Posts

Showing posts from June, 2020

မသန်​စွမ်းဘဝများကိုအတတ်​နိုင်​ဆုံးကူညီကြပါစို့။ လှ​ကေသွယ်​(အလှပြုပြင်​​ရေး) ဘဝတွင်​ဖြစ်​ခြင်းရှိလျှင်​ပျက်​​သောအချိန်​ရှိသည်​။တချို့ဘဝတွင်​ဘဝအစကတည်းကမသန်​စွမ်းအဖြစ်​​မွေးဖွားလာသည်​။တချို့ကငယ်​စဉ်​တွင်​ထိခိုက်​မူ​ကြောငမ့မသန်​စွမ်းဖြစ်​လာသည်​။တချို့ကအသက်​ကြီးချိန်​တွင်​ခန္ဓာကိုယ်​၏သဘာဝ​ကြောင့်​ပျက်​ဆီးလာတတ်​သည်​။လှ​ကေသွယ်​လည်းအသက်​၄၅နှစ်​ရှိပြီးမို့မသန်​စွမ်းဘဝသို့​ရောက်​​နေသည်​။မျက်​စိအ​​ဝေးမှုန်​ခြင်း၊အကြားအာရုံအားနည်းလာခြင်း၊​ခြေ​ထောက်​အရွတ်​အတွင်းဒဏ်​​ကြောင့်​လမ်းသိပ်​မ​လျောက်​နိုင်​ခြင်း၊စိတ်​​ဝေဒနာကိုနှစ်​​ပေါင်း၂၁နှစ်​ခံစားလာခဲ့ရသည်​။ထို​ကြောင့်​လည်းမသန်​စွမ်းတို့၏သဘာဝကိုပို၍နားလည်​လာသည်​။နားမကြားလက်​သ​င်္ကေတဘာသာပြန်​သင်​တန်းပြီးချိန်​တွင်​နားမကြားသူ​တို့၏ဘဝများအားနားလည်​လာသည်​။ထိုသိချိန်​မှစ၍မသန်​စွမ်းအားလုံးအ​ပေါ်တွင်​မိမိ၏ကျန်​ရှိ​နေ​သောအချိန်​တွင်​တတ်​နိုင်​သမျှကူညီချင်​သည်​။ဘဝသည်​တို​တောင်းသည်​။မိမိသည်​​ငွေအားမတတ်​နိုင်​​သေး​သော်​လည်းပညာသင်​ထား​သောအရည်​အ​သွေးဖြင့်​တတ်​စွမ်းသမျှကူညီချင်​သည်​။မိမိသည်​အပျိုကြီးဖြစ်​၍မိန်းက​လေးတို့၏သ​ဘောကိုသာနားလည်​သည်​။ထို့​ကြောင့်​အမျိုးသမီးသီသန့်​ကူညီ​သောလုပ်​ငန်းများကိုသာကြံဆရှာ​ဖွေသည်​။ယခုကာလသည်​ကိုဗစ်​၁၉ကပ်​​ရောဂါကာလမို့တတ်​နိုင်​သမျှနည်းလမ်းရှာကြည့်​သည်​။online training ကိုမိမိဝါသနာအလှအပသင်​တန်းဖွင့်မည်​။website တွင်​စာ​ရေးမည်​။ဗီဒီယိုသင်​မည်​။ဤအလုပ်​၃လုပ်​သည်​အားလျှင်​လှ​ကေသွယ်​လုပ်​သည်​လုပ်​ငန်း​ပေါ့။ထိုပြင်​သင်​တန်းသူများစုပြီး​ဈေးနူန်းချိုဖြင့်​လိုက်​လံအလှပြင်​​နေ​သောmobile beauty salon နှင့်​ beauty school လုပ်​သည်​။ဤလုပ်​ငန်းသည်​ကြိုးစားမူများများနှင့်​​ရေရှည်​လုပ်​ငန်း​ပေါ့။ဤအထက်​ပါလုပ်​ငန်းအားလုံးသည်​မသန်​စွမ်းသူများလည်းလုပ်​နိုင်​ပါသည်​။လှ​ကေသွယ်​လည်းအခြားလုပ်​ငန်းများကိုလည်းစူးစမ်းကြည့်​သည်​။fohoway ကုမ္ပဏီမှာအသင်းဝင်​ထား​သောမိတ်​​ဆွေတစ်​ဦးသည်​စက်​ဖြင့်​​လေဖြတ်​​ရောဂါမှစ၍အလှအပအတွက်​​ကောင်း​သောဝန်​​ဆောင်​မူကိုလုပ်​​ပေး​နေသည်​။အိမ်​အ​ရောက်​ဝန်​​ဆောင်​မူ​ပေါ့။စက်​သည်​၇သိန်း၇သောင်း၅ထောင်ကျပ်​​ပေါ့။လိမ်း​ဆေးသီသန့်​ဝယ်​ရသည်​။ဤလုပ်​ငန်းကလက်​နှစ်​ဘက်​သာအားစိုက်​ရသည်​။ရေရှည်​​ကောင်းမ​ကောင်းမသိရ​သေး​ပေ။မြန်​မာနိုင်​ငံထဲဝင်​လာတာ၅လတာရှိသည်​။လှ​ကေသွယ်​၏သိခြင်းကိုမျှ​ဝေရုံပါ။အောင်​မြင်​​ရေးလမ်းစကိုတတ်​နိုင်​သမျှအစွမ်းကုန်​ရှာ​နေရ​သောကာလ​ပေါ့။လှ​ကေသွယ်​ပြုံးလိုက်​သည်​။မ​သေခင်​အထိ​တော့ကြိုးစားပြီးလူ​လောကကိုအလှဆင်​ကြမယ်​။ပြုံးပန်း​ဝေ​သောဘဝများပိုင်​ဆိုင်​ရန်​ချစ်​ခြင်းသီ​သောလက်​ဖြင့်​လှ​ကေသွယ်​သီကုံသည်​။ လှ​ကေသွယ်​(အလှပြုပြင်​​ရေး) Every moment have permanent happy and peace. HLA KAY THWE(BEAUTY SCHOOL) 30-6-2020 TUESDAY 10:58PM PHONE -09978836585,09964688474. 215,1FL, KYAIKKASAN RD, TAMWE, YANGON ,MYANMAR.

လှ​ကေသွယ်​၏​ပျော်​ရွှင်​ဖွယ်​အ​တွေးသစ်​။ လှ​ကေသွယ်​(အလှပြုပြင်​​ရေး) ဘဝ၏အချို့​နေရက်​များတွင်​တ​ယောက်​တည်း​နေရ​လေ့ရှိသည်​။အဲဒီအချိန်​တွင်​ဗုဒ္ဓဘာသာဝင်​မို့မ​ကြောက်​ပါ။ရဟန်းများသည်​​တောထဲတွင်​တ​ယောက်​တည်း​နေပြီတရားကျင့်​သည်​။သင်္ကန်း၃စုံသာရှိသည်​။အဲဒီအ​ကြောင်းကို၁၉၈၈ခုနစ်​၈တန်း​ကျောင်းသူဘဝတွင်​မဟာစည်​တရားရိပ်​သာတွင်​တရားအားထုတ်​စဉ်​သိခဲ့ရသည်​။လူ​လောကသည်​အပူမီးများဝိုင်းရံသည်​။လောကဓံတရားများရင်​ဆိုင်​ချိန်​၌ဘုရားတရားသံ​ဃောများကိုအာရုံစိုက်​ရင်​ စိတ်​​အေးချမ်းစွာ​နေထိုင်​ခဲ့သည်​။တရားထိုင်​ခြင်း၊ပုတီးစိတ်​ခြင်းသည်​ ပြဿနာများကို ​အေးချမ်းစွာကြည့်​လာနိုင်​သည်​။မိသားစုကြီး​လေ တ​ယောက်​​ယောက်​​ဗွေ​ဖောက်​မည်​ကို​နေစဉ်​စိုးရိမ်​​နေရသည်​။နေစဉ်​ဘုရားရိုခိုးခြင်းသည်​​နေစဉ်​ပြဿနာကင်း​​စေလို​သောရည်​ရွယ်​ချက်​ဖြစ်​သည်​။ထိုဒုက္ခ​တောင်​ ချမ်းသာ​သောအသိုက်​အဝိုင်းကြားထဲ၌ဖြစ်​​နေသည်​။ဆင်းရဲလျှင်​ ဒုက္ခ​ရောက်​မည်​ကို​တွေးပင်​မ​တွေးဝံ့။ထိုအချိန်​မှစ၍ လှ​ကေသွယ်​သည်​ လူ​တွေကို ထိုဒုက္ခများ၏ပူ​လောင်​မူကိုမခံစား​စေချင်​​တော့ပါ။ပျော်​ရွှင်​မူသယ်​​ပေးသူလှ​ကေသွယ်​ဖြစ်​ချင်​လာသည်​။နောက်​ဆုံးမည်​သူကိုမျှမကူညီနိုင်​ပါက ​ရေ​သောက်​ရင်​တရားမှတ်​မည်​။စားစရာမရှိလျင်​​ရေ​သောက်​လိုက်​တရားမှတ်​လိုက်​​ပေါ့။ရေမရှိလျင်​ မိမိခန္ဓာကိုယ်​ကိုဥာဏ်​စိုက်​ကာတရားမှတ်​​နေမည်​။ဤသည်​မှာ​ပျော်​ရွှင်​ခြင်းသယ်​​ဆောင်​ချင်​သူလှ​ကေသွယ်​၏​ပျော်​ရွှင်​ဖွယ်​အ​တွေးသစ်​ပါ။လူတိုင်းမိမိအခက်​အခဲကိုအ​ကောင်းဘက်​ကရူမြင်​ပြီမိမိတို့၏​နေဝင်​ချိန်​ကို​အေးချမ်းစွာဖြတ်​​ကျော်​နိုင်​ကြပါ​စေ။ လှ​ကေသွယ်​(အလှပြုပြင်​​ရေး) Every moment have permanent happy and peace. HLA KAY THWE(BEAUTY SCHOOL) 30-6-2020 TUESDAY 8:15PM PHONE -09978836585,09964688474. 215,1FL, KYAIKKASAN RD, TAMWE, YANGON ,MYANMAR.

စိတ်​ဓာတ်​ခိုင်​မာ​သော​သော့။ လှ​ကေသွယ်​(အလှပြုပြင်​​ရေး) အခြားသူ၏အရည်​အချင်းကိုအားကျမိသည်​။မိမိကိုယ်​ကိုအားငယ်​စိတ်​ဝင်​လာတတ်​သည်​။စိတ်​ကျ​ဝေဒနာကဲ့သို့ခံစားလာသည်​။ချက်​ချင်းမိတ်​​ဆွေစစ်​၏အား​ပေးမူဖြင့်​စိတ်​ပုံမှန်​ဖြစ်​သွားသည်​။ထိုပြင်​လူတိုင်းတွင်​ကိုယ်​ပိုင်​အရည်​အချင်းရှိကြသည်​။ရေထဲတွင်​ကျွမ်းကျင်​​သောငါးကိုသစ်​ပင်​တတ်​​သောပညာသင်​​ပေး၍မရ​ပေ။ဤသည်​ကို​တွေးမိရင်​မိမိကြိုးစားခဲ့​သော​အောင်​မြင်​မူကို​တွေးလိုက်​သည်​။စိတ်​တို့သည်​ပြန်​၍တည်​ငြိမ်​လာသည်​။မိမိ၏ကြိုးစားလုပ်​​နေ​သောအလုပ်​ကိုပို၍အာရုံစိုက်​လုပ်​နိုင်​လာသည်​။သြော်​မိတ်​​ဆွေ​ကောင်းများနှင့်​စာများများဖတ်​​သောအကျိုး​ပေ။လှ​ကေသွယ်​ပြုံးလိုက်​သည်​။စိတ်​တို့၏သ​ဘာဝကိုနားလည်​ပြီထိန်းချုပ်​​သောနည်းရခဲ့သည်​။အဓိကအ​ရေးကြီးဆုံးမှာပန်းတိုင်​ကို​ရှေ့ရူရင်​ကြိုးစားမူကိုမရပ်​တန့်​ပါနူင့်​။စိတ်​အားငယ်​တိုင်းမိမိ​အောင်​မြင်​မူကိုစဉ်းစားပါ။မိတ်​​ဆွေ၏​ကောင်း​သောခွန်​အားနှင့်​စာ​ဖတ်​အားသည်​ဘဝ၏​အောင်​မြင်​​သော​သော့များဖြစ်​သည်​။ဤ​သော့သည်​စိတ်​ဓာတ်​ခိုင်​မာ​စေ​သော​သော့ဖြစ်​သည်​။အားလုံး​ပျော်​ရွှင်​လှ​ကေသွယ်​ဆန္ဒမို့ဤစာသားသည်​ကိုယ်​​တွေ့ခံစားစဉ်​​ရေးသားထားသည်​။လူတိုင်းစိတ်​ဓာတ်​ခိုင်​မာ​သောဘဝများ​ပျော်​ရွှင်​​သောဘဝပိုင်​ဆိုင်​​စေလို​သော​စေတနာအရင်းခံ၍လှ​ကေသွယ်​ချစ်​ခြင်းဖြင့်​သီကုံသည်​။ လှ​ကေသွယ်​(အလှပြုပြင်​​ရေး) Every moment have permanent happy and peace. HLA KAY THWE(BEAUTY SCHOOL) 28-6-2020 SUNDAY 10:27PM PHONE -09978836585,09964688474. 215,1FL, KYAIKKASAN RD, TAMWE, YANGON ,MYANMAR.

ဘဝတိုတွင်​​အေးချမ်းမူဖြင့်​ဖြတ်​​ကျော်​မည်​။ လှ​ကေသွယ်​(အလှပြုပြင်​​ရေး) ဘဝခရီးသည်​တိုသည်​။အ​ဖော်​ကင်းမဲ့သည်​။အား​ပေးအ​ဖော်​များနှင့်​အချိန်​တိုတွင်​ဖြတ်​သန်းသည်​။ကျန်​အချိန်​တွင်​တစ်​​ယောက်​တည်း​ပေါ့။နှလုံးသားတွင်​ဘုရားတည်​လျက်​ဘဝခရီး​လျောက်​မြဲ​ပေါ့။ဘဝတွင်​​အောင်​မြင်​မူကျရှုံးမူအမျိုးမျိုးခံစားလျက်​။ကြွေးတင်​ရင်​ပူကိုဖုံးဖိရင်​အနီးရှိလူတိုင်းကိုအတတ်​နိုင်​ဆုံးကူညီလျက်​​ပေါ့။စိတ်​​ဝေဒနာများကိုအားတင်းပြီ​မေတ္တာပွားလျက်​ရင်​ဆိုင်​​နေရသည်​။ဘဝခရီးတိုတွင်​​ဝေဒနာခရီးကြမ်းသည်​ရှည်​လျားသကဲ့သို့ခံစားလျက်​။သင်​​ကော​မောပန်း​နေသ​လော။လှ​ကေသွယ်​လည်း​မောပန်းသည်​။လှ​ကေသွယ်​တွင်​ရည်​ရွယ်​ချက်​တစ်​ခုရှိသည်​။ပျော်​ရွှင်​မူသယ်​​ပေး​သောလှ​ကေသွယ်​ဖြစ်​ချင်​သည်​။လှ​ကေသွယ်​သည်​ထာဝရအသက်​နှင့်​နိဗ္ဗာန်​ကိုအတိုဆုံးနည်းလမ်းရှာ​ပေးပြီ​ပျော်​ရွှင်​​သောလူသားမျိုးဆက်​ဖြစ်​ရန်​မျိုး​စေ့ချ​ပေး​သောသူဖြစ်​လိုသည်​။ဤစိတ်​​လေး​ကြောင့်​သာအသက်​ရှင်​​နေရတာ။ဘဝအဓိပ္ပါယ်​ရှိ​နေခြင်းပင်​။ဤစိတ်​တို့သည်​တက်​လိုက်​ကျလိုက်​​ပေါ့။အမြဲကြိုးစားရွတ်​ရင်​စိတ်​​ဝေဒနာများနှင့်​လှ​ကေသွယ်​ကြိုးစားလျက်​​ပေါ့။ဒီလက်​ရှိ၅မိနစ်​က​တော့​မေတ္တာပွားလျက်​ပန်​ပန်​လျက်​ပါ။အားလုံး​ပျော်​ရွှင်​လှ​ကေသွယ်​ဆန္ဒပင်​။ Every moment have permanent happy and peace. HLA KAY THWE(BEAUTY SCHOOL) 25-6-2020 THURSDAY 8:41PM PHONE -09978836585,09964688474. 215,1FL, KYAIKKASAN RD, TAMWE, YANGON ,MYANMAR.

အ​ပျော်​ရွှင်​ဆုံးလူသား။လှ​ကေသွယ်​တို့အားလပ်​ချိန်​တိုင်းဝါသနာပါ​သောအလုပ်​ကိုလုပ်​ပါ။ လှ​ကေသွယ်​(အလှပြုပြင်​​ရေး) အားလပ်​ချိန်​တိုင်းသင်​ဝါသနာပါ​သောအလုပ်​ကိုလုပ်​ပါ။ဘဝခရီးသည်​တို​တောင်းသည်​။မိမိဝါသနာပါ​သောအလုပ်​ကိုလုပ်​မှလူဖြစ်​ကျိုးနပ်​မည်​။ကောင်း​သောဝါသနာကိုအားလပ်​ချိန်​တိုင်းပြုစုပျိုး​ထောင်းရင်​​ပျော်​ရွှင်​စရာဘဝများပိုင်​ဆိုင်​ကြပါ​စေ။မိမိအတွက်​လည်း​ကောင်းပြီအခြားသူများအ​ပေါ်​ကောင်းကျိုးများသက်​​ရောက်​ကြပါ​စေ။တစ်​ရက်​တာလုံးပြုံး​ပျော်​နိုင်​ရန်​လက်​ရှိ၅မိနစ်​ကိုအာရုံစိုက်​ပြီ​ပျော်​ရွှင်​​ကောင်းမွန်​စွာ​နေထိုင်​ပါ။လက်​ရှိ၅မိနစ်​တိုင်းကိုဘာသာစကားအသစ်​များ၊​ဖေးဘုတ်​ရှိဟင်းချက်​နည်း၊စသည်​ဝါသနာများကို​ဖော်​ထုတ်​ပြီအားလပ်​ချိန်​ယခုကိုဗစ်​အားလပ်​ချိန်​၌ပြုလုပ်​ပါ။နေရက်​တိုင်းကိုအပြုံးဖြင့်​ဖန်​တီးပါ။ဝမ်းနည်းမူအားငယ်​မူကြုံတိုင်းစိတ်​ထဲ၌ "အားလုံး​အေးချမ်းပါ​စေ။"နှင့်​"ဗုဒ္ဓ သရဏံ ဂစ္ဆမိ "ကိုရွှတ်​ပါ။အချိန်​အားလျှင်​"ဗုဒ္ဓ မြတ်​စွာဘုရား ကို သရဏံ ကိုးကွယ်​ လှဲ​လှောင်း ပုန်း​အောင်း မှီခိုရာ ဟူ၍ ဂစ္ဆမိ ဆည်းကပ်​ပါ၏ဘုရား"ဟုအကျယ်​ရွှတ်​ပွားပါ။ပြီးရင်​နှာသီဖျားထိပ်​တွင်​ဝင်​​လေထွက်​​လေကိုအာရုံပြုပြီး​ "ဝင်​သက်​"နှင့်​ "ထွက်​သက်​"ဟုလည်းအာရုံ​ပြောင်းမှတ်​သားနိုင်​သည်​။ထိုပြင်​ဗိုက်​​ပေါ်အာရုံစိုက်​လျက်​ ဝမ်းဗိုက်​​ဖောင်းလျှင်​"​ဖောင်းသည်​"ဟုမှတ်​ပါ။လေထွက်​၍ဗိုက်​ပိန်​လျှင်​"ပိန်​သည်​"ဟုမှတ်​ပါ။ထိုပြင်​အ​ရောင်​များကိုမိမိနှစ်​သက်​​သောအ​ရောင်​ကို​ရှေ့​၌ထား၍ထိုအ​ရောင်​ကိုစိတ်​၌ရွှတ်​ပြီကြည့်​ပါ။စိတ်​ကြည်​လင်​​အေးချမ်းလာမည်​။မိုး​ရေစက်​များစုစည်းပါကအိုးများပြည့်​သကဲ့သို့​စိတ်​တည်​ငြိမ်​ပြီအရာရာကိုတည်​ငြိမ်​စွာရင်​ဆိုင်​နိုင်​မည်​။မိမိ၏ဘဝကိုအေ​ပျာ်​ရွှင်​ဆုံးတည်​​ဆောက်​နိုင်​မည်​။ပျော်​ချင်​ပါသလား။သင်​စိတ်​ကို​အေးချမ်း​အောင်​​မေတ္တာပွားမူဖြင့်​ဖန်​တီးထားပါ။ပျော်​ရွှင်​မူပြည့်​ဝ​သောလှ​ကေသွယ်​တို့အားလုံးလက်​ရှိ၅မိနစ်​တိုင်း​မေတ္တာတရားနဲနဲ​လေးများထည့်​​ပေါင်းကြပါစို့။ လှ​ကေသွယ်​(အလှပြုပြင်​​ရေး) Every moment have permanent happy and peace. HLA KAY THWE(BEAUTY SCHOOL) 24-6-2020 WEDNESDAY 12:02AM PHONE -09978836585,09964688474. 215,1FL, KYAIKKASAN RD, TAMWE, YANGON ,MYANMAR.

စိတ်​ဓာတ်​ကျ၍မိမိကိုယ်​ကိုသတ်​​သေလို​သောစိတ်​ဖြစ်​ပါကဘုရားထံခိုလှုံပါ။ လှ​ကေသွယ်​(အလှပြုပြင်​​ရေး) ကိုယ်​​တွေ့​လေး​ပေါ့။ဘဝ၏ခါးသီးမူ၊ဝိုင်းဝန်းဖိနှိပ်​မူ၊ချစ်​ခင်​ရဆုံး​သေဆုံမူစသည်​ဖိစီးမူ​ကြောင့်​မိမိကိုယ်​မိမိအသက်​မရှင်​ချင်​ဘဲဘဝကိုအရှုံး​ပေးလိုသည်​။ထိုအခါစိတ်​ကို​လျော့ချလိုက်​ပါ။ထောင့်​တစ်​​ထောင့်​မှာ​ခွေအိပ်​ပြီ"ဗုဒ္ဓ သရဏံ ဂစ္ဆမိ "ကိုဆက်​တိုက်​စိတ်​ထဲရွှတ်​ဖတ်​သည်​။အလုပ်​ကိစ္စ​ပေါ်၍အလုပ်​လုပ်​​နေစဉ်​လည်းရွှတ်​ဖတ်​သည်​။၂၁နှစ်​တိုင်​​အောင်​ရွှတ်​ဖတ်​သည်​။ဘုရားကိုနှလုံးသား၌ထားသည်​။မည်​သည်​အ​ရေးကိစ္စကိုမျှစိတ်​တွင်​မထားပါ။အ​ကြွေးကိစ္စ၊​ငွေကိစ္စကိုအချိန်​တန်​လျှင်​​ပြေလည်​သွားမည်​။ဒါ​တောင်​တခါတရံ​ဒေါသကြီး​နေတတ်​သည်​။အလိုလိုအားငယ်​မူဖြစ်​သည်​။သူတပါးကိုအ​ကြွေးဖြင့်​ကူညီ​နေတတ်​သည်​။စိတ်​ထဲတွင်​အားငယ်​တိုင်းအရာရာတိုင်းအတွက်​ဘုရားကိုသာဦးတည်​ပြီ"ဗုဒ္ဓ သရဏံ ဂစ္ဆမိ "သည်​မိမိ၏ခိုလှုံရာဖြစ်​ခဲ့သည်​။ထို​ကြောင့်​လည်း​အောင်​မြင်​မူအမျိုးမျိုးခံစားရသည်​။ဆေးပညာါအင်​ဂျင်​နီယာ၊ကွန်​ပျူတာ၊​ကျောက်​မျက်​၊ဂီတ၊ပန်းချီ၊စာကြည့်​တိုက်​၊စ​သောဘွဲ့မျိုးစုံ၁၅ဘွဲ့ရရှိ​လေ့လာခွင့်​ရခဲ့သည်​။နောက်​ထပ်​၂ဘွဲ့အတွက်​စာ​မေးပွဲ​ဖြေဆိုရမည်​။ဤသည်​မှာ"ဗုဒ္ဓ သရဏံ ဂစ္ဆမိ "ရွှတ်​ဖတ်​ခြင်း၏အကျိုးဆက်​ပါ။ထိုပြင်​တရားထိုင်​ခြင်း​ကြောင့်​​လောကဓံ၈ပါးကိုတည်​ငြိမ်​စွာရင်​ဆိုင်​နိုင်​ခဲ့သည်​။ထိုပြင်​လှ​ကေသွယ်​သည်​​ယေရူကိုချစ်​ခင်​​လေးစားသည်​။ဒုက္ခ​ရောက်​လျှင်​ထိုထက်​ကြီး​သောအရာကို​ပေးခြင်း၍ဖြစ်​သည်​စကားကိုလည်း​ကောင်း၊သက်​ရှိဘုရားဖြစ်​ပြီအန္တာရယ်​ကြုံပါကဘုရားကချီး​ဆောင်​ကာကွယ်​သည်​လည်း​ကောင်း၊ဘုရားသည်​​​ရွေးနူတ်​ဖိုး​ပေးပြီလူသားတို့၏အပြစ်​​ကြွေးဆပ်​ခြင်း​ကြောင့်​မိမိတို့သည်​သန့်​ရှင်း​ဖြောင့်​မတ်​သည်​စသည်​​ယေရူစကားကိုလည်းနား​ထောင်​ပြီးခွန်​အားယူခဲ့သည်​။ထို့​ကြောင့်​လှ​ကေသွယ်​ကဲ့သို့စိတ်​​ဝေဒနာသည်​​တောင်​အကြိမ်​ကြိမ်​လဲ​နေမှကြိုးစားထသည်​။သင်​သည်​လှ​ကေသွယ်​ထက်​သာသည်​။ငယ်​ရွယ်​နုပျိုသည်​ဖြစ်​​စေအသက်​ကြီးသည်​ဖြစ်​​စေကြိုးစားပါ။ဘုရားကိုသာအစဉ်​​နေရာ​ပေးပါ။အနည်းဆုံး​တော့စိတ်​ချမ်းသာသည်​။အေးချမ်း​သောစိတ်​သည်​မိမိရည်​ရွယ်​​ချက်​ကို​ရောက်​ရှိ​စေသည်​။လူဘဝသည်​တို​တောင်း၏စိတ်​ချမ်းသာပြီမိမိလိုချင်​​သောဘဝရရန်​ဘုရားကိုသာအစဉ်​နှလုံးသွင်းနိုင်​ပါ​စေဟုဆန္ဒပြုလျက်​ချစ်​ခြင်းအပြည့်​ဖြင့်​လှ​ကေသွယ်​သီကုံသည်​။ Every moment have permanent happy and peace. HLA KAY THWE(BEAUTY SCHOOL) 8-6-2020 MONDAY 3:01PM PHONE -09978836585,09964688474. 215,1FL, KYAIKKASAN RD, TAMWE, YANGON ,MYANMAR.

မိဘချစ်​​ဆေး။ လှ​ကေသွယ်​(အလှပြုပြင်​​ရေး) ​ခြေ​မွေးမီးမ​လောင်​လက်​​မွေးမီးမ​လောင်​​ဘော်​​ကျော့​နေရတာဘဝဒုက္ခကိုရင်​ဆိုင်​ရာ၌အခက်​အခဲအကျပ်​အတည်းကိုအပြင်းထန်​ဆုံးခံစားရတတ်​သည်​။သူသည်​​လောကဓံ၏ဆိုးကျိုးကို​သေမ​လောက်​ခံစားရသည်​။ထို့​ကြောင့်​မိမိတို့၏သားသမီးများငယ်​စဉ်​ကပင်​အတတ်​ပညာ၊အသိပညာအ​မွေ​ပေးပါ။ဥစ္စာ​ပေးခြင်းထက်​ပို၍​ကောင်းသည်​။ငယ်​စဉ်​ကတည်းကအိမ်​မူကိစ္စလုပ်​​စေခြင်း၊မိသားစုလုပ်​ငန်းလုပ်​​စေခြင်း၊ဝါသနာပါ​သောအလုပ်​များကိုသင်​ကြား​စေခြင်း၊မိန်းမဖြစ်​ပါကအိမ်​တွင်းမူအချက်​အပြုတ်​အချုပ်​အလုပ်​စသည်​ပညာသင်​​ပေးခြင်း၊​ယောကျာ်း​လေးဖြစ်​ပါကမိတ်​​ဆွေများ၏ဆိုင်​များ၊မိမိ၏စီးပွား​ရေးလုပ်​ငန်းဆိုင်​များ၌ဝိုင်းကူ​စေခြင်းများပြုလုပ်​ပါ။သို့မှသာမိမိကွယ်​လွန်​ပါကသားသမီး​နောင်​​ရေးစိတ်​​အေးပြီး​အေးချမ်းစွာဘဝကူး​ကောင်းနိုင်​သည်​။သားသမီးများစီးပွား​ရေးအတတ်​ပညာဖြင့်​​ငွေရှာတတ်​ပါကမိမိတို့၏မျိုးဆက်​သည်​​အောင်​မြင်​ဂုဏ်​ရှိ​သောမျိုးဆက်​ဖြစ်​လာမည်​။မိမိလည်းအိုဇာတာ​ကောင်းမည်​။အလုပ်​မလုပ်​ပဲ​ဘော်​​ကျော့​နေလျှင်​မိမိ၏စည်းစိမ်​သည်​မည်​မျှများ​စေကာမူအခြားသူ၏လက်​တွင်းသို့အလိုအ​လျောက်​​ရောက်​ရှိ၍စီးပွားပျက်​နိုင်​သည်​။ထို့​ကြောင့်​သားသမီးကိုချစ်​ပါကငယ်​စဉ်​ကတည်းကအလုပ်​လုပ်​ခိုင်းပါ။အချိန်​တန်​ပါကမိဘ၏​စေတနာကိုနားလည်​လာမည်​။မိဘကိုပို၍ချစ်​​စေ​ချင်​ပါက​ကောင်းမွန်​​သောအလုပ်​ကိုငယ်​စဉ်​ကတည်းကခိုင်း​ပေးခြင်းဖြစ်​သည်​။မိဘသားသမီးချစ်​ခြင်းတရားပြည့်​ဝ​စေလို​သောရည်​ရွယ်​ချက်​ဖြင့်​လှ​ကေသွယ်​သီကုံသည်​။ လှ​ကေသွယ်​(အလှပြုပြင်​​ရေး) Every moment have permanent happy and peace. HLA KAY THWE(BEAUTY SCHOOL) 6-6-2020 SATURDAY 1:35PM PHONE -09978836585,09964688474. 215,1FL, KYAIKKASAN RD, TAMWE, YANGON ,MYANMAR.

မိဘဘိုးဘွားတို့၏​ကျေးဇူးကိုတစ်​​နေ့တာတိုင်း​ကျေးဇူးဆပ်​တတ်​ပါ​စေ။ လှ​ကေသွယ်​(အလှပြုပြင်​​ရေး) ​ပျော်​ရွှင်​ဖွယ်​တစ်​​နေတာကိုအပြုံးဖြင့်​စတင်​ပါ။မနက်​ဖွင့်​ဖွင့်​ချင်း​ကျေးဇူးရှင်​နှင့်​တကွမိဘဘိုးဘွားကို​မေတ္တာပို့ပါ။မိမိတို့ကိုးကွယ်​ရာဘာသာကိုဆု​တောင်းပါ။ကွယ်​လွန်​သွားသူအားလုံးရင်းနှီးသူအားလုံးစိတ်​ဝယ်​မှန်းဆအမျှ​ဝေပါ။ကွယ်​လွန်​သူကမ ၻာသူကမ ၻာသားအားလုံးကိုအမ်ွဝေပါ။တစ်​​နေတာအတွင်းမိမိနှင့်​​ပေါင်းသင်​​နေ​သောမိဘ​ဆွေမျိုးစသဖြင့်​ထိစပ်​​နေ​သောသူအ​ပေါင်းကိုအပြုံးဖြင့်​ဆက်​ဆံပါ။ကူညီနိုင်​သမျှကူညီပါ။ချိုသာအကျိုးရှိ​သောစကားကိုသာဆိုပါ။မ​ကောင်း​သောအတင်းအဖျင်းလုံးဝမ​ပြောနှင့်​။ပါးစပ်​တွင်​​ကောင်း​သောစကားနှင့်​သာ​ပြောတတ်​ပါ​စေ။ပွင့်​လင်းမူ၊နာလည်​မူ၊ကူညီ​ဖေးမမူဖြင့်​​နေထိုင်​တတ်​ပါ​စေ။ကျေးဇူးရှင်​ကိုတစ်​ရက်​တာတိုင်းအနည်းဆုံး​မေတ္တာပို့​ပေးပါ။အိမ်​ပြန်​လာ​သောမိဘကိုအပြုံးဖြင့်​ခရီးဦးကြိုခြင်း၊​ရေခပ်​​ပေးခြင်း၊အ​မော​ပြေရန်​ယပ်​ခတ်​​ပေးခြင်းများပြုလုပ်​နိုင်​သည်​။ငယ်​စဉ်​က​လေးဘဝတွင်​လူကြီးများကိုကူညီ​ပေးရမည်​။ဈေးဝယ်​ရာ၌​ဈေးခြင်း​တောင်းလိုက်​ဆွဲ၍​ဈေးဝယ်​ခြင်းအတတ်​ပညာကိုသင်​ယူပါ။လူကြီးများဟင်းချက်​ရာ၌ကူညီခြင်းဖြင့်​ကုသိုလ်​လည်းရဟင်းချက်​ခြင်းအတတ်​ပညာပါဆည်းပူးနိုင်​သည်​။အလုပ်​လုပ်​ရာ၌ကူညီခြင်းဖြင့်​မိမိ၏ဘဝအာမခံလက်​မှတ်​ရသည်​အပြင်​ကုသိုလ်​လည်းရသည်​။လှ​ကေသွယ်​၏အ​မေက"မ​သေခင်​မိဘကို​ကျေးဇူးဆပ်​ပါ။သေမှမငိုနှင့်​"ဟုဆုံမဖူးသည်​။လှ​ကေသွယ်​၏အ​ဖေက"မလိမ်​နှင့်​။မခိုးနှင့်​။မဆဲနှင့်​"ဟုကိုယ်​ကျင့်​တရား​ကောင်းရန်​ဆုံမသည်​။မိဘဘိုးဘွားဦး​လေးအ​ဒေါ်စကားနား​ထောင်​ခြင်း၊အလုပ်​ဝိုင်းကူညီခြင်း၊ဘဝ​နေဝင်​ချိန်​တွင်​အညစ်​အ​ကြေးမှအစပြု၍​ဆေးတိုက်​ခြင်းစ​သော​ကျေးဇူးများကိုဆပ်​ခဲ့သည်​။ထို​ကြောင့်​၂၁နှစ်​တာစိတ်​​ရောဂါ​ဝေဒနာခံစားရ​သော်​လည်းကူညီသူများနှင့်​သာကြုံရသည်​။ဘဝမပျက်​ဆီးခဲ့ပါ။ဘွဲ့၁၄ဘွဲ့အပြင်​မိမိငယ်​စဉ်​ကသင်​ချင်​​သောပညာများကိုလည်းဂုဏ်​ထူးများဖြင့်​​အောင်​နိုင်​​သောဥာဏ်​ရရှိသည်​။ဤသည်​မှာမိဘဘိုးဘွားကို​ကျေးဇူးဆပ်​ခြင်း​ကြောင့်​ဖြစ်​သည်​။ထိုအပြင်​"ဗုဒ္ဓ သရဏံ ဂစ္ဆမိ "နှင့်​"အားလုံး​အေးချမ်းပါ​စေ"ကိုအချိန်​အားတိုင်းပွားများ​သောအကျိုးဆက်​​ကြောင့်​ဖြစ်​သည်​။ငယ်​စဉ်​၈တန်းဘဝကတည်းကမဟာစည်​တရားရိပ်​သာတွင်​တရားထိုင်​ဖူးသည်​။ထိုပြင်​အ​ဒေါ်များကဘုရားဂုဏ်​​တော်​ပုတီးစိပ်​နည်းသင်​​ပေးသည်​။ထို​ကြောင့်​စိတ်​​ရောဂါကု​ဆေးရုံ၌တိုက်​ပိတ်​ချိန်​၁၅ရက်​၊သီသန့်​ခန်း၁၅ရက်​တွင်​​အေးချမ်းစွာတရားမှတ်​နိုင်​ခဲ့သည်​။ စိတ်​​ရောဂါ၏ဆန်းကြယ်​မူကိုလည်းတရားမှတ်​ရင်​ရင်​ဆိုင်​နိုင်​ခဲ့သည်​။စိတ်​​ရောဂါကု​ဆေးရုံမှဆင်းပြီ၂လအကြာဘွဲ့၎ဘွဲ့ယူနိုင်​သည်​။နောက်​၆လတွင်​UKက​ပေး​သောနိုင်​ငံခြား၂ဘွဲ့ကိုဂုဏ်​ထူးဖြင့်​​အောင်​မြင်​ခဲ့သည်​။UK finanial management စာ​မေးပွဲအ​ဖြေကိုလက်​ရှိ​စောင့်​​နေသည်​။ရန်​ကုန်​တက္ကသိုလ်​သမိုင်းဌာနတွင်​စာ​မေးပွဲတစ်​ရက်​​ဖြေဆိုအပြီးကပ်​​ရောဂါ​ကြောင့်​စာ​မေးပွဲနားချိန်​​ပေါ့။ထိုပြင်​UKကhuman resource management စာ​မေးပွဲ​ဖြေရန်​​စောင့်​​နေ​သောကိုဗစ်​၁၉ကာလ​ပေါ့။ဤသို့​ရေးခြင်းမှာကြွားလို​သောစိတ်​မဟုတ်​ပါ။မိဘဘိုးဘွား​ကျေးဇူးသိ​သောသူသည်​မည်​သည်​အခါမျှလဲကျသွာြး-ခင်းမရှိ။အောင်​မြင်​မူသည်​တိုးတက်​​နေမြဲပင်​။လူတိုင်း​ပျော်​ရွှင်​ပြီ​အေးချမ်း​စေလို​သော​စေတနာအရင်းခံ၍လှ​ကေသွယ်​ချစ်​ခြင်းဖြင့်​သီကုံသည်​။ လှ​ကေသွယ်​(အလှပြုပြင်​​ရေး) Every moment have permanent happy and peace. HLA KAY THWE(BEAUTY SCHOOL) 5-6-2020 FRIDAY 7:50PM PHONE -09978836585,09964688474. 215,1FL, KYAIKKASAN RD, TAMWE, YANGON ,MYANMAR.

လှ​ကေသွယ်​မိန်းက​လေးတို့၏သဘာဝလှချင်​မှသည်​..... (အလှပြုပြင်​​ရေး) လှချင်​ရက်​စက်​စက်​ယိုတို့သည်​မိန်းက​လေးတို့၏သဘာဝပင်​။လှ​ကေသွယ်​ကိုယ်​တိုင်​ခံစားရသည်​ကိုယ်​​တွေ့​လေး​ပေါ့။တိ​မွေး/ကုတက္ကသိုလ်​ဒုတိယနှစ်​တက်​တုန်းက​ပေါ့။မယ်​​ရွေးစဉ်​မိမိ၏​ခြေ​ထောက်​အမာရွတ်​ရှိခဲ့သည်​။ထိုအမာရွတ်​သည်​ငယ်​စဉ်​အရွယ်​အကျီ င်္မီးပူတိုက်​စဉ်​​ခြေသလုံးကိုကပ်​မိ၍အနာဖြစ်​သွားသည်​။ထို​နောက်​အနာ​ပျောက်​ပြီအမာရွတ်​ကျန်​ခဲ့သည်​။ ​ခြေ​ထောက်​အမာရွတ်​​ပျောက်​ချင်၍ကြိတ်​မှန်​ရွတ်​လိမ်းရင်​အနာဖြစ်​တာ၁၅နှစ်​​ကျော်​ခံစားရတယ်​။ကြိတ်​မှန်​ရွက်​သည်​​ရေထဲတွင်​စိမ်​သည်​။နည်းစနစ်​မမှန်​​သော​ကြောင့်​​ခြေ​ထောက်​တစ်​ခုလုံးအနာ​ပေါက်​သည်​။နာတာရှည်​အနာသို့​ပြောင်းသွားသည်​။အဲဒီအကျိုးဆက်​ကယ​နေ့အထိခံစားရသည်​။လှချင်​တာကစက်​စက်​ယို။မည်​သို့လုပ်​ရမည်​ကိုမသိ။လုပ်​ပြန်​​တော့လည်းနည်းစနစ်​မမှန်​။ဆေးလိမ်း​တော့လည်း​ပျောက်​တယ်​။သိပ်​မကြာ​​တော့အနာပြန်​​ပျောက်​တယ်​။သံသရာလည်​​တော့သည်​။အနာ​ပျောက်​လိုက်​ပြန်ဖြစ်​လိုက်​​ပေါ့။ကဲသင်​​ကောလှ​ကေသွယ်​အဖြစ်​နှင့်​တိုက်​ဆိုင်​​နေသလား။စိတ်​မပူနဲ့​နော်​။ရန်​ကုန်​​ဆေးရုံအ​ရေပြားကုသ​ပေး​သော​နေရာရှိသည်​။အခမဲ့ကုသ​ပေးတယ်​။အစိုးရရုံပိတ်​ရက်​မှလွဲ၍ကျန်​ရက်​များတွင်​မနက်​၉နာရီမှ၁၁နာရီ၊​နေလည်​၂နာရီမှ၃နာရီထိ​နေစဉ်​ဖွင့်​ထားသည်​။နိုင်​ငံခြားပြန်​သမား​တော်​များလည်းကုသ​ပေးသည်​။အရမ်း​ကောင်းတဲ့မြန်​မာနိုင်​ငံအစိုးရ၏အခမဲ့ကုသ​ပေးတဲ့​ဆေးခန်းပါ။အချို့ချို့တဲ့​သောသူများကို​ဆေးအခမဲ့​ပေးသည်​။ သင်​အ​ရေပြားကိုစိတ်​ချစွာလှပ​စေရန်​ရန်​ကုန်​​ဆေးရုံအ​ရေပြားဆရာဝန်​ဖြင့်​တိုင်​ပင်​ကြပါ။လှချင်​​သောသူအ​ပေါင်းအားလှပ​သော​ပျော်​ရွှင်​​သောစိတ်​​အေးချမ်း​စေလို​သော​စေတနာအရင်းခံ၍​လှ​ကေသွယ်​​ရေးဖွဲ့သည်​။ဆေးရုံ​ရှေ့တွင်​YBSကားမျိုးစုံရပ်​သည်​။လှချင်​ပါကအ​ရေပြားဆရာဝန်​ဖြင့်​အခမဲ့တိုင်​ပင်​အကြုံပြုချက်​ရယူပါ။လှပ​ပျော်​ရွှင်​​သောကမ္ဘာကိုလှ​ကေသွယ်​တို့အတူတူသွားစို့ဟုဆန္ဒပြုလျက်​ လှ​ကေသွယ်​(အလှပြုပြင်​​ရေး) Every moment have permanent happy and peace. HLA KAY THWE(BEAUTY SCHOOL) 5-6-2020 FRIDAY 12:15PM PHONE -09978836585,09964688474 215,1FL, KYAIKKASAN RD, TAMWE, YANGON ,MYANMAR.

ချစ်​ခြင်းသီ​သောစကားများ​ပြောနိုင်​ကြပါ​စေ။ လှ​ကေသွယ်​(အလှပြုပြင်​​ရေး) စကားတစ်​ခွန်းသည်​မျက်​နှာကိုရုပ်​ဆိုး​စေသည်​။အသက်​ကြီး​သောအ​ရေးအ​ကြောင်း​ပျောက်​ရန်​​ရေခဲအုံခြင်းသံပုရာပွတ်​ခြင်း​ကြောင့်​မျက်​နှာကိုပျက်​ဆီး​စေသည်​။သံပုရာသီးပွတ်​ပြီ​ရေမ​ဆေးပဲမျက်​နှာတွင်​ထားခြင်းပုပ်​ပြီးယင်​​ကောင်​နား​နေ​သောသံပုရာသီးကိုပွတ်​ခြင်းသည်​နူညံ့​သောမျက်​နှာကိုကြမ်းတမ်း​စေသည်​။အဖုအပိန့်​များထွက်​​စေသည်​။မျက်​နှာကိုလှပ​စေရန်​လုပ်​မိလုပ်​ရာလှ​စေရန်​လုပ်​ရာ၌သတိပြုသင့်​သည်​။ရေခဲကိုမျက်​နှာတွင်​ကပ်​ရာ၌၁၀မိနစ်​ဆိုရင်​​ကောင်းသည်​။ထိုမိနစ်​ထက်​​ကျော်​ပြီလှရန်​မနက်​ည​ရေခဲပွတ်​ခြင်းသည်​တန်​​ဆေးလွန်​​ဘေး​ပေါ့။မျက်​နှာကိုပျက်​ဆီး​စေသည်​။အ​ရေပြားပို၍​ပျော့ပြီ​ရောဂါပိုးဝင်​လွယ်​သည်​။သံပုရာသီးပွတ်​ခြငိးသည်​​ကောင်းသည်​။နာရီဝက်​ထားပြီး​နောက်​မျက်​နှာကို​ဆေး​ကြောသင့်​သည်​။ပုပ်​​သောယင်​​ကောင်​နား​သောသံပုရာသီးကိုမသုံသင့်​​ချေ။မိန်းက​လေးအများစုသည်​ရုပ်​ကိုလှသည်​ထက်​ပိုလှချင်​သည်​။လှချင်​သည်​မှာမိန်​က​လေးသဘာဝပါ။မျက်​နှာ​ပေါင်းတင်​ရာ၌သတိထားပြီပြုလုပ်​ပါကအလှတိုး​စေသည်​။မိန်းက​လေးအများစုသည်​မိမိ၏ခင်​ပွန်း၏ချီမွမ်းသံကြားချငိကြသည်​။ခင်​ပွန်း၏ကဲ့ရဲသံစကားတစ်​ခွန်း​ကြောင့်​အသိမကြွယ်​ဝ​သောဇနီးသည်​အဖို့မျက်​နှာအတွက်​ဗျာများကြသည်​။ပျော်​ရွှင်​​သောဇနီး​မောင်​နှံများဖြစ်​ကြ​စေရန်​အမြဲ​ပျော်​ရွှင်​​သောစကားများ​ပြော​စေလို​သောရည်​ရွယ်​ချက်​ဖြင့်​လှ​ကေသွယ်​ချစ်​ခြင်းဖြင့်​သီကုံသည်​။ လှ​ကေသွယ်​(အလှပြုပြင်​​ရေး) Every moment have permanent happy and peace. HLA KAY THWE(BEAUTY SCHOOL) 5-6-2020 FRIDAY 10:49AM PHONE -09978836585,09964688474 215,1FL, KYAIKKASAN RD, TAMWE, YANGON ,MYANMAR.

အ​လေ့အကျင့်​တစ်​ခု​နေစဉ်​ပြု။ လှ​ကေသွယ်​(အလှပြုပြင်​​ရေး) ငယ်​စဉ်​က​လေးတစ်​နှစ်​သားကိုမနက်​အိပ်​ရာထတိုင်းအိမ်​သာတက်​​သောဓ​လေ့ပြုစုပျိုး​ထောင်​​ပေးပါ။သို့မှသာမနက်​ခင်းအပြင်​သွားပါက က​လေးသည်​အိမ်​သာတတ်​ထား​သော​ကြောင့်​အ​ပေါ့အ​လေးမသွား​တော့​ချေ။လူလယ်​​ခေါင်​တွင်​အရှက်​မကွဲ​ချေ။ထို​ကြောင့်​​မနက်​ခင်းအ​ပေါ့အ​လေးသွားတတ်​​အောင်​ငယ်​ရွယ်​စဉ်​က​လေးဘဝကအစပြု၍အ​လေ့အကျင့်​လုပ်​ပါ။အိပ်​ရာထစတွင်​​ထွေးခံတွင်​ထိုင်​ခိုင်းပါ။ဆီးသွားရန်​​လေချွန်​ခြင်း၊​ရေဖွင့်​အသံ​ပေးခြင်းပြုလုပ်​ပါ။အီးပါရန်​အီးညှစ်​​သောအမူအရာပြု၍က​လေးနားလည်​ပြီအီးပါတတ်​​စေရန်​သင်​ကြား​ပေးပါ။လှ​ကေသွယ်​​နေစဉ်​မနက်​တိုင်းအိမ်​သာတတ်​​သောအ​လေ့အထကိုပြုစုပျိုး​ထောင်​ရင်​တစ်​​နေ့တာ၏သာယာလှပမူကိုအစဉ်​ကြည့်​ရူနိုင်​ကြပါ​စေ။ လှ​ကေသွယ်​(အလှပြုပြင်​​ရေး) Every moment have permanent happy and peace. HLA KAY THWE(BEAUTY SCHOOL) 5-6-2020 FRIDAY 10:03AM PHONE -09978836585,09964688474 215,1FL, KYAIKKASAN RD, TAMWE, YANGON ,MYANMAR.

လှ​ကေသွယ်​၏ဆံပင်​​ဆေးဆိုးနည်း။ အပိုင်း(၂) လှ​ကေသွယ်​(အလှပြုပြင်​​ရေး) အပြာ​ရောင်​+လိ​မ္မော်​​ရောင်​=အပြာညို​ရောင်​ ဆံပင်​တွင်​အပြာညို​ရောင်​ဖြစ်​ချင်​ပါကအပြာ​ရောင်​နှင့်​လိ​မ္မော်​​ရောင်​ကိုဆတူစပ်​ဆိုးပါ။ ဆံပင်​ပြာညို​ရောင်​ကိုဆံပင်​အပြာ​ရောင်​ဖြစ်​ချင်​ပါကလိ​မ္မော်​​ရောင်​ဆိုးပါ။ ဆံပင်​ပြာညို​ရောင်​ကိုဆံပင်​လိ​မ္မော်​​ရောင်​ဖြစ်​လိုပါကအပြာ​ရောင်​ဆိုးပါ။ အနီ​ရောင်​+အစိမ်း​ရောင်​=အနီညို​ရောင်​ ဆံပင်​နီညို​ရောင်​ဖြစ်​ချင်​ပါကအနီ​ရောင်​နှင့်​အစိမ်း​ရောင်​ကိုဆတူဆိုးပါ။ ဆံပင်​နီညို​ရောင်​ကိုဆံပင်​အနီ​ရောင်​ဖြစ်​ချင်​ပါကအစိမ်း​ရောင်​ဆိုးပါ။ ဆံပင်​နီညို​ရောင်​ကိုဆံပင်​အစိမ်း​ရောင်​ဖြစ်​ချင်​ပါကအနီ​ရောင်​ဆိုးပါ။ အဝါ​ရောင်​+ခရမ်း​ရောင်​=အဝါညို​ရောင်​ ဆံပင်​ဝါညို​ရောင်​ဖြစ်​ချင်​ပါကအဝါ​ရောင်​နှင့်​ခရမ်း​ရောင်​ဆတူဆိုးပါ။ ဆံပင်​ဝါညို​ရောင်​ကိုဆံပင်​အဝါ​ရောင်​ဖြစ်​ချင်​ပါကခရမ်း​ရောင်​ဆိုးပါ။ ဆံပင်​ဝါညို​ရောင်​ကိုဆံပင်​ခရမ်း​ရောင်​ဖြစ်​လိုပါကအဝါ​ရောင်​ဆိုးပါ။လှ​ကေသွယ်​၏ချစ်​ခြင်းဖွဲ့နှလုံးသားဖြင့်​​ရေးသားသည်​။ အပိုင်း(၃)​မျှော်​ လှ​ကေသွယ်​(အလှပြုပြင်​​ရေး) Every moment have permanent happy and peace. HLA KAY THWE(BEAUTY SCHOOL) 3-6-2020 WEDNESDAY 10:53PM PHONE -09978836585,09964688474 215,1FL, KYAIKKASAN RD, TAMWE, YANGON ,MYANMAR.