာမ၏စကားတိုကိုအကျယ်ချက်ချင်းနားလည်သူများဖြစ်သည်။လှကေသွယ်၏မေတ္တာတန်းခိုးကြီးမာမူကြောင့်ဖြစ်သည်။
တပည့်အားလုံးကဆရာမ၏မျက်နှာကိုကြည့်လိုက်သည်။အရာရာကိုနားလည်မူအပြည့်ကြင်နာမူဖြင့်ကြည့်ပြီးချိုသာလွင်ကြည်သောအေးချမ်းမူပေးသောအသံဖြင့်''နာရီဝက်''ဟုပြောလိုက်သည်။တပည့်အားလုံးကချက်ချင်းသဘောပေါက်သွားသည်။ကြက်သား၏အသားအရိုးမှအားရှိသောအရည်သည်နာရီဝက်(မိနစ်၃၀)အတွင်းအနည်းဆုံးထားရမည်။လုံးဝမျက်လုံးမဖွင့်ဘဲတရားမှတ်နေသည်။တပည့်အားလုံးတိတ်ဆိတ်သွားပြီးမိမိ၏နေရာသို့အသီးသီးပြန်သွားသည်။နိုင်ငံပေါင်းစုံကတပည့်အပေါင်းသည်မိမိတို့၏မှတ်စုထဲတွင်မိမိတို့နားလည်သောဘာသာရပ်ဖြင့်မှတ်တမ်းသင်ကြားသည်။ပညာရပ်တို့၏ဘုရင်မအလားကျွမ်းကျင်သောလှကေသွယ်ရှိသောမြန်မာနိုင်ငံတွင်ပညာသင်ကြားရန်နိုင်ငံပေါင်းစုံကလူများရောက်ရှိပညာသင်ကြားကြသည်။လှကေသွယ်ကပညာသင်ကြားရတွင်အလွန်တိကျစွာသင်ကြားပေးသည်။သူမ၏သင်ခန်းစာကိုနားထောင်ရုံဖြင့်အတွေးအခေါ်တို့သည်ဆန်းသစ်သွားမည်။လွတ်လပ်စွာတွေးခေါ်တတ်သွားမည်။အချုပ်အနှောင်အတားအဆီးမရှိပါ။ပျှော်ရွှင်မူသာခံစားရသည်။ဘဝအခက်အခဲကိုစကားတိုကြားရုံဖြင့်နားလည်သွားသည်။ထို့ကြောင့်''လှကေသွယ်၏အနာကျက်လျှာကျွမ်းပြန်ကြက်သားပြုတ်''သည်
''ကြက်သားကိုရေနှင့်နာရီဝက်ပျြတ်ပြီးလူနာအားတိုက်ကျွေးပါ''
၎င်း''လှကေသွယ်၏အနာကျက်လျှာကျွမ်းပြန်ကြက်သားပြုတ်''သည်ခွဲစိတ်ထားသောလူနာအတွက်အလွန်အားရှိသောဟင်းခွက်ဖြစ်သည်။
နည်းပညာ''ကြက်သားပြုတ်=ကြက်သား*ရေ*နာရီဝက်''
တပည့်အားလုံး၏ရင်ထဲကြည့်နူးပြီးဆရာမလှကေသွယ်အားအရမ်းချစ်ခင်ကြည်ညိုသွားသည်။
ပြီးပါပြီး။
ထာဝရစက္ကန့်တိုင်းပျှော်ရွှင်ပါစေ။
လှကေသွယ်(အလှပြု ပြင် ရေး)
၁၇-၄-၂၀၁၈
နေလည်၁၁နာရီ၅၄မိနစ်
သျှင်ပါကူဆေးရုံ

Comments

Popular Posts

Hla Kay thwe beauty school မည်သည့်ဆံပင်အတိုအရှည်မဆိုကျပ်၂သောင်းဖြင့်lazer ဖြင့်ဆံပင်‌ဖြောင့်‌ပေးသည်။ ညှပ်- ယောကျာ်,မိန်းမ ၊ ကောက် ၊‌ဖြောင့်၊ဆေးဆိုး၊ ဆံထုံး 150မျိုး၊နားဖောက်၊မျက်ေ‌တာင်‌ကောက်၊မျက်ခုံးတက်တူး၊မိတ်ကပ်၊နှုတ်ခမ်းလှိုင်ဖော်၊ဆံပင်ဆက်ပေးခြင်း၊ ဆေးဆိုးနည်းအမျိုးမျိုး၊digital စက်ဖြင့်‌ကောက်နည်းအမျိုးမျိုး၊အပူ‌ချောင်းဖြင့်‌ကောက်‌ပေးခြင်း၊highlight ဖောက်ပေးခြင်း၊လက်သည်းပန်းချီ၊ပန်းအိုးထိုးနည်း၊ ဆံပင်ကို ကျိတ်စက်ဖြင့်လှိုင်းအတွန့်တွန့်ပြုလုပ်ပေးခြင်း၊မျက်နှာဆေးနည်းအမျိးမျိုး၊ခေါင်းလျော်နည်းအမျိုးမျိုး ၊မျက်နှာပေါင်းတင်နည်း ပုလဲ ၊ကျေက်၊ရွေ ၊ ရေညှိ ။ ပညာဒါန သင်တန်း-1သိန်းခွဲ။ ဘာသာစုံ - 3သိန်း3‌ေသာင်း one by one 215, 1st floor, kyaikkasan road ,kyauk myaung, tamwe township, yangon.ph -09978836585. 09985224921

Hla Kay thwe beauty school မည်သည့်ဆံပင်အတိုအရှည်မဆိုကျပ်၂သောင်းဖြင့်lazer ဖြင့်ဆံပင်‌ဖြောင့်‌ပေးသည်။ ညှပ်- ယောကျာ်,မိန်းမ ၊ ကောက် ၊‌ဖြောင့်၊ဆေးဆိုး၊ ဆံထုံး 150မျိုး၊နားဖောက်၊မျက်ေ‌တာင်‌ကောက်၊မျက်ခုံးတက်တူး၊မိတ်ကပ်၊နှုတ်ခမ်းလှိုင်ဖော်၊ဆံပင်ဆက်ပေးခြင်း၊ ဆေးဆိုးနည်းအမျိုးမျိုး၊digital စက်ဖြင့်‌ကောက်နည်းအမျိုးမျိုး၊အပူ‌ချောင်းဖြင့်‌ကောက်‌ပေးခြင်း၊highlight ဖောက်ပေးခြင်း၊လက်သည်းပန်းချီ၊ပန်းအိုးထိုးနည်း၊ ဆံပင်ကို ကျိတ်စက်ဖြင့်လှိုင်းအတွန့်တွန့်ပြုလုပ်ပေးခြင်း၊မျက်နှာဆေးနည်းအမျိးမျိုး၊ခေါင်းလျော်နည်းအမျိုးမျိုး ၊မျက်နှာပေါင်းတင်နည်း ပုလဲ ၊ကျေက်၊ရွေ ၊ ရေညှိ ။ ပညာဒါန သင်တန်း-1သိန်းခွဲ။ ဘာသာစုံ - 3သိန်း3‌ေသာင်း ။one by one ။ 215, 1st floor, kyaikkasan road ,kyauk myaung, tamwe township, yangon.ph -09978836585. 09985224921